တစ်ခါတစ်ရံမှာ...
ဖြစ်တည်မှုမရှိတဲ့ အဆုံးကို...
ရည်ညွှန်းရာမဲ့ ခြေအစုံနဲ့...
ငါလျှောက်လှမ်းနေမိတယ်...
တစ်ခါတစ်ရံမှာ...
ခြစားနေတဲ့ အသည်းနှလုံးကို...
ပိုက်ထွေးရင်း ငါငေးနေခဲ့မိတယ်...
တစ်ခါတစ်ရံမှာ...
မဆုံနိုင်တဲ့ မျဉ်းနှစ်ကြောင်းကို...
အတင်းပေါင်းဘို့ ငါကြိုးစားခဲ့ဘူးတယ်...
တစ်ခါတစ်ရံမှာ...
လမ်းဘေးကပလက်ဖောင်းမှာ...
ခပ်ဟောင်းဟောင်းဂစ်တာတလုံးနဲ့...
ငါ့ခံစားချက်တွေ ကျရှုံးခဲ့ဘူးတယ်...
တစ်ခါတစ်ရံမှာ...
ငါ့ရင်ထဲက ချစ်တတ်တဲ့...
နှလုံးသားတစ်စုံကို...
ခွဲထုတ်လို့ လွှင့်ပစ်လိုက်ချင်တယ်...
ချစ်သူရယ်...
ကျတော့်အကြောင်း
ကဗျာကို ရူးသွပ်တဲ့လူတစ်ယောက်
လေးစားရသော အမအိန္ဒြာ၏ လက်ဆောင်စကား
မင်း.. အတွေးမှန်သမျှ လွှတ်ချလိုက်၊
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
Followers
My Blog List
-
-
ဒီဇင်ဘာ မိုး3 months ago
-
-
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြာ6း years ago
-
-
အလှနတ်သမီးလေး မလိခ...6 years ago
-
စိတ်ရှုပ်တဲ့အခါ6 years ago
-
အတွေးရုပ်ကြွင်းများ8 years ago
-
အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က8 years ago
-
-
အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ9 years ago
-
What is Media?10 years ago
-
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့10 years ago
-
" ယုံ ....... "10 years ago
-
ကန္တာရ ပန်းပွင့်10 years ago
-
မင်္ဂလာပါရှင် ☆彡10 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
Teachers11 years ago
-
“ ဖြတ်မျဉ်းများ “11 years ago
-
တဖြည်းဖြည်းနဲ့ဝေး11 years ago
-
-
-
အနွေးထည်12 years ago
-
လျှို့ဝှက်ပန်း12 years ago
-
ရွာပြင်ထုတ်ခံရသူများ13 years ago
-
လွမ်းလို့13 years ago
-
ချစ်သူသို့14 years ago
-
လွတ်မြောက်ခြင်း14 years ago
-
အတွေ့အကြုံတခုအကြောင်း14 years ago
-
ခရမ်းရင့်ပြာ15 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
ဘယ်နိုင်ငံတွေကပါလိမ့်..!!
Friday, May 30, 2008
တစ်ခါတစ်ရံမှာ
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
မြန်မာပြက္ခဒိန်
Error loading feed.
ဒီမှာရှိတယ်
အမှတ်တရ မှတ်တမ်း
Labels
သူတို့က ဒီလိုပြောသွားတယ်
- hi - 3/26/2019 - kaung kin
- အဖေ ဆိုတာ ကျွန်တော် အရမ်းကြီး နားမလည်တဲ့ နယ်ပယ်တစ်... - 9/7/2013 - သိ င်္ဂါ ရ
- စာတွေပြန်ဖတ်ချင်တာဖတ်မရတော့ဘူး - 5/14/2023 - Anonymous
- ဟုတ်တယ်ကျနော်လဲ 2009ကဖတ်လာတာပြန်ဖတ်မရတော့ဘူး - 5/14/2023 - Anonymous
- စာမှန်အောင်ဘက်လိုဖတ်ရမလဲ - 5/14/2023 - Anonymous
4 comments:
ကိုမိုးမြင့်တိမ်ရေ... အစကနေအဆုံး ခံစားချက်ကို ပြည့်ပြည့်၀၀ ဖော်ပြနိုင်တဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ။ စာသားတွေအားလုံး သဘောကျလို့ တစ်ခုချင်းတော့ မပြောတော့ဘူးနော်။ နောင်လည်း ကဗျာကောင်းတွေ ရေးနိုင်ပါစေ အစ်ကို။
တစ်ခါတစ်ရံမှာ...
ခြစားနေတဲ့ အသည်းနှလုံးကို...
ပိုက်ထွေးရင်း ငါငေးနေခဲ့မိတယ်...
သူပြန်လာလေမလားရယ်ပေါ့............
တခါတရံမှာ . . .
. . . . .
တစ်ခုခု ရေးခဲ့ချင်ရက်နဲ့ ဘာရေးရမှန်းမသိ ဖြစ်တတ်တယ်။
ကိုယ့်နှလုံးသားကိုယ် လွှင့်ပစ်ချင်လောက်အောင်တော့ ကိုယ့်ကိုကိုယ် အပြစ်မတင်ကောင်းပါဘူး။
တစ်ခါတစ်ရံမှာ...
ဖြစ်တည်မှုမရှိတဲ့ အဆုံးကို...
ရည်ညွှန်းရာမဲ့ ခြေအစုံနဲ့...
ငါလျှောက်လှမ်းနေမိတယ်...
တစ်ခါတစ်ရံမှာ...
ခြစားနေတဲ့ အသည်းနှလုံးကို...
ပိုက်ထွေးရင်း ငါငေးနေခဲ့မိတယ်...
တစ်ခါတစ်ရံမှာ...
မဆုံနိုင်တဲ့ မျဉ်းနှစ်ကြောင်းကို...
အတင်းပေါင်းဘို့ ငါကြိုးစားခဲ့ဘူးတယ်...
ကိုမိုးမြင့်တိမ်ရေ... အစကနေအဆုံး ခံစားချက်ကို ပြည့်ပြည့်၀၀ ဖော်ပြနိုင်တဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ။
ကဗျာတွေကိုမျှော်နေတယ်နော်
Post a Comment