Monday, July 21, 2008

ဆုံးဖြတ်ချက်





ကာရန်မဲ့စကားလုံး တစ်ဝက်တစ်ပျက်...
ငါ့ရင်ကအန်ထွက် ရင်ထဲမှာနင့်ကနဲစူး...
ငါ...သေလောက်အောင်ရူးခဲ့တယ်...

အတိတ်ရဲ့မြက်ခင်းပြင်စိမ်းစိုစို...
တို့နှစ်ယောက်အတူ ခိုဝင်တုန်းက...
မင်းလက်တွေအေးစက်နေတာ...
ငါ...အခုမှသဘောပေါက်တယ်...
မင်းနှလုံးသားက...
အဲဒီကတည်းက အေးစက်နေခဲ့တာဘဲ...

ချစ်ခြင်းရဲ့ ကာရန်အဆုံး...
မင်းနှလုံးသား ငါ့ကိုမုန်းခဲ့ပေမယ့်...
ငါ့ရင်က အပြုံးမပျက်...
နောက်ဆုံးရဲ့ ထွက်သက်အထိ...
မင်းကိုတမ်းတ ငါ့နှလုံးသားကလေ...
နွမ်းလျစွာ ချစ်သွားမယ်...

3 comments:

ရွှေပြည်သူ (ShwePyiThu) said...

“နွမ်းလျစွာ ချစ်သွားမယ်” တဲ့လား အစ်ကိုရေ။ အစအဆုံး တစ်ပုဒ်လုံး မိုက်တယ်။ ပျော်ရွှင်နိုင်ပါစေ အစ်ကို...

Unknown said...

ae lout ayayy atharr tway ma kg nae. lay...de mgar myat yay tway khann top mal :(

Dream said...

တော်တော်လည်းအချစ်ကြီးတာပဲနော်...

နွမ်းနွမ်းလျလျတော့မချစ်ပါနဲ့.. အချစ်ဆိုတာ
လတ်ဆတ်မှကောင်းတာ..လန်းလန်းလေးပေါ့...


စတာပါ.. ကဗျာတွေအားလုံးကိုတော်တော်ကြိုက်တယ်...

Template by - Abdul Munir