Sunday, February 1, 2009

နှလုံး အပျက်နှင့်လူ

ငိုကြွေးထားရလွန်းသဖြင့် မျက်ရည်တို့လည်း ခန်းခြောက်လုပြီ။
ဖျော့တော့ ရီဝေနေသော မျက်ဝန်းတစ်စုံနှင့် မမှိတ်မသုန် စိုက်ကြည့်နေမိသောနေရာမှာ
တော့ လေးထောင့်စပ်စပ်စားပွဲပုလေးတစ်လုံး။
သက်မဲ့နေသော ပန်းနုရောင် ဖိတ်စာလေးကတော့ ထိုစားပွဲလေးပေါ်မှာ ငြိမ်သက်စွာ လဲ
လျောင်းလျက်။
ထိုအပေါ်မှာတော့ တသက်တာမမေ့နိုင်အောင် စွဲလမ်းခဲ့ရဘူးသော ၀ိုင်းစက်စက်လက်ရေး
လေးတစ်ခု။
လက်ရေးဝိုင်းဝိုင်းလေးများက အမည်နာမတစ်ခုကို လှပသေသပ်စွာ ရေးထိုးထား၏ ။

" ကိုမိုးတိမ် အတွက် "

ဘယ်အရာကိုမှ မြဲမြံစွာ ကိုင်ဆောင်နိုင်စွမ်းမရှိတော့လောက်အောင်တုန်ရီနေသော လက်
အစုံက မခိုင်းစေရဘဲပါ စာအိတ်ပေါ်အလိုလို ရောက်သွားမိသည်။

" ငါ ဒီဖိတ်စာကို ဖတ်လို့ကော ဒီ့ထက်ပို ခံစားရတာဘဲ ရှိမှာပေါ့ "

စိတ်ထဲက တွေးလိုက်မိပြီး ဖိတ်စာကို မဖတ်တော့ဘဲ အသာပြန်ချထားလိုက်သည်။
ပင်ပန်းနွမ်းနယ်နေသော စိတ်အစဉ်ကို အနားပေးရန် ကုတင်ပေါ် အသာလှဲချလိုက်မိ
သည်။
မို့အစ်နေသော မျက်ဝန်းအစုံက အိပ်စက်အနားယူသင့်ပြီဟု အချက်ပေးနေသည်။
ရင်ခွင်မှာတော့ ခြစားနေသော နှလုံးသားတစ်စုံ ဖြည်းဖြည်းခြင်း ပဲ့အကြွေမှာ တစစ်စစ်နာ
ကျင်လျက်။

စိတ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်က မနက်က ဖိတ်စာလာပေးရင်းပြောသွားသော
ကေခိုင်၏ စကားများ။

" ငါ..စိတ်မကောင်းဘူး မိုးတိမ်။ သူ့စိတ်ကို ငါအသိဆုံး။ သူနင့်အပေါ်မှာ ဘယ်လောက်
ချစ်တယ်ဆိုတာ ငါသိတယ်။ "

" အခုလက်ထပ်ရတာလည်း သူ့အမေရဲ့ နောက်ဆုံးအချိန်မှာ သူ့အမေဖြစ်စေချင်တဲ့ ဆန္ဒ
ကို သူ့နှလုံးသားနဲ့ ရင်းပြီးဖြည့်ဆည်းပေးလိုက်တာပါဟာ "

" ဒါကြောင့်မို့ နင်ခိုးပြေးဘို့ ပြောတာ သူလက်မခံတာပေါ့ "

ကေခိုင့်ပြောစကားများက သူ့ရင်ထဲသို့ မြှားအစင်းစင်းနှင့် ပစ်စိုက်နေသည့်နှယ် နာကျင်ခံ
ရခက်လွန်းလှသည်။
ဖိတ်စာကို တွေတွေချည်းစိုက်ကြည့်ရင်း ငြိမ်သက်နေသော ကျွန်တော့်အား စိတ်မကောင်း
သော မျက်နှာနှင့် ကြည့်ကာ ကေခိုင်ဆက်ပြောသည်။

" ငါက နှစ်ဘက်လုံးရဲ့ အခြေအနေတွေ သိနေတဲ့လူဆိုတော့ နင့်ကိုလည်း သနားတယ်သူ့
ကိုလည်း စာနာမိတယ် မိုးတိမ် "

" နင်သူ့ကို နားလည်ပေးလိုက်ပါဟာ "

နားလည်ပေးလိုက်ပါတဲ့လားကေခိုင်ရယ်။
ငါ..သူ့ကို အဆုံးစွန်ဆုံး အထိကို နားလည်ပေးပြီးသားပါ။
အရင်ကလည်း နားလည်ပေးခဲ့တယ်။အခုလည်း နားလည်ပေးနေတယ်။နောင်လည်း နား
လည်ပေးသွားမှာပါ။

" ဒါပေမယ့် ငါသေချာပြောရဲတာက သူ နင့်ကို သိပ်ချစ်တယ်ဆိုတာပါဘဲ "

" သိပ်ချစ်တယ်ဆိုတာပါဘဲ " " သိပ်ချစ်တယ်ဆိုတာ..." " သိပ်ချစ်တယ် ဆို......... "
" သိပ်ချစ်............... "

နားထဲတွင်တော့ ကေခိုင်ပြောခဲ့သော စကားတစ်ခွန်းက ပဲ့တင်ထပ်လျက်။

ပူနွေးသော အထိအတွေ့က ပါးပြင်ပေါ်မှ တလိမ့်လိမ့်ဖြတ်သန်းစီးဆင်းသွားပြန်သည်။
မှိတ်ထားသော မျက်ဝန်းအစုံအတွင်းမှာတော့ ချစ်သူနှစ်ဦး ပျော်ရွှင်မြူးထူးနေကြသောအ
တိတ်ပုံရိပ်တို့က ထင်ရှားစွာ။

" သြော်....တွယ်တာရယ် ငါ့ရင်တွေ တစ်စစီပဲ့ကြွေကုန်ပါပြီကွာ "

" ဒီမင်္ဂလာပွဲကို သူ နင့်ကို သိပ်လာစေချင်တယ် မိုးတိမ်။ နင့်ကို နောက်ဆုံးအနေနဲ့ သူတွေ့
ချင် မြင်ချင်တယ်တဲ့လေ "

ကေခိုင်ပြန်ကာနီး နောက်ဆုံးပြောသွားသော စကားအရ ချစ်သူ၏ ဆန္ဒကို သူသိခွင့်ရခဲ့
သည်။

" ငါဘာလုပ်ရမလဲ။ ငါ့ချစ်သူရဲ့ နောက်ဆုံးတောင်းတမှုကို ငါလိုက်လျောရမလား "

" မိုးတိမ် မင်းချစ်သူ သူတစ်ပါးရင်ခွင်ထဲ ရောက်သွားအောင် ကင်ပွန်းတပ်တဲ့ အဲဒီ့လက်
ထပ်ပွဲကိုသွားဖို့ မင်းမှာ ခွန်အားရှိရဲ့လား "

စိတ်ထဲတွင် အကြိမ်ကြိမ်ပြန်မေးနေမိသည်။

" အို.....ဘာဘဲဖြစ်ဖြစ် ဒီမင်္ဂလာပွဲကို သွားလို့ ငါ့ရင်တွေကွဲအက် ရင်ကွဲနာကျလို့ ငါ့အ
သက်အဲဒီနေရာမှာတင် ကြွေပါစေ ငါ့ချစ်သူရဲ့ နောက်ဆုံးတောင်းဆိုမှုကို ငါ့ရင်အကွဲခံပြီး
ဖြည့်ဆည်းပေးမယ် "

ပိုင်နိုင်သော ဆုံးဖြတ်ချက် တစ်ခုကို ချအပြီး စားပွဲပေါ်မှဖိတ်စာကို ကောက်ယူဖတ်လိုက်
သည်။
ပန်းနုရောင်အိတ်လေးထဲမှ အကောင်းစား ရေမွေးဖိတ်စာလေး၏ မွေးရနံ့က အနံ့အာရုံ
သို့ တိုးဝင် ကျီဆယ်နေသလို။
ဇာမဏီငှက်နှစ်ကောင် တွဲခိုပျံသန်းနေသော ဖိတ်စာမျက်နှာစာမှာတော့ ရွှေရောင်ဖောင်း
ကြွစာလုံးများက ထင်ရှားလှပလျက်။

" ဒေါက်တာ မျိုးနောင် နှင့် မတွယ်တာမြင့်မြတ် တို့၏ မင်္ဂလာ ဧည့်ခံပွဲ "

ရင်ထဲတွင် ဆစ်ခနဲ နာကြင်သွားမိသည်။

" အို...ဒီလောက်တော့ ခံနိုင်ရည်ရှိရမယ်လေ "

ကိုယ့်ကိုယ်ကိုယ် အားပြန်ပေးရင်း မင်္ဂလာ အချိန်နှင့် နေရာကို တစ်ချက်ကြည့်လိုက်မိ
သည်။
ညနေ ၄:၃၀။ ဆီဒိုးနား ဟိုတယ် ။

" မိုးတိမ် မင်းခံနိုင်ရည် ရှိရမယ် "


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



တဖိတ်ဖိတ်လက်နေတဲ့ အဖိုးတန်ကားမျိုးစုံ။
ပကာသနအရေခြုံလို့ ပြုံးပျော်နေကြတဲ့ တောက်ပခြင်းတွေ။
အထက်တန်းကျကျ ၀တ်ဆားဆင်ယင်မှုတွေ ဆုံဆည်းကြရာ။
ခမ်းနားလွန်းစွာ ပြင်ဆင်ထားတဲ့ မင်္ဂလာဧည့်ခံပွဲ။
ဒီအရာတွေ အားလုံးကြားမှာ ကိုယ့်ရင်ကို ချနင်းပစ်ရတော့မှာပါလား။
အ၀င်ဝမှာတော့ မင်္ဂလာပွဲလာပရိတ်သတ်ကို ကြိုဆိုနေကြတဲ့ တွယ်တာ့အချစ်ဆုံးသူငယ်
ချင်းကေခိုင်၊ ပြီးတော့ တွယ်တာ့ဖေဖေ ဦးအောင်မြင့်ထွန်း ။
အံသြမှုပေါင်း မြောက်များစွာနဲ့ စိုက်ကြည့်နေတဲ့ တွယ်တာ့ဖေဖေရဲ့ မျက်နှာ။
ကျွန်တော်နဲ့ တွယ်တာတို့အကြားက မေတ္တာနဲ့ သံယောဇဉ်ကို သိရှိနေခဲ့သော သူ့မျက်ဝန်း
အစုံထဲ ယောကျာ်းခြင်းစာနာသော ဂရုဏာအပြည့်။

" မောင်မိုးတိမ် မင်းလာတယ်နော်။ သမီးလေးသိရင် သိပ်ဝမ်းမှာဘဲ "

" မင်းတို့နှစ်ယောက်အတွက် ဦးစိတ်မကောင်းပါဘူးကွာ။ ခက်တာက သူ့အမေ။ သူ့ရောဂါ
အကြောင်းကို မင်းလည်းသိပါတယ်ကွာ။"

" ဟုတ်ကဲ့ "

" ကျွန်တော် အထဲဝင်တော့မယ်ဦး "

ဦးအောင်မြင့်ထွန်းဆက်ပြောမည့် စကားများကို မကြားလိုတော့သဖြင့် စကားစဖြတ်ကာ
ခန်းမထဲ ၀င်လိုက်မိသည်။
ရိုင်းသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ ဦးရယ်။ ကျွန်တော့်ရင်တွေ နာကျင်လွန်းလို့ပါ။

" မိုးတိမ် လာ။ နင်ထိုင်ဘို့ နေရာ သီးသန့်ဖယ်ထားတယ်။ "

ကျွန်တော်ထိုင်ဘို့ သီးသန့်တဲ့လား ။ ဒါဆို ကျွန်တော်လာမယ်ဆိုတာ သူသိနေတာပေါ့။

" ကေခိုင် ငါလာမယ်ဆိုတာ တွယ်တာသိနေတယ် ဟုတ်လား "

" သူကတော့ သူ့တောင်းဆိုချက်ကို နင်ငြင်းမှာ မဟုတ်ဘူးတဲ့။ ဘာလို့လဲဆိုတော့ နင့်ကို
သူသိပ်ချစ်သလို သူ့ကိုလည်း နင်သိပ်ချစ်တယ် ဆိုတာ သူသိတယ်တဲ့။ "

" သြော်...တွယ်တာရယ် "

ကျွန်တော့်အတွက် ချန်ထားသော နေရာလေးမှာ ၀င်ထိုင်ရင်း ဘေးပတ်ဝန်းကျင်ကို တစ်
ချက်အကဲခတ်လိုက်မိသည်။
ကျွန်တော် ထိုင်နေသော စားပွဲက စင်မြင့်နှင့်ကပ်လျက် သတို့သမီး ထိုင်မည့်ဘက်မှ ထိပ်
ဆုံးစားပွဲ။
ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ရှေ့နှစ်ဝိုင်းကျော်တွင်တော့ အပြုံးများဝေနေသော မျက်
နှာနှင့် တွယ်တာ့မေမေ ဒေါ်စံပယ်မြင့်မြတ်။
သူကတော့ ကျွန်တော့်ကို မြင်ဟန်မတူ။
မြင်ခဲ့လျှင်လည်း လူပေါင်းမြောက်များစွာ ရှိနေသော ဒီမင်္ဂလာခန်းမထဲမှ ကျွန်တော့်အား
ဆွဲထုတ်ခိုင်းလောက်ရဲလိမ့်မည်ဟု မထင်မိ။

" အခါ....တော်.....ပေး....တာက..နတ်..ရေး..ငယ်...ရွှေစာ......................... "

တွေးတောနေစဉ်မှာပင် အခါတော်ပေးသီချင်းက ထွက်ပေါ်လာ၏ ။
သူ...သူ လာတော့မှာပါလား ။
တီးလုံသံနှင့် မရှေးမနှောင်းမှာပင် ဂါဝန်အဖြူရောင် ၀မ်းဆက်နှင့် နတ်သမီးတမျှလှပနေ
သောတွယ်တာနှင့်ဒေါက်တာမျိုးမြင့်တို့ ယှဉ်တွဲကာလျှောက်လှမ်းလာသည်ကို လှမ်းမြင်
လိုက်ရသည်။
ဟိုစဉ်က အမြဲလိုလိုလန်းဆန်းတက်ကြွနေတတ်သော၊ ပြုံးနေတတ်သော ပြုံးအလှပိုင်ရှင်
လေးအခုတော့ ငြိုးရော်နေပါလား။
ဟန်လုပ်ကာ ပြုံးထားသော အပြုံးနောက်ကွယ်မှ တွဲပါနေသော ကြေကွဲမှုကို ကျွန်တော်
နားလည်ခံစားမိသည်။
ဘယ်လိုဘဲဖြစ်ဖြစ် မင်းကို နောက်ဆုံးတွေ့မြင်ခွင့်ရတဲ့ ဒီနေ့လေးမှာ မင်းအစွမ်းကုန်လှနေ
ပါတယ် တွယ်တာ။
တဖြည်းဖြည်းစင်မြင့်နားနီးကပ်လာချိန်မှာတော့ ကျွန်တော် ရှိရာ စားပွဲဆီသို့ မျှော်လင့်တ
ကြီးလှမ်းကြည့် လိုက်သော သူ့မျက်ဝန်းများနှင့် သူ့ကို ငေးစိုက်ကြည့်နေသောကျွန်တော့်
မျက်ဝန်းများ စုံစည်းသွားကြသည်။
သူ့မျက်လုံးများ အရောင်တဖျတ်ဖျတ်လက်သွားသည်။
ကျွန်တော့်ကို သူမြင်သွားပြီလေ။
ကြည်နူးဝမ်းသာမှုကြောင့် တောက်ပတဲ့ အပြုံးတစ်ခု သူ့မျက်နှာပေါ် ဖျတ်ခနဲ ပေါ်လာတာ
ကို ကျွန်တော်တွေ့လိုက်ရသည်။

" သြော်..တွယ်တာရယ် "

ဒီအပြုံးလေးဟာ ကျွန်တော့်တသက်တာအတွက် မေ့မရနိုင်တော့တဲ့ အပြုံးလေးပါဘဲ။
စင်မြင့်ပေါ်မှာ နေရာယူထိုင်ပြီးတာနဲ့ သူကျွန်တော့်ဘက်ကို လှမ်းပြီးစိုက်ကြည့်နေတယ်
လေ။
သူ့မျက်ဝန်းမှာ မျက်ရည်တွေဝဲနေပါလား။
မင်္ဂလာ သြဘာဖတ်ကြားပြီးတဲ့နောက်မှာတော့ အကျွေးအမွေးအစီအစဉ်စတင်ပြီပေါ့။
ဒီအချိန်မှာဘဲ ကေခိုင် ကျွန်တော့်အနားကို ရောက်လာခဲ့တယ်။

" မိုးတိမ် ဒါနင့်အတွက် "

သူပေးလာတဲ့ အရာကို လှမ်းကြည့်ရင်း ကျွန်တော် အရမ်းအံ့သြသွားခဲ့တယ်။
ဒါ...ဒါ ငါသောက်နေကျခွက်လေးပါလား ။
သူနဲ့ ကျွန်တော် ချစ်သူဘ၀မှာ သူအမြဲတမ်းဆောင်လာခဲ့ပြီး တိုက်နေကျ ကော်ဖီခွက်
လေးလေ။

" ရော့ ဒါနင့်အတွက် စာ "

" သူနင်လာခဲ့ရင် သောက်ဖို့ဆိုပြီး သူကိုယ်တိုင် မင်္ဂလာဝတ်စုံ မလဲခင် ဖျော်ပြီး ငါ့ကိုပေး
ခဲ့တာ "

ကေခိုင်လှမ်းပေးတဲ့ ကော်ဖီခွက်လေးနဲ့ စာလေးကို ကျွန်တော်လှမ်းယူလိုက်တယ်။
အချိန်အနည်းငယ် ကြာသွားပြီဖြစ်တဲ့ ကော်ဖီလေးကတော့ ကျွန်တော့်လက်ထဲ နွေးနေဆဲ
ပါဘဲ။
တုန်ရီနေတဲ့ လက်အစုံနဲ့ စာကို ဖွင့်ဖတ်လိုက်မိတယ်။

" ကို့ အတွက် တွယ်တာကိုယ်တိုင် နောက်ဆုံးအနေနဲ့ ဖျော်ပေးလိုက်တယ် ကို "

စာကိုဖတ်ပြီး ကျွန်တော့်ခေါင်းထဲ မိုက်ခနဲ တစ်ချက်ဖြစ်သွားတယ်။
တင်းထားတဲ့ ရင်အစုံ ပွင့်ထွက်လို့ ကြွေကုန်ပြီထင်တယ် တွယ်တာရယ်။
မျက်ဝန်းအိမ်မှာ နှလုံးသားက လျှံထွက်လာတဲ့ နှလုံးသွေးစက်တွေ မျက်ရည်အဖြစ်နဲ့ အ
သွင်ပြောင်းစီးဆင်းလာကြပြန်ပြီလေ။

" မိုးတိမ် သတိထားဦးလေ ခန်းမထဲမှာ "

" တွယ်တာ စိတ်မကောင်းဖြစ်နေလိမ့်မယ် "

ကေခိုင့် သတိပေးစကားကြောင့် ကျွန်တော့်စိတ်ကို ပြန်တင်းရင်း မျက်ရည်စတွေကို အ
မြန်ဆုံး ဖယ်ရှားပစ်လိုက်တယ်။
ကျွန်တော် မျက်ရည်ကျတာကို တွယ်တာ့ကို မမြင်စေချင်ဘူးလေ။

ကော်ဖီခွက်လေးအား တယုတယကိုင်တွယ်ရင်း ကော်ဖီကို ကျွန်တော် သောက်လိုက်မိ
သည်။
ချစ်သူက ကျွန်တော့်အကြိုက်ကို သိပြီးသားလေ။
ကော်ဖီဟာ အပိုအလိုမရှိ ကျွန်တော့်အကြိုက်နဲ့ ကွက်တိပါဘဲ။
ကော်ဖီသောက်ရင်းက သူ့ကို ကျွန်တော် လှမ်းကြည့်မိလိုက်တယ်။
သူကျွန်တော့်ကို တစ်ခုခု မေးချင်တဲ့ ပုံစံမျိုးနဲ့ လှမ်းကြည့်နေတာကို ကျွန်တော် မြင်လိုက်
ရတယ်။
ကျွန်တော် သိလိုက်ပါတယ်။
အရင်ဆို သူကော်ဖီဖျော်ပေးပြီးတိုင်း " ဘယ်လိုနေလဲကို သောက်လို့ကောင်းရဲ့လား "
" တွယ်တာ ဖျော်တာ ကြိုက်ရဲ့လား " လို့မေးနေကြလေ။
အခုလည်း သူကျွန်တော့်ကို မေးချင်နေတယ်။
ကျွန်တော်သူ့ကို ကြည့်ပြီး လက်မထောင်ပြလိုက်တယ်။
သူ့မျက်နှာ ဖျော့ဖျော့လေး ပြုံးသွားတယ်။
ပြီးတော့ သူ့မျက်ဝန်းအိမ်က စီးကျလာတဲ့မျက်ရည်တွေကို လူတွေမမြင်အောင် အသာ
လေးသုတ်လိုက်တာ တွေ့ရတယ်။
ပြီးတော့မှ အငိုစွက်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ပြုံးပြတယ်။
ကျွန်တော် မသိမသာ ခေါင်းညိတ်ပြလိုက်မိတယ်။

မင်္ဂလာပွဲပြီးလို့ ပြန်ကြတဲ့ အချိန်မှာတော့ သူတို့အ၀မှာ ဧည့်သည်တွေကို နှုတ်ဆက်နေကြ
တယ်။
ကျွန်တော်သူ့နားကို ရောက်သွားချိန်မှာ သူကျွန်တော့်ကို ဆွေးဆွေးမြည့်မြည့် ကြည့်နေ
တယ်လေ။
ကျွန်တော်လည်း လက်ဆွဲနှုတ်ဆက်ရင်း နောက်ဆုံးအနေနဲ့ သူ့ကို ခဏ စိုက်ကြည့်နေမိ
တယ်။
သူကော ကျွန်တော့် မျက်ဝန်းမှာပါ မျက်ရည်တွေ ၀ဲလို့ပေါ့။
ဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ဘာစကားမှ မပြောဖြစ်တော့ဘူး ။
ပြောစရာ မလိုအောင်လည်း တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက် မျက်ဝန်းမှာ မြင်
နေရတယ်လေ။

" တွယ်တာရေ မင်းကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပါတယ် "

မင်္ဂလာခန်းမကို ကျောခိုင်းပြီး ခေါင်းငိုက်စိုက်ချကာ ထွက်လာခဲ့တဲ့ ကျွန်တော့်ရင်ထဲမှာ
တော့ နာကျင်လွန်းနေတယ်။
ကျွန်တော့် နှလုံးသားတစ်ခုလုံး ရစရာ မရှိတော့လောက်အောင်ကို ပျက်စီးကြေမွခဲ့ပြီလေ။
မျက်ဝန်းက လျှံကျလာတဲ့ နှလုံးသွေးတွေက ပါးပြင်ကို ဖြတ်ပြီး လမ်းမပေါ် စီးကျလို့ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်


စာကြွင်း ။ ။ ဒီဝထ္တုတိုလေးကို ကျွန်တော် ဘလော့ခ်လောကထဲ စ၀င်ကာစမှာ တစ်ခါတင်
ခဲ့ဘူးပါတယ်။ ဒါပေမယ့် အခု ဒီဝထ္တုတိုလေးကိုဘဲ ပြန်တင်ချင်စိတ်ဖြစ်လာတာနဲ့အရေးအ
သားအနည်းငယ် ပြောင်းရုံမှတပါး ဇာတ်လမ်းကျောရိုးကို မထိခိုက်စေဘဲ စာဖတ်သူမိတ်
ဆွေများအား နောက်တစ်ကြိမ် ပြန်လည်တင်ပြလိုက်ပါတယ်။
ဂျက်ဒ်လန်ဒန်ဟာ အသက်၁၈နှစ်ပတ်ဝန်းကျင်မှာ ပူလစ်ဇာ စာပေဆုကို ရရှိခဲ့ပါတယ်။
ကျွန်တော်ဟာ ဂျက်ဒ်လန်ဒန် မဟုတ်သလို ယခု ကျွန်တော့်အသက်သုံးဆယ်နီးပါးမှာ
တောင်ကဗျာတစ်ပုဒ် ၊ ၀ထ္တုတစ်ပုဒ် ကောင်းကောင်းမရေးနိုင်သေးပါဘူး။ မရေးတတ်
သေးပါဘူး ။အခု ဒီဝထ္တုတိုလေးဟာလည်း စိတ်ကူးယဉ်ဆန်ဆန်ရှုထောင့်လေးကနေ ဖန်
တီးထားတဲ့ဝထ္တုတိုလေးဖြစ်တဲ့အတွက် လစ်ဟာမှုတွေ အများကြီးရှိနေပါတယ်။ စာဖတ်သူ
မိတ်ဆွေများအနေနဲ့ ဖြည့်စွက်နားလည်ဘို့ကို ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာ။

11 comments:

khin oo may said...

အရေးကောင်းလို့ တိမ်တွေတောင်ငိုသွားတယ်။

လင်းဒီပ said...

ငိုထားတဲ့တိမ်တွေက ပြိုသွားခဲ့ပါပြီ...နောက်ဆုံးကော်ဖီကိုသောက်ပြီးတဲ့နောက်မှာ...

GreenGirl said...

မိုးညိုတွေ ငိုသွားတာက ကိုမိုးမြင့်တိမ်ကို သနားလို့တဲံ :P

တို့က စဖတ်လိုက်တာနဲ့ သိပြီးသားနော်း)

အိန္ဒြာ said...

စိတ်အသွားအတိုင်းရေးထားနိုင်တာကိုချီးကျူးလိုက်ပါတယ်။
စိတ်ကူးယဉ်ဆန်ပေမယ့် ယဉ်ထားတဲ့ စိတ်ကူးလေးက
လှနေတယ်..။
အချစ်ဆိုတာမှာပဲ အတွေးအခေါ် ဒသနလေးတွေဖြည့်စွက်ရေးနိုင်ရင် အကောင်းဆုံးဖြစ်သွားမှာပါ မောင်လေး...

မကြီး

အိန္ဒြာ

Anonymous said...

ချစ်သူလေးကို လွမ်းသွားတယ်...
......
..........
ပြီးတော့...
.................
......................

ညီအကိုများ said...

ဘာပဲဖြစ်ဖြစ်ဗျာ ရဲရဲရင့်ရင့်နှင့်ကော်ဖီသောက်သွားနိုင်တာကိုကြိုက်တယ်..
ဖန်တီးမှုကိုလေးစားတယ်ဗျာ..

ခင်မင်လေးစားလျက်
မိုးကြယ်

မိုးမောင်(happycloud) said...

ဟာဗျာ.. ဟေ့လူ.. ခ..ခင်ဗျား..........လှန်ပြလိုက်တာက ကောင်းလှချည်လားဗျ(၀ှက်ဖဲနော်)..ဟမ်။ စိတ်ကူးယဉ်ထားတာ ဆိုပေမယ့် ကျုပ်တော့အချစ်နဲ့ ပက်သက်တဲ့ အတွေ့အကြုံကြီးကြီးမားမားကြီးကို သင်ယူလိုက်ရသလိုပဲ။ ဒီလိုနှလုံးသားမျိုးနဲ့ ချစ်ကြတဲ့ ဇာတ်ကောင်နှစ်ဦးစလုံးကို ကျုပ်တော့လုံးဝ အံ့သြသွားပြီ။ တကယ့်သူရဲကောင်းတွေကို ခင်ဗျားချပြလိုက်တာပဲဗျ။ ခင်ဗျားကို ပက်ပက်စက်စက်ကြီး လေးစားတယ်ဗျာ၊ အိမ်အထိကို လာပြီး လေးစားခွင့်ပြုပါ ကဗျာဆရာ.. ဟဲ..ဟဲ..(ပေါက်တယ်နော်)..အေ့..လေတောင်တက်နေပြီ..

အိုင်လွယ်ပန် said...

ကောင်းတယ်ဗျ ...
ခံစားသွားပါတယ်ဗျာ...

ကိုရင်နော်ခင်လေးငယ် said...

''တွယ်တာ'' နဲ့ ''မိုးတိမ်'' ဆိုဘဲ...
ရင်တွင်းဖြစ်တွေလားဗျာ..

ဒီမှာ သိပ်ခိုင်တာ မဟုတ်ဖူးနော့..
ပြုတ်ကျတော့မှာ.. ဟီးး

ခင်မင်တဲ့...

My Diary said...

တော်တော်ကောင်းတာပဲ
တကယ်ပါ
တိမ်တွေငိုတာ ဒါ့ကြောင့်ကိုးးး
တကယ်ပါ.. အရေးအသားအပြင် ၀တ္တုကလေးကလည်း ကောင်းပါတယ်။

BLACK DREAM said...

ဖြစ်ရပ်မှန်တစ်ခု မဟုတ်ပါစေနဲ့လို့ပဲ ဆ်ုတောင်းပါတယ် အစ်ကို...။ ကျွန်တော်လည်ခံထားတဲ့ အချစ်ပုံစံတစ်မျိုးရှိ တယ်...။ အချစ်ဆိုတာ ရယခြင်းတွေ၊ ပိုင်ဆိုင်ခြင်းတွေ အစရှိတဲ့ ဘယ်လိုအတ္တမျိုးနဲ့မှ မသက်ဆိုင်ပဲ ကိုယ် တန်ဖိုးထား မေတ္တာရှိတဲ့ ချစ်သူအပေါ် သူ့ရဲ့ စိတ်ချမ်းသာ မှုအတွက် ဘယ်လောက်လုပ်ပေးနိုင်တယ်၊ ဘယ်လောက်ပေးဆပ် အနစ်နာခံနိုင်တယ်ဆိုတဲ့ အပေါ်မှာ တိုင်းတာ မူတည်တယ်လို့လေ....။

P.S- ကော်ဖီသည် အချစ်နှင့်တိုက်ရိုက်အချိုးကျသည် ဆိုတဲ့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ကို အစ်ကို့ပို့စ်က သက်သေ ပြသွားတဲ့အတွက် ကျေးဇူး ;)

Template by - Abdul Munir