Sunday, February 15, 2009

ခွင့်ပြုပါ

ကမ္ဘာကဘဲ တည့်မတ်သွာတာလား
ရာသီလှည့်ပတ်တာဘဲ မြန်ဆန်လွန်းတာလား ။

အရပ်ရှစ်မျက်နှာမှာ ဝေဒနာတွေရွာချ
ဂုဏ်ဒြပ်နဲ့ ပကာသန
လောကကို အဆိပ်ခတ်လိုက်ပြီ ။

ရပ်နေရင်းက ပြိုပြိုကျနေခဲ့
မျိုချနေရင်းက ပျို့အန်ထွက်နေခဲ့
လွတ်ကျသွားတဲ့ အရာရာမှာ
ရင်ထဲကျန်တာ အချစ်တစ်ခုထဲ ။

ချစ်သူရေ...

မျှော်လင့်ခြင်းဟာ
အိပ်မက်မှာတောက်ပတဲ့ အလင်းဖြစ်ခဲ့ရင်
ရင်ခွင်တစ်ခုလုံး တဟုန်းဟုန်းတောက်လောင်စေ
ငါလေ...
မနိုးတမ်း အိပ်စက်ချင်လို့ ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

12 comments:

ဆောင်းယွန်းလ said...

ညီလေး..ကဗျာလေးကြိုက်တယ်...
မျှော်လင့်ချက်အလင်းတွေ အိပ်မက်မှာသာမက လက်တွေ့မှာပါ လင်းပနိုင်ပါစေ ညီရေ့

khin oo may said...

ကော်ငးတယ်။ ဒဲါဘဲပြောတတ်တယ်။

Anonymous said...

အရပ်ရှစ်မျက်နှာမှာ ဝေဒနာတွေရွာချ
ဂုဏ်ဒြပ်နဲ့ ပကာသန
လောကကို အဆိပ်ခတ်လိုက်ပြီ ။

ရပ်နေရင်းက ပြိုပြိုကျနေခဲ့
မျိုချနေရင်းက ပျို့အန်ထွက်နေခဲ့
လွတ်ကျသွားတဲ့ အရာရာမှာ
ရင်ထဲကျန်တာ အချစ်တစ်ခုထဲ ။

ငြိပြန်ပြီ.. ကဗျာဆရာ... ကျုပ် Heart ထိတဲ့အခါတိုင်း.. ဒီနေရာကို ရောက်ရောက်လာတတ်တယ်.. လာတိုင်းလဲ ကွက်တိတွေပဲ ငြိနေတယ်။

အိုင်လွယ်ပန် said...

ကိုမိုးမြင့် ကျွန်တော့်ကို
ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းပြန်သတိရမိတယ်ဗျ
အချစ်ကြီးလွန်းရင်မကောင်းဘူးဗျတဲ့ ...
ကဗျာက ကျွန်တော့်ကို အဲသလို
နောက်တခေါက်ထပ်ပြောလိုက်သလိုပဲ .....

Anonymous said...

ကဗျာလာဖတ်ပါတယ်ဗျာ :)
(ပျို့အန်ထွက်လာတဲ့ကဗျာတိုင်းက ကောင်းနေတတ်တယ်)

MANORHARY said...

လာဖတ်သွားးပါတယ်

သက်ပိုင်သူ said...

ကဗျာလေးက.. မနုတနုလေးနဲ့.. ဖတ်လို့အရမ်းကောင်းတယ်ဗျ

ကိုရင်နော်ခင်လေးငယ် said...

ကဗျာလေးက တကယ်ကို ထိတယ်ဗျို့

မျှော်လင့်ခြင်းဟာ
အိပ်မက်မှာတောက်ပတဲ့ အလင်းဖြစ်ခဲ့ရင်
ရင်ခွင်တစ်ခုလုံး တဟုန်းဟုန်းတောက်လောင်စေ
ငါလေ...
မနိုးတမ်း အိပ်စက်ချင်လို့ ။

အဲ့လိုကြီးတော့ လုပ်ပါနဲ့လေ..

မေ့သမီး said...

တခါတလေမှာအိပ်မက်တွေကြောင့် စိတ်ကူးတွေလှ နေတတ်တယ်။ အိပ်မက်တင်မဟုတ်၊ လက်တွေ့မှာပါ မျှော်လင့်ခြင်းတွေတောက်ပနေပါစေ။

Anonymous said...

ဟဲ့ မိုးမောင်တစ်ယောက် ဘာမှမရေးရဲလောက်အောင်
ဘာရေးရေးတွေတိုက်ဆိုင်လှချည်လား...
လွန်လွန်းတယ်..လို့

မျှော်လင့်ခြင်းဟာ
အိပ်မက်မှာတောက်ပတဲ့ အလင်းဖြစ်ခဲ့ရင်

မျှော်လင့်ချက်ဆိုတာကိုက သေချာပါဘူးမောင်လေးရယ်..
အဲဒီ့မသေချာခြင်းတွေကိုတောင်
အိမ်မက်ပဲမက်မှာလား...
စိတ်တွေလျှော့ထားလွန်းတယ်...
မဟုတ်ဘူး...

မျှော်လင့်ချက်ဆိုတာ
အနာဂါတ်မှာတောက်ပတဲ့အလင်းဖြစ်ခဲ့ရင်..
အဲဒီ့အလင်းလက်ဆုံး..နေ့ရောင်ခြည်ထဲမှာ
နှလုံးသားဟာ...
အနုသစ်ဆုံး..လှပနေလိမ့်မယ်..
လောက်တော့..လုပ်လိုက်

Anonymous said...

မျှော်လင့်ခြင်းဟာ
အိပ်မက်မှာတောက်ပတဲ့ အလင်းဖြစ်ခဲ့ရင်
ရင်ခွင်တစ်ခုလုံး တဟုန်းဟုန်းတောက်လောင်စေ
ငါလေ...
မနိုးတမ်း အိပ်စက်ချင်လို့ ။

မြိုက်တယ်...အဲ့ဒီစာသားလေး ထိသွားတယ်

Mhu Darye said...

ရိုးရိုးလေး ရင်ထဲရောက်လာတယ်..။

Template by - Abdul Munir