Saturday, May 16, 2009

အက္ခရာတိုက်ပွဲ

ပြင်မရတာတွေလည်း ဘ၀မှာဖြစ်ခဲ့သလို
အထင်ကရတွေလည်း ညမှာဖြစ်ခဲ့တယ် ။ ။

ကိုယ့်အသွေး ကိုယ်ကျစ်ရင်း
အရိုးဆွေးအောင် တုပ်နှောင်ရင်း
ဘ၀ကိုမျှားဘို့ ဘ၀ကိုငါးစာလုပ်
ဖြားယောင်းခြင်းဘုံထုတ် ပွဲတော်မှာ
လွတ်ကျကွဲကြေသွားတဲ့ တယောသံ
အက်သံတွေပါဝင်နေတာက ကံကြမ္မာလား ။ ။

တစ်ထွာဆိုတဲ့ ၀မ်းကိုကျောင်းဘို့
ကိုယ့်အနားသတ်ဘောင်ကို ကိုယ်ပြန်မျိုနေရတော့
နေ့တဓူဝဆိုတာ စက်ဆုပ်စရာတောင်ကောင်းလာတယ် ။ ။

ကဲ....
မင်းတို့ငါတို့တွေ လူဖြစ်လာကြတည်းက
သုံးဆယ့်သုံးသော ဗျည်းတွေနှိပ်စက်လာလိုက်တာ
ဝိညာဉ်နုတ်ခံလိုက်ရတဲ့ အိပ်ယာထက်မှာတောင်
ဘီလူးငုတ်တုတ်ထိုင်လို့ ။

အဲဒီ့ စစ်တလင်းမှာ
ရာသီနက္ခတ်တွေ လင်းလက်နေဆဲ
တစ်လမ်းမောင်းဝင်ရိုးတွေ တိုးထွက်နေဆဲ
အိမ်လွမ်းတေးကို ရင့်ကျူးနေဆဲ
မိမာတာကို ဦးညွှတ်နေဆဲ
သင်းကွဲကဗျာကို ရွတ်သီနေဆဲ
ကလောင်တစ်ချောင်းနဲ့ အက္ခရာတိုက်တဲ့ပွဲမှာ
ငါ့ခံတပ်မြို့ရိုး သစ်ကနက်သားနဲ့ရေးထိုးတယ်...

တစ်ခါတစ်ခါ စိတ္တဇနာမ်တွေဝါးမျိုတာ
ရင်လှိုက်နင့်အောင် နာတယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.gamesetwatch.com မှ ကူးယူဖော်ပြပါသည်။

7 comments:

minn thuka said...

“ပြင်မရတာတွေလည်း ဘ၀မှာဖြစ်ခဲ့သလို
အထင်ကရတွေလည်း ညမှာဖြစ်ခဲ့တယ် ။ ။”
ဘာဖြစ်ခဲ့တာလဲ..??????????
အော်..
ဲ့ အိပ်ယာထက်မှာတောင်
ဘီလူးငုတ်တုတ်ထိုင်လို့ ။
ဒါကြောင့်ကိုး...
!!!!!!!!!!!!!!!!!!!!!!!!!!!

လွတ်ငြိမ်းလေပြေ (breeze) said...

စိတ်အပန်းဖြေပါ အစ်ကို
တစ်ချို့ အရာတွေကို လွှတ်ချလိုက်ပါ
ဒါမှ နေပျော်မှာ

ကိုရင်နော်ခင်လေးငယ် said...

အမြင့်ရေ...

မျှော်ရကျိုးနပ်အောင် ကောင်းတဲ့ကဗျာ..

တတိယအပိုဒ် ၃ကြောင်းထဲ ရေးထားတဲ့ အပိုဒ်လေး အရမ်းထိတယ်..

လောကကြီးကို ညည်းငွေ့လာတာ အမှန်ပဲ...

ခင်မင်ခြင်းများစွာဖြင့်..
မိနော်၊ မလေး၊ ကလေးလေး

မိုးမောင်(HappyCloud) said...

အထင်ကရတွေ ညမှာဖြစ်တယ် ဆိုပါ့လား။ ဟေ့လူ... ရှင်းအုံးနော်.. ရှင်းအုံး။ ဒီကိစ္စမပေါ့ဘူး။ :D

flowerpoem said...

ကိုမိုးမြင့်တိမ်ရေ
ကဗျာကိုလာဖတ်သွားပါတယ်..

ကြယ်ပြာ said...

ဘ၀ကိုမျှားဖို့ ဘ၀ကိုငါးစာလုပ်တဲ့ ...
ခုတလောရဲ့နေတဓူဝတွေနဲ့ ဒီကဗျာနဲ့ကွက်တိပါပဲလား ...

ကောင်းကင်ပြာ said...

ညမှ ဖြစ်တဲ့ အထင်ကရတွေ အမကြီးလဲ သိချင်၏၊ ဘီလူးတော့ ကြောက်တယ်

Template by - Abdul Munir