Monday, July 6, 2009

တံခါးတစ်ချပ်ရဲ့ ည


ပျောက်ရှသွားတဲ့ တည်မြဲမှုတွေကို
ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားရင်း
ဘ၀ကို မျဉ်းဖြောင့်ဆန်ဆန်ခြယ်သမိလိုက်ရဲ့ ။ ။

အတိတ် ပစ္စုပန် အနာဂါတ်
မရေရာမှုတွေနဲ့ ပြွန်းတီးနာကျင်
အကြိမ်ကြိမ်အဖန်ဖန် လဲပြိုမှုမှာအသားကျရင်း
ဖိတ်ကျခဲ့တဲ့ ဘ၀ရွှေအိုရောင်မှာ
ဝင်ရိုးမဲ့သွားတဲ့ တံခါးတစ်ချပ်
ခိုင်မာခြင်းကို သပ်သွင်းကျားကန်ဖို့ကြိုးစားဆဲ
သက်တမ်းဖွက်တမ်းကိုခုံမင်တဲ့ ညတို့ရဲ့အလယ်
ဝိညာဉ်ဖြို တေးသံချိုတွေကြား
ပြိုကျမှန်းမသိအောင်ကို တစ်စတစ်စ
ပြိုကျပျက်သုဉ်းလို့ ...။ ။

ဦးစားပေးသင့်တဲ့ အရာတွေအတွက်
ဦးစားပေးခြင်းကို စွန့်လွှတ်ရင်းက
နှိပ်စက်ကလူ သံချက်လိုမြူတွေကြောင့်
ေ၀၀ါးသွားတဲ့ အာရုံအစုံမှာ
ကြည်လင်မှုကို ဖန်ဆင်းဖို့
ကမ္ဘာဦးရဲ့ ညကောက်တေးသံ
ငါ့ရင်နဲ့ နာခံခွင့်ပြုပါ ။ ။

အံချော်သွားတဲ့ ဆန္ဒတွေနဲ့
ညွှတ်ယိုင်နှုံးခွေခြင်း တွင်းနက်ထဲ
ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့တံခါးတစ်ချပ်
သူ့မွေးရက်မရောက်ခင် မသေဆုံးချင်တာလည်း
အံချော်နေတဲ့ ဆန္ဒတစ်ခုလေလား ။ ။

တံခါးက တံခါးတွေကို အားပေးခဲ့တယ်
တံခါးက တံခါးတွေဖွင့်နိုင်အောင်ကူညီပေးခဲ့တယ်
တံခါးက တံခါးပီသအောင် နေထိုင်ခဲ့တယ်
အဲဒီ့တံခါးကိုယ်တိုင်က ကိုယ့်ပုံဆောင်ခဲကိုယ်ပြန်မျိုရချိန်
အာရုံဖျက်ခြစားနေတဲ့ အမြုတေတစ်ခုသာ
တံခါးရဲ့ ရာဇ၀င်ဖြစ်လာခဲ့တယ် ။ ။

အရာရာဟာ မမြင်နိုင်တဲ့အစီစဉ်ကျမှုမှာ
ပျော်ဝင်လှည့်ပတ် နေခိုက်
မြို့က သူ့ကိုယ်သူတိုက်ချွတ်ရင်း
ညကို အသက်သွင်းခဲ့ပြန်ပြီ ။ ။

ငွေမြစ်ပင်စည်တဲ့
လူတိုင်းရဲ့ ရင်မှာတည်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.flickr.comမှ ကူးယူဖော်ပြပါသည်။

8 comments:

အိန္ဒြာ said...

အံချော်သွားတဲ့ ဆန္ဒတွေနဲ့
ညွှတ်ယိုင်နှုံးခွေခြင်း တွင်းနက်ထဲ
ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့တံခါးတစ်ချပ်
သူ့မွေးရက်မရောက်ခင် မသေဆုံးချင်တာလည်း
အံချော်နေတဲ့ ဆန္ဒတစ်ခုလေလား ။ ။

မွေးနေ့မရောက်ခင် ဘာမှမဖြစ်နဲ့ဦးနော်..
၁၂ ရက်ပဲကျန်တော့တာ...

မိုးမောင်(HappyCloud) said...

ခံစားချက်တွေ မွန်းကျပ်နေတိုင်း ခင်ဗျားကဗျာတွေ ဖတ်မိတာနဲ့ ကြုံကြုံနေတယ်။

ကောင်းကင်ပြာ said...

တံခါးပီသခဲ့တဲ့ တံခါးရဲ့ဝင်ရိုးကို ပြန်ပြင်ပြီး ဘ၀လမ်းကို ဖြောင့်အောင် လျှောက်လိုက်ပါလေ၊ ရေရာတဲ့ အနာဂါတ်က လှမ်းကြိုနေမှာပါ၊
နားလည်သလောက်ပါ၊

ကိုရင်နော်ခင်လေးငယ် said...

အံချော်သွားတဲ့ ဆန္ဒတွေနဲ့
ညွှတ်ယိုင်နှုံးခွေခြင်း တွင်းနက်ထဲ
ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့တံခါးတစ်ချပ်
သူ့မွေးရက်မရောက်ခင် မသေဆုံးချင်တာလည်း
အံချော်နေတဲ့ ဆန္ဒတစ်ခုလေလား ။ ။

ကျွန်မဆန္ဒတွေလည်း အံချော်နေတယ် အမြင့်ရေ....

ကဗျာလေး ခဏခဏ ထပ်ပြီး ဖတ်သွားခဲ့တယ်.

အိုင်လွယ်ပန် said...

သိလျှက်နဲ့ပဲ မှားကောင်းနေကြတုန်းဆရာရေ ...
အစိတ်အပိုင်းတစ်ချို့မှာ လူတိုင်းရင်မှာတည်တဲ့
အရာက မရှိမဖြစ်မဟုတ်လား ...
ကဗျာလေးကြိုက်တယ်ဗျာ ...

MANORHARY said...

အံချော်သွားတဲ့ဆန္ဒတွေနဲ့
.................တံခါးတစ်ချပ်ရဲ့ည...
..........................

minn thuka said...

ညီလေးရေ လာဖတ်သွားတယ်...

ချမ်းမြေ့ပါစေ...

Unknown said...

မသိအမှားထက်
သိအမှား ကခက်
ငွေက ဖုံဖော်.....
လူဖြစ်ရကျိုး ရှုံးလေငဲ့......

Template by - Abdul Munir