Monday, July 20, 2009

ညရာသီ၏နောက်

အမှောင်ရင့်ရင့်သန်းနေတဲ့ စိတ်တစ်ခြမ်းနဲ့ဘဲ
ဘ၀ကိုလှမ်းလျှောက်တော့
တိုက်ခိုက်တွန်းတိုက် ကြေမွသွားလိုက်ပုံများ
အထ္တုပတ္တိမဲ့သွားတဲ့ ရာသီမှာ
ညက တိုးတိတ်ရီဝေစွာကခုန် ။ ။

စိုးရွံ့ မှုတွေနဲ့ တွန်ကြူးနေတဲ့လေတိုးသံမှာ
စည်းချက်မှန်နေတဲ့ အထီးကျန်ခန်းဆီးတစ်စ
ရှိန်းမြရစ်ခွေစီးဆင်းနေတဲ့ မျက်ရည်မြစ်နှုတ်ခမ်းနဲ့
ခြောက်ကပ်ကပ်အထီးကျန် အခန်းထောင့်တစ်နေရာမှာ
ငါကိုယ်တိုင်ထုဆစ်တဲ့ အပူရုပ်ထုတစ်ခု
အနာဂတ်ကို ထုတ်ဖော်သီကြူးဖို့ကြိုးစားရင်း
လျှပ်ပန်းလျှပ်နွယ် ပြည့်နှက်နေတဲ့ကောင်းကင်ယံထက်
ပျောက်သွားတဲ့ ကြယ်တစ်လုံးကိုသာရှာဖွေနေခဲ့မိတယ် ။ ။

လင်းချင်းခွင့်တွေကိုတော့ ရုပ်သိမ်းလိုက်ပါ
အမိုက်မှောင်မှာ ကျဆုံးသွားတဲ့ညအတွက်
လက သူ့ကိုယ်သူအမိုက်မဲဆုံး ပွတ်တိုက်ခြယ်သချင်နေလို့ ။ ။

တစ်ချက်မှောက်ကစားပွဲတွေအောက်မှာ
သံသရာမြှားတွေ တိုးတက်ထွန်းကားခဲ့လေတော့
ဘယ်မုဆိုးမှလည်း လူရာမ၀င်တော့ဘူးပေါ့ ။ ။

ချိုးဖျက်မရနိုင်တဲ့ ထုံးတမ်းဓလေ့တွေနဲ့
အကြီးမားဆုံးဝန်တွေရဲ့ ထိုးနှက်မှုတွေအောက်
နာလန်မထူနိုင်လောက်အောင် နူးညွှတ်တိမ်းခွေရင်း
လမင်း အကျဉ်းကျသွားတဲ့
ကောင်းကင်ရဲ့ ရင်ကွဲပက်လက်ရာသီမှာ
ငါလေ..........
ခြေပစ်လက်ပစ် အိပ်စက်နေလိုက်မိတယ် ။ ။

စေတန်တို့ရဲ့ ရာဇ၀င်တဲ့
တပ်မက်မှုနဲ့ နာကြင်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

6 comments:

ကောင်းကင်ပြာ said...

ကောင်းကင်ရဲ့ ရင်ကွဲပက်လက်ရာသီထဲမှာ အိပ်ပျော်နေလို့ တိမ် တယောက် ပျောက်နေတာကိုး၊ မွေးနေ့ မုန့်ကျွေးရမှာစိုးလို့ထင်တယ်၊ ကဗျာထဲမှာတော့ တော်တော် အထီးကျန်နေပါလားကွ

အိုင်လွယ်ပန် said...

အိပ်လို့ဝရင်တော့ ထဗျာ ဆရာ :)
အကြာကြီးတော့ မအိပ်နဲ့
တစ်ယောက်ထဲ ကဗျာရေးရတာပျင်းတယ် ။

အိုင်လွယ်ပန် said...

အိပ်လို့ဝရင်တော့ ထဗျာ ဆရာ :)
အကြာကြီးတော့ မအိပ်နဲ့
တစ်ယောက်ထဲ ကဗျာရေးရတာပျင်းတယ် ။

ဆောင်းယွန်းလ said...

တစ်ချက်မှောက်ကစားပွဲတွေအောက်မှာ
သံသရာမြှားတွေ တိုးတက်ထွန်းကားခဲ့လေတော့
ဘယ်မုဆိုးမှလည်း လူရာမ၀င်တော့ဘူးပေါ့ ။

ဘဝစစ်စစ်တွေပါလားကိုယ့်ညီရေ
ကဗျာလေးကိုခံစားသွားပါတယ် ညီထွဋ်ရဲ့သီချင်းနဲ့အတူပေါ့

ကိုရင်နော်ခင်လေးငယ် said...

ကောင်းကင်ရဲ့ ရင်ကွဲပက်လက်ရာသီမှာ
..........
ခြေပစ်လက်ပစ် အိပ်စက်နေလိုက်တဲ့သူရယ်..

သံတူကြောင်းကွဲ ခပ်အက်အက် မြေပြင်ပေါ်မှာ ခြေဆင်းထိုင်ချင်သူရယ်....

အဟက်... ခုတလော ဘလော့ရေးသူတွေ ဘာတွေ ဖစ်ကုန်ကြပါလိမ့်ကွယ်ရို့..!!
:P :D

minn thuka said...

ညီလေးရေ အတူတူကြေကွဲသွားတယ်။

Template by - Abdul Munir