Monday, July 27, 2009

အရိုးစွဲသွားတဲ့ ဒဏ်ရာ

တဖြုတ်ဖြုတ်ကြွေနေတဲ့ စိတ်တွေ
အသာယာဆုံးလို့ ရည်မှန်းခဲ့ဘူးတဲ့အိပ်မက်တွေ
တပ်တပ်မက်မက် ချဉ်ခြင်းတက်ခဲ့တဲ့ နေ့ရက်တွေ
အားလုံးကိုစွန့်လွှတ်လိုက်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်ဆိုတဲ့
တစ်ခါက ဖတ်ခဲ့ဘူးတဲ့ကဗျာတစ်ပုဒ်
အခု ငါ့ရင်ခုန်သံကို အဆိပ်သုတ်နေကြပြီ ။ ။

ဘ၀ဆိုတာကို ငါကရွေးချယ်တာလား
ဘ၀ဆိုတာက ငါ့ကိုရွေးချယ်တာလား
သိပ်တော့မသေချာပေမယ့်
အဲဒီ့ဘ၀ရဲ့ ညတွေမှာ အလှဆိုတာ မပါဘူး ။ ။

စကားဆိုတာ စကြာဝဠာထဲမှာလွင့်ပျံနေတဲ့
ဒြပ်မဲ့လှိုင်းတစ်ခု ဖြစ်ခဲ့ရင်
ငါ့ရင်ခွင်မြို့ ရိုးရဲ့ စကားလုံးကြီးစိုးရာသီမှာ
ငါ့ခန္ဓာကို ကြဲဖြန့်ရင်း နှလုံးသွေးအစစ်ကို
မင်းချစ်ခြင်းပွဲတော် အတွက်
ယဇ်တင်ပူဇော်မယ် ။ ။

ရက်စက်ခဲ့တာလား
အရက်စက်ခံခဲ့ရတာလား
ဒါမှမဟုတ် ရက်စက်ဖို့အတွက်တိုက်တွန်းနှိုးဆော်ခဲ့တာလား
ပတ်ဝန်းကျင်မှာ သုညမိုးတို့ထစ်ချုန်းလို့ ။ ။

ကောက်ပင်ရိတ်လှီးတဲ့
စကားကြီးဆယ်မျိုးထဲကတစ်နည်းပေါ့
ငါ့ကို ထိုးနှက်လိုက်ပုံများ
အနုံညတရ ရင်ခွင်မှာ
မျက်ရည်သာ ပင်လယ်ဖြစ်ခဲ့တယ် ။ ။

ချစ်ခြင်းကို ဘုံထုတ်သတ်မှတ်ရင်း
အသည်းနှလုံးကင်းမဲ့ခြင်း အပြစ်ဒဏ်မှာ
အစွန်းရောက်သွားတဲ့ ဘ၀တစ်ခုသာ
လှော်ခတ်ရင်း တက်ကြိုးလို့
အဆိုးနဲ့သာ မွေ့လျော်ပျော်ပိုက်
ဟောဒီ့ ရင်ခွင်ခပ်မိုက်မိုက်လေ
ဒဏ်ရာတွေနဲ့ လဲကျနေခဲ့ပြီ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

11 comments:

သက်ပိုင်သူ said...

ဒီတခါ.... ဒီကဗျာကို အကြိုက်ဆုံးပဲ
ခံစားချက်တွေ တိုက်ဆိုင်လွန်းလို့နဲ့တူတယ်..
ရက်စက်ခဲ့တာလား
အရက်စက်ခံခဲ့ရတာလား
ဒါမှမဟုတ် ရက်စက်ဖို့အတွက်တိုက်တွန်းနှိုးဆော်ခဲ့တာလား
တကယ်ထိတယ်..
ဘာပဲပြောပြော
ကိုက ရက်စက်ခံရတာကိုပဲ စွဲလန်းနေလို့နဲ့တူတယ်
၁၀နှစ်ကျော်နေပြီ ရက်စက်ခံနေရတုန်း

ကောင်းကင်ပြာ said...

ဘ၀ ကို စိတ်နာနေတာလား၊ အချစ်ကို ခံစားပြီး ဒဏ်ရာ ရနေတာလား မောင်လေး၊

pandora said...

စကားဆိုတာ စကြာဝဠာထဲမှာလွင့်ပျံနေတဲ့
ဒြပ်မဲ့လှိုင်းတစ်ခု ဖြစ်ခဲ့ရင်
ငါ့ရင်ခွင်မြို့ ရိုးရဲ့ စကားလုံးကြီးစိုးရာသီမှာ
ငါ့ခန္ဓာကို ကြဲဖြန့်ရင်း နှလုံးသွေးအစစ်ကို
မင်းချစ်ခြင်းပွဲတော် အတွက်
ယဇ်တင်ပူဇော်မယ် ။ ။....

ဒီအဖွဲ့လေးကို တော်တော်ကြိုက်တယ်။
နင့်အောင် ခံစားရတာတွေက ချရေးရင် လှတယ်နော်။

အိန္ဒြာ said...

မောင်လေး...

ကဗျာကောင်းတွေရဲ့အရင်းအနှီးက မသေးပါလား

ပျော်ရွှင်ပါစေ

ဆောင်းယွန်းလ said...

စကားဆိုတာ စကြာဝဠာထဲမှာလွင့်ပျံနေတဲ့
ဒြပ်မဲ့လှိုင်းတစ်ခု ဖြစ်ခဲ့ရင်
ငါ့ရင်ခွင်မြို့ ရိုးရဲ့ စကားလုံးကြီးစိုးရာသီမှာ
ငါ့ခန္ဓာကို ကြဲဖြန့်ရင်း နှလုံးသွေးအစစ်ကို
မင်းချစ်ခြင်းပွဲတော် အတွက်
ယဇ်တင်ပူဇော်မယ်

ချစ်တတ်လှချည့်လားညီလေးရာ...
အရင်းအနှီးတွေသိပ်များနေပြီနော်

emayarKhin said...

အားပါးပါး....ကောင်းလိုက်တဲ့ကဗျာ
တကယ့်ကိုအရိုးစွဲံသွားတဲ့ကဗျာပါဘဲဗျ.....


ခင်မင်စွာဖြင့်
အမရာ

minn thuka said...

မသိလိုက်ဘူး တင်ထားတာ...
ခုမှပဲ ဖတ်ရတယ် နောက်ကျမှသိရတဲ့အတွက်စိတ်ဆိုးတယ်
ပြီးတော့...နောက်ကျမှ ဆတ်ဖြစ်တဲ့အတွက်
တောင်းပန်တယ်...။
လေးစားစွာဖြင့်.....

minn thuka said...

(ဆတ်) ဟုတ်ဘူးနော် ..ဖတ်လို့ရိုက်တာ...
စာရိုက်တာ အဲလောက်ကိုပိုင်တာ...

အိုင်လွယ်ပန် said...

ဆရာရေ ..
အရင်းအနှီး ကြီးပဗျာ ...

Anonymous said...

အချစ်ရေးကံမကောင်းတဲ့
ကိုယ့်ဘ၀မှာ
ချစ်သူဆီက
ဘာမျှော်လင့်ချက်မှ မထားပဲ
ငြိမ်းချမ်းစွာ ချစ်နေပါတယ်..
ဘယ်ရင်ခွင် မင်းရောက်ရောက်
စိတ်ချမ်းသာ ပျော်ရွှင်ပါစေ.....

hee hee :P joking

ငှက်ငယ်လေး said...

ကဗျာကကောင်းလိုက်တာ

Template by - Abdul Munir