Monday, August 10, 2009

သို့....

တိမ်းညွှတ်ရီဝေသွားတဲ့
ပြဋ္ဌာန်းမှုသက်သက် နေ့ရက်တွေမှာ
အဘိဓမ္မာရဲ့ သက်ပြင်းဟာလည်း
အလင်းမဲ့စွာ ဆွံ့အနေခဲ့တော့
စပါးလုံးတစ်ထောက်စာလောက်တော့
ငါ့ကိုသောက်ခွင့်ပြုပါ မာယာ ။ ။

ယှက်ထွေးထွက်ပြေးသွားတဲ့ ပန်းနုရောင်ဖွေးဖွေးလေးမှာ
ဖူးပွင့်နေတတ်တဲ့ သွေးကြောစိမ်းမြမြလေးတွေ
ဖွေးဖွေးလှုပ်ပွင့်နေတဲ့ သန္တာကျောက်တန်းတွေမှာ
ဖြာကျနေတတ်တဲ့ ဆံနွယ်လေးတွေ
အထင်ကရမဟုတ်ပေမယ့် အမှတ်တရဖြစ်သွားတဲ့အရာတွေ
မုဆိုးဖြစ်သွားတဲ့ သားကောင်တွေ
သီဖွဲ့ရေးစပ်နေရင်း
အခု...
ဘ၀ရဲ့တောနက်ထဲ ရမ္မက်တွေပဲကြွေကြွေကျနေခဲ့ ။ ။

အယူအဆဆိုတာ လူကဖြစ်တယ်
မာတိကာဟာလည်း သင်ရိုးတစ်ခုရဲ့ဥပစာ
လမင်းအပြုံးရဲ့ အံဝှက်အောက်မှာပဲ
နာကျင်မှုတွေကို ကျစ်လျစ်မြဲမြံစေခဲ့တော့
ရင်ကွဲနာဆိုတာ ရာဇ၀င်ထဲကဒဏ္ဍာရီသာသာ ။ ။

တစ်ခုလိုချင် တစ်ခုပေးရတဲ့
အာရုံဝတ်ရုံခြုံ ဟောဒီ့လောကီဘုံမှာ
အတုံ့အလှည့်တွေ အနိမ့်အမြင့်တွေ
အသွားအပြန်တွေ အလျားအနံတွေ
ပိုင်ဆိုင်ရယူခြင်းတွေ ပေးဆပ်စွန့်လွှတ်ခြင်းတွေနဲ့
အနစ်နာခံခြင်းမှာပဲ
အချစ်ဟာလည်း ဒဏ်ရာတွေကိုဖန်ဆင်းခဲ့တယ် ။ ။

သက်ပြင်းတစ်ခုရဲ့ ရင်လှိုက်ဖိုမှုမှာ
ပြင်းပြစွာ အော်မြည်ပစ်လိုက်တဲ့
ညတစ်စင်းရဲ့ လေတိုးသံဟာ
ကြေကွဲမှု အနုပညာဆန်နေခဲ့မှန်း
နင်သိတတ်ခဲ့ရင်
သံသရာမှာ ဆက်သွယ်ခွင့်လက်မှတ်တစ်စောင်
မာယာရေ....
မင်းအတွက် လက်ဆောင်ပို့လိုက်မယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

11 comments:

အိန္ဒြာ said...

သံသရာအထိ လိုက်ဆက်သွယ်ဦးမယ်ဆိုတဲ့သဘောပေါ့

အချစ်ကြီးလှချည်လား..ကဗျာဆရာ..

သက်ပြင်းတစ်ခုရဲ့ ရင်လှိုက်ဖိုမှုမှာ
ပြင်းပြစွာ အော်မြည်ပစ်လိုက်တဲ့
ညတစ်စင်းရဲ့ လေတိုးသံဟာ
ကြေကွဲမှု အနုပညာဆန်နေခဲ့မှန်း
နင်သိတတ်ခဲ့ရင်
သံသရာမှာ ဆက်သွယ်ခွင့်လက်မှတ်တစ်စောင်
မာယာရေ....
မင်းအတွက် လက်ဆောင်ပို့လိုက်မယ် ။ ။

ခံစားချက်တွေ တောက်စားနေကြတယ်

အိုင်လွယ်ပန် said...

အချစ်တွေ ...

စကားလုံးတွေရဲ့ တောက်ပမှုအောက်မှာ
ခံစားသွားပါကြောင်း ....

kaungkinpyar said...

ဆက်သွယ်ခွင့် လက်မှတ်က ဘာနဲ့ပို့မှာလဲ ၊ အီးမေးလ်နဲ့လား၊ လူကြုံနဲ့လား၊ စာတိုက်ကလား၊ အမ ပို့လို့ရရင်လဲ သွားပို့ပေးပါမယ်၊ ခံစားချက်တွေက များလွန်းနေတယ်၊
ရင်ကွဲနာဆိုတာ ရာဇ၀င်ထဲကဒဏ္ဍာရီသာသာ ပါ ဆို...

MANORHARY said...

အချစ်က ဖန်ဆင်းတဲ့ ဒါဏ်ရာတွေနဲ့
ယက်လုပ်ထားတဲ့ ကဗျာတစ်ထည်ဟာ
သံသရာမှာ ဆက်သွယ်ခွင့်လက်မှတ်တစ်စောင်
ဖြစ်ကောင်းရဲ့

MANORHARY said...

အချစ်က ဖန်ဆင်းတဲ့ ဒါဏ်ရာတွေနဲ့
ယက်လုပ်ထားတဲ့ ကဗျာတစ်ထည်ဟာ
သံသရာမှာ ဆက်သွယ်ခွင့်လက်မှတ်တစ်စောင်
ဖြစ်ကောင်းရဲ့

minn thuka said...

ညီလေးရေ....
ညီ့ကဗျာတွေဖတ်ရင်း တခုသွားသတိရတယ်...မြန်မာရာဇဝင်မှာ ဇတ်အိမ်ဖွဲ့ပုံကောင်းလို့ အခုထက်ထိ မတိမ်ကောသေးတဲ့လက်ာ ငါးပုဒ်ရှိတယ်..
၁။ အနန္တသူရိယ ၁၁၇၃ မှာသေဒဏ်ကျလို့
ကွပ်မျက်ခံရဆဲဆဲ ရေးတဲ့ လင်္ကာ
၂။မဟာဓမ္မရာဇာဓိပတိ ကို နန်းချပြီး ၁၇၅၄မှာ
မဖျောက်ဖျက်ခင် ရေးခဲ့တဲ့လင်္ကာ
၃။..၄။ လက်ဝဲသုန္ဒရ ရဲ့နယ်နှင်ဒဏ်ခံရစဉ်ရေးတဲ့လင်္ကာ
၅။ဦးပုည သေဒဏ်ခံရခါနီး ရေးတဲ့ ၁၈၆၆ ကရေးတဲ့လင်္ကာ
......
အားလုံးက သေအံ့မူးမူးတွေပဲနော်...ညီရေအဲလိုဖြစ်နေမယ် သတိထား..
အစ်ကိုက ရေးတော့ရေးလိုက်ပြီ စိတ်ထဲရှိတာချရေးလိုက်တာ (အမည်တွေ စာလုံးပေါင်းမှားနေနိုင်တယ်)
တလက်စထဲ လင်္ကာလို့ အလွယ်ရေးလိုက်တာ
အဆော်မခံရခင် ကာထားဦးမှ...
၁။၂။က...အဆုံးကာရန်ကိုနောက်အပိုဒ်မှာအတက်
ယူထားလို့(တန်ဆာဆင်ရုံသက်သက်)မို့..လင်္ကာ
၃။..၄..အစတွေ ကာရန်တူပြီး အချတွေလည်းတူနေတဲ့ အတွက် ရတု
၅။လေးချိုး
(ထင်တာပဲလေ မှားရင်ပြင်ပေးပါ)..

အရုပ်ကလေး said...

ဆက်သွယ်ခွင့် လက်မှတ်တစ်စောင်အောက် တိမ်းညွှတ်သွားတယ်

Anonymous said...

အစစ်တွေလား.. ခံစားမှုသက်သက်တွေလား...
=)

အယူအဆဆိုတာ လူကဖြစ်တယ်
မာတိကာဟာလည်း သင်ရိုးတစ်ခုရဲ့ဥပစာ
လမင်းအပြုံးရဲ့ အံဝှက်အောက်မှာပဲ
နာကျင်မှုတွေကို ကျစ်လျစ်မြဲမြံစေခဲ့တော့
ရင်ကွဲနာဆိုတာ ရာဇ၀င်ထဲကဒဏ္ဍာရီသာသာ ။ ။

တစ်ခါတစ်လေကျတော့ ပုံပြင်တောင်မပာုတ်တော့ဘဲနဲ့ အခုချက်ချင်း ခံစားနေရသယောင် ဖြစ်နေတတ်တယ်.. ပုံပြင်ဆိုတာတော့ တဖြည်းဖြည်းနဲ့ ဝေဝါးသွားမှာပဲ.. တကယ်ခံစားရတယ်ဆိုရင်လည်း ကျေလိုက်တော့နော်.. ရင်ကွဲနာဆိုတာ ဖက်တွယ်မထားကောင်းပါဘူး.. ပဲာပဲာ.. နည်းနည်းဝင်ပွားတာ.. =)

မိုးမောင်(HappyCloud) said...

သြော်.... မပြောတော့ပါဘူး ကဗျာဆရာရယ်... ဒီက ပြောရုံနဲ့ မရဘူး၊ လက်ပါချင်တာ။ ဟင်း..ဟင်း။

ရေလည်လေးစားနေတဲ့
:D

လင်းနေ said...

ိထိရှသွားတယ်...ကိုမိုးကြီးရေ....

emayarKhin said...

အကိုရေ...ပြင်းပြင်းရှရှလေးနော်.....
အရမ်းကောင်းတယ်...

Template by - Abdul Munir