Wednesday, August 31, 2011

ရှင်သန်ခြင်း


စိမ်းညို့မှောင်နေတဲ့ ကောင်းကင်ရဲ့ညချမ်းမှာ
လတစ်ခြမ်းက အပိုင်းပိုင်းပြတ်လို့ ။ ။

အစွန်းဆုံဆုံး ပျော်ဝင်မှုဟာ
ဒဏ်ရာကုစားဖို့ အဆင့်မမှီ
မျှော်လင့်ခြင်းကို ချွန်းဖွင့်ထွက်ဖို့
ထူးခတ်တဲ့သံယောဇဉ်တွေ များလွန်းတယ် ။ ။

ခေတ်နဲ့အတူမျောပါစီးဆင်းချင်တဲ့ အိပ်မက်မြစ်ဟာ
အရောင်အသွေးမစုံမှုတွေကြောင့် လူလားမမြောက်နိုင်သေးခင်
တိုးထွက်ရုန်းကန်မှုတွေအတွက် လောင်စာမပြည့်တဲ့အခါ
သူလိုငါလိုရက်စွဲတွေအောက်မှာပဲ တလိမ့်ခေါက်ကွေးပေါ့ ။ ။

နဂါးတစ်ကောင်တိမ်ညွန့်စားဖို့ ရက်နဲနဲလိုသေးတယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

6 comments:

ပုသိမ်သားလေးဖြိုးဝေ said...

ကျနော်လေးစားရတဲ့ ဆရာတယောက်ပျောက်ဆုံးသွားပီလို့ ထင်ထားခဲ့ တာ
အခုလိုဆိုက်2မြိုက်ရောက်လာခဲ့ တယ်
အရမ်းကိုဝမ်းသာပါတယ်ဗျာ.....
ဆရာရဲ့ ကဗျာလေးတွေကိုနှစ်သက်မိလို့ ပြန်လည်ဝေမဗထားတာတွေရျိတယ်
ပီးတော့အွန်းလိုင်းရဲ့ နေရာတိုင်းမှာ...
ကျနော်ဆရာနဲ့ တွေ့ ချင်လို့ လိုက်ပီးတော့
စုံစမ်းနေတာအစအနလေးတောင်ပြန်မရခဲ့ ဘူး
ဒါပေမဲဒီနေ့ ကျနော်ဘလော့လေးထဲမှာတွေ့ လိုက်ရတော့အရမ်းဝမ်းသာသွားပါတယ်
အမြဲတမ်းအားပေးနေမဲ့ ပရိတ်သတ်တဦးထဲက
အကိုရဲ့ ညီလေးတယောက်ပါ....

ညီရဲ said...

အစ်ကိုရေ...
ကျွန်တော် အစ်ကို့ ကဗျာလေးတွေကို လာလာဖတ်ဖြစ်ပါတယ်။ ခုမှ ဘလော့ဂ်လုပ်ဖြစ်လို့ လင့်ကိုတော့ ခုမှ ယူသွားနိုင်တယ်။ ခုမှ ဘလော့ဂ်ဂါ အသစ်လေးပေါ့ အစ်ကိုရာ။ ကဗျာတွေ များများရေးမယ်လို့ မျှော်လင့်ပါတယ်။ အစ်ကို့ ရဲ့ ကဗျာ လို့ အမည်ပေးထားတဲ့ ကဗျာလေးကို ကြိုက်လွန်းလို့ မကြာမကြာ လာလာဖတ်ဖြစ်တယ်။

Unknown said...

မင်္ဂလာပါ မဖိတ်ခေါ်လည်း ရောက်၂နေပါတယ်
မနှင်ထုပ်လဲ ပြန်ရပါအုံးမယ် ..
ကျွန်တော်လေးစားတဲ့ လူတစ်ယောက်အတွက်
လူတိုင်းပါးစက်မှာ ဖွာလန်ကျဲနေတဲ့ စကားစတ်ခွန်းနဲ့ပဲ
..စန္ဒနဲ့ဘ၀ ထပ်တူကျပါစေ..


(ဒုတိယ)

ကြယ်ပြာ said...

ကဗျာဆရာရေ .... ကဗျာတွေပြန်လည်အသက်ဝင်လာလို့ ၀မ်းသာမိပါတယ် .....

"မျှော်လင့်ခြင်းကို ချွန်းဖွင့်ထွက်ဖို့
ထူးခတ်တဲ့သံယောဇဉ်တွေ များလွန်းတယ် ။ ။ "

ဒီစာသားကို အလွန်နှစ်သက်မိပါကြောင်း ...

မြမဉ္ဖူ said...

နင်.ကဗျာတွေပြန်ဖတ်ရတာ ငါတော်တော်ဝမ်းသာတယ်...

xanthradant said...

Casino No Deposit Bonuses 2021 - Gooyang Casino
텍사스 홀덤 족보 games › casino 더굿 토토 › games › 코드 벳 casino Get our exclusive casino no deposit bonuses 2021 and play for real money on the go! ✓ Join now and get 100% up to €100 + 애니팡포커 200 Spins 블랙잭게임 on Book of Dead.

Template by - Abdul Munir