Tuesday, September 13, 2011

အိပ်မက်ခရီး

တွေးလက်စအတွေးတွေအားလုံး ဖြေလျော့ပစ်လိုက်တယ်
အိပ်မက်တွေက သိပ်ကိုလေးလံလွန်းနေပြီ
ကိုယ့်ပုခုံးကိုယ်ပြန်စမ်းကြည့်တော့ အနဲငယ်မာကျောနေသယောင်ယောင်..

ကိုယ့်အတောင်ကိုယ်ဖြန့်ကြည့်လိုက်တယ်
တဟုန်ထိုးတက်ဖို့အတွက် လေမလာသေးဘူး
မချိတင်ကဲစိတ်တွေနဲ့ပဲ ညကိုခပ်စိမ်းစိမ်းကြည့်လိုက်တယ်
ညကတော့ နက်သထက်သာနက်လို့..

ကိုယ့်လိပ်ပြာကိုယ် ပြန်ကြည့်တော့
ခပ်ယဲ့ယဲ့လေး ပြုံးပြတယ်
ရှိရှိသမျှကြေကွဲခြင်းတွေကို တနင့်တပိုးထွေးပိုက်ထားတဲ့ပုံမျိုး..

အဝေးကထပျံသွားတဲ့ ညငှက်တွေကိုကြည့်ရင်း
မဆီမဆိုင် အမုန်းကျည်ဆံတွေပစ်သွင်းလိုက်တယ်
အာရုံခြောက်ပါးစလုံးက အကြောက်အကန်ငြင်းဆန်လို့
မျက်လုံးတွေမှိတ်လိုက်ပါတော့ မင်းအရမ်းပင်ပန်းနေပြီ..

အရိပ်လိုချင်လို့ အပင်စိုက်တာပါ
ကိုယ်တိုင်စိုက်ပျိုးပြီးမှ အသီးလဲစားချင်မိရဲ့
ဒီလိုအတွေးတွေကပဲ ကိုယ်ကျင့်တရားကိုဖျားစေတာလား..
ကျချင်ချင်ဖြစ်နေတဲ့စိတ်ဓါတ်ကို ခပ်တင်းတင်းဆွဲစိရင်း
ဒီတစ်ညအိပ်မက်မှာလဲ ကိုယ့်ခန္ဓာကိုယ်ထမ်းကိုယ့်လမ်းကိုယ်လျှောက်ရမယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

6 comments:

ညီရဲ said...

အစ်ကိုရေ လူတွေကတော့ စိတ်ကူးတွေ အိပ်မက်တွေနဲ့ ခရီးဆက်နေရတာပါပဲ။ ကဗျာလေးကို ပထမဆုံး လာခံစားသွားပါတယ် အစ်ကို...

jasmine(တောင်ကြီး) said...

အရိပ်လိုချင်းလို့ အပင်စိုက်တာ
လူ့လောက သဘာဝပါပဲ
အသီးရှိရင်တော့စားမိမယ်...
မရှိရင် စားမိမှာ မဟုတ်ဘူးနော်
ကိုယ်ကျင့်တရားဖျားတာမဟုတ်ပါဘူး

လမ်းဆက်လျှောက်လို့ရပါတယ်သူငယ်ချင်းရေ
ခင်မင်တဲ့ ကဗျာချစ်သူ

ဒုတိယလူ said...

ွှကိုယ့်ပုခုံးကိုယ်ပြန်စမ်းကြည့်တော့ အနဲငယ်မာကျောနေသယောင်ယောင်..

တဲ့လားအကိုရေ့...

အားပေးသွားပါတယ်ဗျာ
လေးစားခင်မင်လျှက်
(ဒုတိယ)

ပေါ့ဆိမ့် said...

စိတ်ကူးတွေက လက်တွေ့မရောက်မချင်း အိပ်မက်တွေနဲ့အတူ ခရီးဆက်နေကြတယ်လို့ ဒီကဗျာနဲ့ အတူ ခံစားမိပါတယ်
ခင်မင်စွာဖြင့်
ဆင်တဲကဖေး

kyaw myint myat said...

အကိုကဗျာ..ဖတ်ဖြစ်တယ်ဗျ.သိပ်ကောင်းတယ်..ဗျ..အမြဲလိုလိုဖတ်ဖြစ်တယ်...

တောက်ပကြယ်စင် said...

မိုးမြင့်တိမ်ရေ ကဗျာလေးကောင်းလိုက်တာ။ (ပရလောကသားတွေက လူတွေကို ကိုယ်ထိလက်ရောက် ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမယ့် ရှားပါးပါတယ်။ အဲဒီအကြောင်းကို ပိုစ်တစ်ခုအနေနဲ့ တင်ပေးလိုက်မယ်လေ။ အခုတော့ အဆင်သင့်မဖြစ်သေးဘူး။ ဖြစ်ရင် ပြန်လာပြောမယ်လေ။ တင်ပြီးပြီဆိုတဲ့အကြောင်းပေါ့။)
ကျန်းမာပျော်ရွှင်ပါစေ မိုးမြင့်တိမ်ရေ။

Template by - Abdul Munir