Saturday, September 17, 2011

လောကဓံ

ပေါက်ထွက်လုမတတ် ခုန်နေတဲ့ရင်နဲ့
သပွတ်အူမက ရှုပ်ထွေးလွန်းနေတဲ့ဦးနှောက်ကြား
စွန့်စားမှုတွေ ဖျားနာနေကြပြီ ။

ရောက်မှန်းမသေချာတဲ့ ရည်ရွယ်ရာကို
ဗိုက်ဟောင်းလောင်း လှေတစ်စီး
ခြစားလုနီးနီး တက်မတစ်ချောင်းနဲ့
လှော်ခတ်နေလိုက်ပုံများ
သူ့လက်ထဲမှာတော့ ၀ီရိယဆိုတဲ့ကော်ဖီတစ်ခွက်
နဲနဲတောင် ခါးသက်ချင်နေပြီ ။

ကျောတစ်ပြင်လုံး စိုက်ဝင်နေတဲ့စိုးရွံ့မှုတွေနဲ့
မျှော်လင့်တကြီး မျက်နှာတွေကြား
ညဉ်းတွားခြင်းတွေ မျိုမျိုချနေရတဲ့
ဖယောင်းတိုင်တစ်ချောင်းရဲ့ အလင်းမှာ
သက်ပြင်းတွေ ဘယ်လောက်ပါနေလိုက်မလဲ ။

တွင်းနက်ပေမဲ့ ရေမကြည်နိုင်တာ
မြေဆီလွှာရဲ့ အပြစ်ဆိုမလား
တကယ်သာစိုက်ပျိုးခွင့်ရရင် ပွင့်ဖူးပြလိုက်ချင်တယ် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

5 comments:

ဒုတိယလူ said...

ကောင်းတယ်အကိုရေ့ဖတ်ရတာအရသာကိုရှီနေတာပဲ
အားရပါးရအားပေးသွားတယ်အကိုရေ..


လေးစားစွားဖြင့်
(ဒုတိယ)

ညီရဲ said...

ဟုတ်တယ် အစ်ကိုရေ...
ဒီလို ရုန်းကန်နေရင်း လူတွေလဲ တဖြည်းဖြည်း အကျင့်တွေလဲ ပျက်လာကြပြီ...

jasmine(တောင်ကြီး) said...

လိုချင်တဲ့နေရာရောက်အောင်ရေးတတ်လိုက်တာ
အဓိပ္ပါယ်ပြည့်ဝလှပါတယ်..

ရောက်မှန်းမသေချာတဲ့ ရည်ရွယ်ရာကို
ဗိုက်ဟောင်းလောင်း လှေတစ်စီး
ခြစားလုနီးနီး တက်မတစ်ချောင်းနဲ့
လှော်ခတ်နေလိုက်ပုံများ
သူ့လက်ထဲမှာတော့ ၀ီရိယဆိုတဲ့ကော်ဖီတစ်ခွက်
နဲနဲတောင် ခါးသက်ချင်နေပြီ ။
အဲဒီစာသားလေးကိုတော့အရမ်းကြိုက်တယ်...
ချက်ချင်းပြန်လိုက်လာတာ အတော်ပဲဖြစ်သွားတယ်။
ခင်မင်တဲ့ jasmine

သိင်္ဂါကျော် said...

ရောက်မှန်း မသေချာတဲ့ ရည်ရွယ်ရာကို
လှော်ခတ်နေရတာတော့ လူတိုင်း ပဲပေါ့နော်..
ကဗျာလေး ကြိုက်တယ်..

မြမဉ္ဖူ said...

တွင်းနက်ပေမဲ့ ရေမကြည်နိုင်တာ
မြေဆီလွှာရဲ့ အပြစ်ဆိုမလား
တကယ်သာစိုက်ပျိုးခွင့်ရရင် ပွင့်ဖူးပြလိုက်ချင်တယ် ။
မိုက်တယ်...

Template by - Abdul Munir