Monday, September 26, 2011

ကိုယ်ပိုင်လက်နက်

တစ်လုံးနှစ်လုံးလောက် ခုန်ထွက်ရုံနဲ့တင် လူတစ်ယောက်...
သေသွားနိုင်တယ်၊ အောင်မြင်သွားနိုင်တယ်။
ပွန်းပဲ့သွားနိုင်တယ်၊ တောက်ပသွားနိုင်တယ်။
မြင့်တက်သွားနိုင်တယ်၊ ပိန်ချိုင့်သွားနိုင်တယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!

ဆက်သွယ်မှု အတတ်ထဲမှာ ခင်ဗျားတို့ကျွမ်းကျင်တဲ့ ဘာသာရပ်ပါ။
အဲ.. ကျုပ်လဲ မတောက်တခေါက်တော့ တတ်ရဲ့။
ခင်ဗျားတို့လောက်တော့ ကျွမ်းချင်မှကျွမ်းမှာပေါ့။
သူလိုငါလိုလောက်တော့ ကောင်းကောင်းတတ်ပါ့။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလာ။..!!

ငွေကုန်ကြေးကျမှုမရှိပဲ ကျုပ်တို့ ဖန်တီးနိုင်တာတွေ ရှိတယ်။
မှန်ချင်လဲမှန်မယ် မှားချင်လဲမှားမယ်ပေါ့။
ဧရာမလဲ ဖြစ်သွားနိုင်တယ်၊ သေးငယ်ပြီးလဲ ပျောက်သွားနိုင်တယ်။
ကျုပ်တို့ကို တွန်းချနိုင်တယ်၊ ကျုပ်တို့ကို ကိုင်လှုပ်နိုင်တယ်။
ကျုပ်ကိုတွန်းချတာ ခင်ဗျားတို့ ဖြစ်ချင်ဖြစ်မယ်။
ခင်ဗျားတို့ကိုတွန်းချတာ ကျုပ်ဖြစ်ချင်ဖြစ်မယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!

တစ်ယောက်ကို ချီးမွမ်းလို့ရသလို တစ်ယောက်ကို ရှုတ်ချလို့ရတယ်။
တစ်ယောက်ကို ပင့်တင်လို့ရသလို တစ်ယောက်ကို ရိုက်ချလို့ရတယ်။
တစ်ယောက်ကို နွေးထွေးလို့ရသလို တစ်ယောက်ကို အေးစက်လို့ရတယ်။
တစ်ယောက်ကို မြှင့်တင်စေသလို တစ်ယောက်ကို နိမ့်ကျစေနိုင်တယ်။
တစ်ယောက်ကို ရှင်သန်စေသလို တစ်ယောက်ကို မြုပ်နှံပစ်လို့ရတယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!

ကျုပ်တို့ နေ့တဓူဝ ပြောနေကြတဲ့ စကားတွေပေါ့။
ကဲ.. ဘယ်လိုလဲ ခင်ဗျားတို့ သိပ်ရှုပ်သွားပြီလား..!!


မိုးမြင့်တိမ်

5 comments:

ဒုတိယလူ said...

အကိုရေ နှစ်ထပ်ကွမ်း ပြန်ဖတ်လိုက်
ရတဲ့အတွက်.. နှစ်ခါပြန်
ရှုပ်သွားပါတယ်ခင်ဗျာ..;p;p;p
... ခင်မင်လေးစားလျှက်.


(ဒုတိယ)

မဒမ်ကိုး said...

တစ်ယောက်ကို ချီးမွမ်းလို့ရသလို တစ်ယောက်ကို ရှုတ်ချလို့ရတယ်။
တစ်ယောက်ကို ပင့်တင်လို့ရသလို တစ်ယောက်ကို ရိုက်ချလို့ရတယ်။
တစ်ယောက်ကို နွေးထွေးလို့ရသလို တစ်ယောက်ကို အေးစက်လို့ရတယ်။
တစ်ယောက်ကို မြှင့်တင်စေသလို တစ်ယောက်ကို နိမ့်ကျစေနိုင်တယ်။
တစ်ယောက်ကို ရှင်သန်စေသလို တစ်ယောက်ကို မြုပ်နှံပစ်လို့ရတယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!
မရှုပ်ဘူး လုပ်လို့ရတယ်း)

ခင်တဲ့
မဒိုးကန်

jasmine(တောင်ကြီး) said...

ရေးလိုက်မှဖြင့်ဒဲ့တွေပဲနော်...
တစ်ယောက်ကို ရှင်သန်စေသလို တစ်ယောက်ကို မြုပ်နှံပစ်လို့ရတယ်.....
အဲတာနေရာတိုင်းမှာနော်...လူတော်တော်များများသတိ
မထားမိတဲ့အရာလဲဟုတ်တယ်....
ခင်မင်တဲ့ jasmine

johnmoeeain said...

မရှုပ်သွားပါဖူး.. :)
ကြောက်စရာသိပ်ကောင်းတဲ့ လက်နက်က သိပ်လည်း လှရဲ့လေ..။

ညီရဲ said...

ကောင်းကောင်းပြောတော့လဲ ဒီပါးစပ်...
ကောင်းကောင်း မပြောချင်တော့လဲ ဒီပါးစပ်...
အဓိကကတော့ ဒီပါးစပ်ပဲပေါ့...
ဒီလိုဆိုတော့ ရှုပ်သွားလား မသိဘူး... အဟဲ...

Template by - Abdul Munir