Sunday, October 23, 2011

ခွင့်ပြုပါ

စိတ်ကူးတွေနဲ့ပဲ တိမ်းမူးနေလိုက်တယ်
ဒီဝပ်ကျင်းထဲ သက်ပြင်းယဲ့ယဲ့တွေနဲ့..!!

ရွက်ကြွေတွေအသက်ဆက်ဖို့ထက်
ဖူးပွင့်ခွင့်တွေက ပိုအရေးပါနေသလား
ဗီးနပ်စ်ရဲ့လက်နှစ်ဖက်ထက်
ဖီးနစ်တစ်တကောင်ရဲ့နှလုံးသွေးကို အလိုရှိနေမိတယ်..!!

ဗျာပါဒတန်းလန်းနဲ့ ဘ၀တွေဟာ
ယစ်မူးစရာကောင်းလောက်အောင် သာယာဘွယ်မရှိ
ရင်နာခြင်းအတိနဲ့ တီးခတ်တဲ့ဝမ်းတထွာမှာ
မနက်ဖြန်အစီအစဉ်ဟာ မရေရာနိုင်တာ သေချာတယ်..!!

အကျစ်လျစ်ဆုံး ထုံးနှောင်ခဲ့ရတဲ့ အနာဂါတ်တွေအတွက်
အကြင်နာမဲ့ရိုက်ခတ်တဲ့ သဘာဝဘေးအောက်
ဖျော်ချခံကမ်းပါးတစ်ခုလို ယိုင်နဲ့ပြိုကျရင်း
ရေငတ်သူများလာတဲ့ လောကဓံမှာ
ပရဟိတတွေ ရှင်သန်ဖို့အတွက်
မုဒိတာ ကဗျာတစ်ပုဒ်နဲ့
အတ္တပင်ကို နှုတ်ခွင့်ပြုပါ အမေ..!!


မိုးမြင့်တိမ်

5 comments:

စံပယ်ချို said...

ဟုတ်တာပေါ့
အမြဲတမ်းပဲစိတ်ကူးတွေနဲ့တိမ်းမူးနေတယ်
ကြွေပြီးသွားတဲ့ ရွက်ကြွေဆိုတော့တန်ဖိုး
နဲပြီလေ
ဒါကြောင့်ဖုးပွင့်ခွင့်ကမယ့်အသစ်က
ပိုအရေးကြီးရတာ
အကျစ်လစ်ဆုံးထုံးနှောင်ခဲ့........
.........................
အတ္တပင်နှုတ်ခွင့်ပြုပါတဲ့
ကောင်းလိုက်တဲ့ စာသားတွေ
အကိုရေ...တစ်ကယ့်ကိုရှယ်ပဲ

Unknown said...

ဟာာ ကောင်းလိုက်တာ အကိုရာ
(( ရေငတ်သူများလာတဲ့ လောကဓံမှာ
ပရဟိတတွေ ရှင်သန်ဖို့အတွက်
မုဒိတာ ကဗျာတစ်ပုဒ်နဲ့
အတ္တပင်ကို နှုတ်ခွင့်ပြုပါ အမေ..!!))
တစ်ကယ် ကြိုက်တယ် အကို
ခင်မင်လေးစားလျှက်
(ဒုတိယ)

ညီရဲ said...

အစ်ကိုရေ... ဖဘမှာ ဖတ်ပြီးသားပေမယ့် နောက်တခေါက် လာဖတ်ခဲ့တယ်...
ဟဲ... မလာရမနေနိုင်လို့ ...
ခွဲတော့ မလွှတ်လိုက်နဲ့ နော်...

mstint said...

ကဗျာကောင်းတွေ အများကြီးပါလား ရသလောက်ဖတ်သွားပါတယ် မောင်မိုးမြင့်တိမ်ရေ။
ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တင့်ထူးရွှေ said...

ကျွန်တော်လဲ နောက်ဆုံးအပိုဒ်လေး အကြိုက်ဆုံးး-)
အဆင်ပြေပါစေ ခင်ဗျာ ။

Template by - Abdul Munir