Sunday, February 22, 2009

ဘီလူးနက္ခတ်

အနာဂတ်တွေ ပဲ့ကြွေတဲ့ညမှာ
ကမ္ဘာမြေလည်း သူ့ရင်သူခွဲလို့
တောက်ပလွန်းတဲ့ နဂါးငွေ့တို့ငိုတဲ့အခါ
လမင်းဟာ နှောင်ဖွဲ့ခြင်းမှာကျဆုံးခဲ့ ။

တင်းတင်းကြပ်ကြပ်ပါဘဲ...

ဆုပ်ကိုင်ထားလျက် လွတ်ထွက်နေခဲ့
ပိုင်ဆိုင်ရင်းက ဆုံးရှုံးနေခဲ့
ရယူရင်းက ပေးဆပ်နေခဲ့
ရင်ဘတ်အတွက် အသက်ဆက်ရင်း
နှလုံးသား သင်္ဂြိုလ်ခြင်းမှာ
ခန္ဓာသာ အခွံအဖြစ်ကျန်ခဲ့ ။

မချိမဆန့် ခံစားလိုက်စမ်း....

စွဲလမ်းခြင်း အင်္သေချေမှာပွင့်တဲ့ပန်း
ဝေဒနာလက်နဲ့ လှမ်းချင်ခဲ့တော့
မသိခြင်းတွေကြားမှာ သိကျွမ်းရင်း
အနမ်းတွေကြားမှာ အနမ်းမဲ့ရင်း
သံယောဇဉ်တွေကြားမှာ ထပ်တိုးချည်နှောင်ရင်း
ကိုယ့်နှလုံးသားကျော့ကွင်း ကိုယ်ထောင်လို့
အရောင်တွေ မဲ့တဲ့နေ့ရက်တိုင်း
ငါ့ရာသီရိုင်းမှာ ဘီလူးတို့သာယာခဲ့ ။

အဲဒီနက္ခတ်မှာပေါ့
ငါ့တပ်မက်မှုတွေ ကျဆုံးရင်း
အလွမ်းတွေအောက် စုံးစုံးမြုပ်ခဲ့ရ ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံအား www.nasa.gov မှကူးယူဖော်ပြပါသည်။

13 comments:

Anonymous said...

ကဗျာဆရာရေ..
အဖွဲ့အနွဲ့လေးတွေ စကားလုံးလေးတွေ လိုက်ဖက်လှပါတယ်..

ကဗျာကောင်းလေးတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ဖတ်နေရတယ်နော်.. ကြည့်ရတာ ကဗျာဆရာတော့ ခံစားချက်တွေ တော်တော်ပြင်းနေပြီထင်တယ်..း)

ခင်မင်လေးစာ အစဉ်အားပေးလျှက်..

အိုင်လွယ်ပန် said...

အဲဒီနက္ခတ်မှာပေါ့
ငါ့တပ်မက်မှုတွေကျဆုံးရင်း
အလွမ်းတွေအောက် စုံးစုံးမြုပ်ခဲ့ရ ....

ကောင်းတယ်ဗျာ....

MANORHARY said...

Good!!!!!!!!!!!!!!!

လင်းဒီပ said...

ဘီလူးနက္ခတ်လေးခံစားသွားပါတယ်..

ဆောင်းယွန်းလ said...

သံယောဇဉ်တွေကြားမှာ ထပ်တိုးချည်နှောင်ရင်း
ကိုယ့်နှလုံးသားကျော့ကွင်း ကိုယ်ထောင်လို့
အရောင်တွေ မဲ့တဲ့နေ့ရက်တိုင်း
ငါ့ရာသီရိုင်းမှာ ဘီလူးတို့သာယာခဲ့...
ကြိုက်တယ်ညီလေးရေ့....အဖွဲ့အနွဲ့တွေ လှပသေသပ်လိုက်တာ....

လွမ်းသုရင် said...

အလွမ်းတွေအောက်မှာ မမြုပ်နဲ့ဦး
ထူပေးမယ် ထ ထ
ငါ့အစ်ကို ဘာတွေ ပြင်းထန်နေပါလိမ့်နော်
ဘီလူးနတ်ခတ်တောင် ၀င်နေသတဲ့

Anonymous said...

ခေါင်းစဉ်...တော်တ်ေမိုက်တယ်...

အတွေးတစ်မျိုးနဲ့ကဗျာတစ်ပုဒ်လောက်ထပ်ရေးကြည့်ပါလား..
အခု..ကဗျာကလဲ အရသာတစ်မျိုးပေါ့

အနမ်းတွေကြားမှာ အနမ်းမဲ့နေရတယ်...ဆိုတော့

အင်း...
..
တွေးပြီးပြန်သွားတယ်

ညီအကိုများ said...

ဗျို့ဆရာ.. ကဗျာကတော့လန်းနေတာပဲဗျာ.. နှလုံးသားရေးရာမှာတော့ အားနည်းနေတယ်ထင်တယ်...
မေးစရာလေးတွေတော့ရှိလာပြီ...း)

ခင်မင်လေးစားလျက်
မိုးကြယ်

Anonymous said...

ဆုပ်ကိုင်ထားလျက် လွတ်ထွက်နေခဲ့
ပိုင်ဆိုင်ရင်းက ဆုံးရှုံးနေခဲ့
ရယူရင်းက ပေးဆပ်နေခဲ့
ရင်ဘတ်အတွက် အသက်ဆက်ရင်း
နှလုံးသား သင်္ဂြိုလ်ခြင်းမှာ
ခန္ဓာသာ အခွံအဖြစ်ကျန်ခဲ့ ။

မချိမဆန့် ခံစားလိုက်စမ်း....

အဲဒီ တစ်ပိုဒ် Heart ထိတယ်...။

ိမိုးကြယ်ရေ.. ကဗျာဆရာက နှလုံးသားမှာ ကိုးကိုးကျွန်းခံနေပုံရတယ်... မေးစရာလေးတွေကိုတော့ သက်သက်လွတ်အရည်လေး မှီဝဲခိုင်းပြီး အစ်ကြအုံးစို့း)။ ဘယ်ပြေးမလဲ မိမိုးမြင့်ရယ်... ဒီတခါတော့ မလွတ်ဘူးနော်..ဟင်း..ဟင်း..

minn thuka said...

နှစ်ခါရှိပြီ ပြောက်ပြောက်သွားတာ..ညစ်လာပြီနော်
လက်လဲညောင်းလာပြီ....ဒီတစ်ခါမရရင် မမန့်တော့ဘူး

minn thuka said...

ဟားးးး.ရသွားပြီ... စိတ်ကူးလဲ ပြောက်သွားပြီ
မှတ်မှတ်ရရ ဇတ်တော်တွေထဲကထက် တစ်ရက်ပိုနေပြီ
(၇၀၁) ရက်ဖြစ်နေပြီ....

emayarKhin said...

ဘီလူးနက္ခတ်တဲ့လား
အမရာနဲ့တူတယ်....
နက္ခတ်လေ........

Mhu Darye said...

ဘီးလူးနက္ခတ် တဲ့...
ပြည့်ဝအောင် သရုပ်ဖော်ထားတာပဲ.. မချိမဆံ့တော့ မခံစားပါနဲ့..အဲဒါကျ သိပ်မကောင်းဘူး။ =.=

Template by - Abdul Munir