Wednesday, June 3, 2009

စိတ္တဇ

စိတ်တွေ....
ယောက်ယက်ခတ်နေကြတယ်..။

ဘာတွေဖြစ်လာမှာလဲ..
ဘာတွေဖြစ်ဦးမှာလဲ..
ဘာတွေဖြစ်နေကြလဲ..

မေးခွန်းတွေ..
အဲဒီ့မေးခွန်းတွေ..
အဖြေမရှိဘူး ။

ထာဝရမမှန်နိုင်တဲ့ အမှန်တရားတွေအတွက်
ငါ့ရင်ခွင်က ပြန်ပြန်ဖြေနေခဲ့တဲ့တစ်ခွန်းတည်းသောအဖြေ
မင်းလေ...သိပ်ညံ့တယ် ။ ။

ထောင်ချောက်တွေ..
မာယာတွေ..
လိမ်လည်မှုတွေ..
ဖုံးကွယ်မှုတွေ..
အမြစ်ပါနှုတ်ခံလိုက်ရတဲ့ ယုံကြည်မှုတွေ..

အနာဂတ်အတွက် မတွေးချင်ဘူး
အတိတ်ကိုလည်း ဆွေးနေတုန်း
ပစ္စုပန်မှာ ငါဟာအထီးကျန်နေတယ် ။ ။

စိတ်တွေ..
အဲဒီ့စိတ်တွေ...
ယောက်ယက်ခတ်နေကြတယ်..
တစ်စုံတစ်ခုကို ငါသိတယ်..
ဒါပေမယ့် ငါမသိဘူး..
တစ်စိတ်တစ်ပိုင်းကို ငါကြားတယ်..
ဒါပေမယ့် ငါ့နားနဲ့မဟုတ်ဘူး..
အခြေအနေတစ်ခုကို ငါမြင်တယ်..
ဒါပေမယ့် ငါ့မျက်စိနဲ့မဟုတ်ဘူး ။ ။

စိတ်တွေ...
အဲဒီ့စိတ်တွေ...
ငါ့ကိုနှိပ်စက်နေကြတယ်...

ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်ဖို့..
ငါ....ကြိုးစားရဦးမယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.myfreewallpapers.net မှ ကူးယူဖော်ပြပါသည်။

13 comments:

ကောင်းကင်ပြာ said...

ကိုယ့်ကိုယ်ကို ချစ်နိုင်ဖို့ စိတ်၏စေရာကို သာ နာခံလိုက်ပါ တိမ်

ဆောင်းယွန်းလ said...

စိတ်တွေ..
အဲဒီ့စိတ်တွေ...
ယောက်ယက်ခတ်နေကြတယ်..
တစ်စုံတစ်ခုကို ငါသိတယ်..
ဒါပေမယ့် ငါမသိဘူး..
တစ်စိတ်တစ်ပိုင်းကို ငါကြားတယ်..
ဒါပေမယ့် ငါ့နားနဲ့မဟုတ်ဘူး..
အခြေအနေတစ်ခုကို ငါမြင်တယ်..
ဒါပေမယ့် ငါ့မျက်စိနဲ့မဟုတ်ဘူး ။ ။

ဒွိဟစိတ်နဲ့သုညမှာဆိုတဲ့ သီချင်းလေးကိုတောင် သတိရသွားမိတယ်ညီလေးရေ..
ခံစားနေရတဲ့စိတ်တွေ ပြေပျောက်နိုင်ပါစေ

MANORHARY said...

အဖြေမရှိသောမေးခွန်းများနှင့်စိတ္တဇ..
ကိုယ့်ကိုယ်ကိုချစ်ဖို့ကြိုးစားလိုက်တာက
အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မယ်။

မိုးမောင်(HappyCloud) said...

တိုက်ဆိုင်မှုတွေ ရှိပါတယ် ဆရာ...

အိုင်လွယ်ပန် said...

အဲဒီစိတ်က
မြုပ်နေတာလို့ထင်သဗျ ...
အကျိုးအကြောင်းတိုက်ဆိုင်ရင် အလိုလိုကန်ထွက်လာရော ...
သေချာတာကတော့
စိတ်က သိပ်နှိပ်စက်တယ် .....

နွေးနွေးသဲမွန် said...

စိတ်တွေ...
အဲဒီ့စိတ်တွေ...
ငါ့ကိုနှိပ်စက်နေကြတယ်...

ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်ဖို့..
ငါ....ကြိုးစားရဦးမယ် <--- ကြိုက်တယ်..အကို

flowerpoem said...

ကိုယ့်ကိုယ်ချစ်နိုင်ဖို့ ကြိုးစားရအုံးမယ်တဲ့ ကောင်းတယ် အဲဒါအကောင်းဆုံးပဲ ကိုမိုးမြင့်တိမ်

လွတ်ငြိမ်းလေပြေ (breeze) said...

ဟုတ်တယ်နော်
ကိုယ့်ကိုယ်ကို ချစ်ရမယ်
သူများဆိုတာက ကိုယ့်ကို တစ်ချိန်လုံး ဂရုမစိုက်နိုင်ဘူး
ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေ အစ်ကို

အိန္ဒြာ said...

စိတ်တွေ..
အဲဒီ့စိတ်တွေ...
ယောက်ယက်ခတ်နေကြတယ်..
တစ်စုံတစ်ခုကို ငါသိတယ်..
ဒါပေမယ့် ငါမသိဘူး..
တစ်စိတ်တစ်ပိုင်းကို ငါကြားတယ်..
ဒါပေမယ့် ငါ့နားနဲ့မဟုတ်ဘူး..
အခြေအနေတစ်ခုကို ငါမြင်တယ်..
ဒါပေမယ့် ငါ့မျက်စိနဲ့မဟုတ်ဘူး ။ ။


ဟုတ်တယ်...
မြင်လျက်မကြည့်တဲ့ အသိတွေ..ရှိနေတယ်
မြင်လျက်မသိတဲ့ အကြည့်တွေ..ရှိနေတယ်

စွင့်ဖို့မကြားတဲ့ နားတွေရှိတယ်...
ကြားလျက်မစွင့်တဲ့ နားတွေရှိနေတယ်..

ရောက်အောင်မလှမ်းတဲ့ ခြေတွေရှိနေတယ်..
လှမ်းလျက်မရောက်တဲ့ လမ်းတွေရှိနေတယ်...

ကဗျာဆရာရေ...
အတွေးရော..
အရေးရော..သဘောတကျ ပြန်သွားရဲ့..

မေ့သမီး said...

ကိုယ့်ကိုယ်ကိုချစ်တာပဲကောင်းတယ်။

minn thuka said...

အလုပ်တွေနင်းကန်ရှုပ်နေလို့ ကဗျာ ကောင်းကောင်း မခံစားနိုင်ဘူး ခွင့်လွတ်ပါ။

Anonymous said...

ကဗျာဆရာရဲ့ စိတ်ကြည့်မှန်လေးတစ်ချပ်ကို ရင်ဘတ်နဲ့ မျှဝေခံစား သွားပါတယ် ဆရာ ...
ကိုယ့်စိတ် ကိုယ်စစ်ဆိုသလို ကိုယ့်အတ္တရဲ့ တန်ပို ( Tempo ) တွေကို အဖျားတိုင်းသလိုတိုင်း ကိုယ့်စိတ်နဲ့ ကိုယ့်ကို ပြန်ခိုင်းနှိုင်းထားပြီး သတိတရား တစ်ခုကို မြေလှန်ရှာဖွေနေတယ်လို့ ခံစားမိပါကြောင်း ...

ခင်မင်လေးစားစွာဖြင့်
ကဗျာပေါင်းမိတ်ဆွေကြီး

Unknown said...

ခဏခဏ ခံရဘူးလို့ အဲဒါတွေကို ကြောက်တယ်။
ထောင်ချောက်တွေ..
မာယာတွေ..
လိမ်လည်မှုတွေ..
ဖုံးကွယ်မှုတွေ..
အမြစ်ပါနှုတ်ခံလိုက်ရတဲ့ ယုံကြည်မှုတွေ..

Template by - Abdul Munir