Monday, June 8, 2009

ကဗျာမရေးတတ်တော့ပါ

ကစဉ့်ကလျား စိတ်ဓါတ်တွေနဲ့
တစ်နေ့တာကို ရေးရေးလေးပုံဖော်ကြည့်လိုက်တယ် ။ ။

နောက်ကျိနေတဲ့ အမှန်အမှား
အမြစ်မပြတ်နိုင်တဲ့ အာရုံခြောက်ပါး
လဘ်သိတ်ထိုးလွင့်ကျလာတဲ့ အမှောင်ထု
ဒါတွေပေါင်းစုနေတဲ့ စိတ်စေရာအခန်းထဲ
ဒီညလေကိုလည်း ထိတ်လန့်မှုနဲ့ရှုတယ် ။ ။

ညိတွယ်မှုကြောင့်လား...
အသိတကယ် မရှိမှုကြောင့်လား...
ရိပ်ကနဲမြင်လိုက်တဲ့ အရာရာမှာ
ဝေခွဲရခက်မှု ထောင်သောင်းမကပါတယ် ။ ။

ကိုယ့်ကိုယ်ကိုယ် ပြန်ခြောက်နေမှတော့
ဦးနှောက်လည်း အလုပ်မလုပ်
ကဗျာတစ်ပုဒ်ဖြစ်ဖို့ ဝေးလို့
ကုတင်ဘေးမှာဘဲ ငုတ်တုတ်လေး
ငါလေ...
ကိုယ့်အရှုပ်ထုပ်နဲ့ ကိုယ်ထွေးလုံးရစ်ပတ်လို့ ။ ။

ဘယ်ကလာကြတာလဲ
ဘယ်ကိုသွားကြမှာလဲ
လျှောက်လှမ်းခဲ့သမျှခရီးတွေမှာ
ဒီညခရီးက အရှည်ကြာဆုံးဖြစ်နေတော့
ငါ့မှာ...
ကဗျာတစ်ပုဒ်နဲ့ အလင်းထုတ်ဖို့
ထိတ်လန့်ခြင်းမီးကို ပိတ်နိုင်အောင်ကြိုးစားရင်း
မနက်ခင်းမှာ...ငါ
ကဗျာမရေးတတ်တော့ဘူး ။ ။

ကံကြမ္မာတဲ့...
စိတ်မှာ အဖန်တစ်ရာမကသတ်လိုက်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို pancam.astro.cornell.edu မှ ကူးယူဖော်ပြပါသည်။

14 comments:

နွေးနွေးသဲမွန် said...

ဘယ်ကလာကြတာလဲ
ဘယ်ကိုသွားကြမှာလဲ
လျှောက်လှမ်းခဲ့သမျှခရီးတွေမှာ
ဒီညခရီးက အရှည်ကြာဆုံးဖြစ်နေတာ့
ငါ့မှာ...
ကဗျာတစ်ပုဒ်နဲ့ အလင်းထုတ်ဖို့
ထိတ်လန့်ခြင်းမီးကို ပိတ်နိုင်အောင်ကြိုးစားရင်း
မနက်ခင်းမှာ...ငါ
ကဗျာမရေးတတ်တော့ဘူး ။ ။<--အဲ့ဒီ မရေးတတ်လို့ ရေးဖြစ်လိုက်တဲ့ကဗျာက ရင်ကိုလာထိတယ်

လွမ်းသုရင် said...

ခေါင်းစဉ်ကိုမြင်ပြီး လန့်သွားတာပဲ။ တော်သေးတာပေါ့ ဟူးးးးးး

မီးငယ် said...

မရေးတတ်လို့ပဲတော်သေးတယ် အကိုကြီးရယ်

minn thuka said...

အားပါဘူးဆို ....လာပြန်ပြီနောက်တစ်ပုဒ်
မှတ်ထား အကြွေး ဒါပဲ။

အိန္ဒြာ said...

ကဗျာမရေးတတ်တော့ပဲ ရေးထား...တာတောင်
တော်တော် ကဗျာဖြစ်နေတုန်းတာပါပဲလား...
ကဗျာဆရာရဲ့....

MANORHARY said...

မရေးတတ်တော့ဘူးဆိုပြီး
ရေးထားတဲ့ကဗျာ
လာဖတ်သွားတယ်။

အိုင်လွယ်ပန် said...

ကံကြမ္မာတဲ့...
စိတ်မှာ အဖန်တစ်ရာမကသတ်လိုက်တယ် ။ ။

အပိတ်လေးလှတယ်ဗျ .....

ကောင်းကင်ပြာ said...

ကုတင်ပေါ်မှာအိပ်မနေဘဲ ဘာလို့ ကုတင်ဘေး ထိုင်နေတာပါလိမ့်၊ :)
ဘယ်က လာလို့ ဘယ်ကိုသွားရမှန်း မသိသူတွေချည်းပဲလေ၊ အားလုံး ဒီခရီးကို လျှောက်နေကြတာပါ၊

လွတ်ငြိမ်းလေပြေ (breeze) said...

ကံကြမ္မာ ကို ပြောင်းလဲလို့မရဘူးလို့ ပြောကြတယ်အစ်ကို
ပြောင်းလဲလို့ မရရင်တောင် ခံစားရတာတွေ သက်သာပါစေလို့ ဆုတောင်းပေးပါတယ်

Anonymous said...

ကဗျာလေး ခံစားသွားပါတယ်ဗျာ...။

may16 said...

မရေးတတ်ပေလို့ပဲနော်
ကဗျာလေးက ညွှန့်နေတာပဲ

ဆောင်းယွန်းလ said...

ကဗျာမရေးတတ်တော့လို့ ကဗျာဖြစ်သွားတဲ့ ကဗျာတပုဒ်
ကတောင် ကဗျာကောင်းတပုဒ်ဖြစ်နေတယ်
ညီလေးရေ...

မေ့သမီး said...

အခုဘာဖြစ်သွားတာတုန်း။ ကဗျာမရေးတတ်ဘဲနဲ့ ဘာလို့ရေးတာတုန်း။ အခုစကားပြေပြန်ပေး။ :P

Unknown said...

ကံကြမ္မာတဲ့...
စိတ်မှာ အဖန်တစ်ရာမကသတ်လိုက်တယ် ။ ။
အပြင်မှာပါ သတ်လို့ရရင် ကောင်းမယ်...... :D

Template by - Abdul Munir