Monday, June 22, 2009

ဝါသနာ

ဝါသနာတဲ့....
စိတ်က ဆာနေတတ်တယ် ။ ။

ကိန်းဂဏန်းတွေ အစွမ်းထက်တဲ့
ဟောဒီ့ လောကရမ္မက်ထဲမှာ
ငါဝါသနာပါတာ ကဗျာ ။ ။

ရင်ဘတ်အတွက် အဆိပ်မခတ်ဘူး
လူကုံထံချင်းလည်း မနှိပ်စက်တတ်ဘူး
နင်းရင်းနဲ့ ပြားသွားတာလဲ နင်းပြားတွေဘဝ
သုံးဆယ့်တစ်ဘုံမှာ ကျင်လည်သမျှပြကွက်အစုံ
ပုံပမာပြုလို့ ကဗျာကိုထုဆစ်ရင်း
အတွင်းအပြင် ငါ့စိတ်အာရုံအပြင်အဆင်က
ပဒိုင်းသီးတစ်လုံးလို ကဗျာကိုရူးတယ် ။ ။

ကဗျာဆိုတာ...
နှလုံးသားရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း
စေတသိတ်ရဲ့ အကျစ်လစ်ဆုံးမှန်
ဒဏ်ရာတို့ရဲ့ မော်ကွန်း
ရင်တွင်းမြစ်ရဲ့ မွေးဖွားရာ
အမှန်တရားရဲ့ သားတပါး
လောကပါလရဲ့ နရည်စည်းချက်
ဘ၀ဂ်အထိညံလို့
ရင်ခွင်မှာ ဒဏ်ရာနက်စေဦး
ငါ့နှလုံးရင်ပြင်ထက်မှာ
ကဗျာအတွက် ထိုးကွင်းနှက်တယ်
ချဉ်ဆီပါမက သွေးကြောထဲအထိဝါသနာ
ဒါဟာ ကဗျာ...။ ။

ခွင့်တောင်းစရာမလို တိုင်ပင်ညှိနှိုင်းစရာမလို
မိတ်ဆွေမှန်သမျှ ၀င်ထွက်သွားလာလို့ရတယ်
ငါ့နှလုံးသား ပြတိုက်ဘုံဆောင်
နက္ခတ်တို့ ညှိုးလို့ လရောင်မတိုးတောင်
ငါ့ဝါသနာ ငါ့ကဗျာအတွက်
ငါ့ရင်ခွင်အရောင်လက်မယ်
နေ၀င်လို့ မီးသတ်
ငါ့ဘ၀ အပြီးသတ်ရင်တောင်
ငါဆိုတဲ့ကောင်က ကဗျာဆိုတာကို
အာ ဂုံ ဆောင် သွား မယ် ။ ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်


ကျွန်တော့်အား အလွန်တရာမှပင် ခင်မင်ချင်ယောင်ဆောင်တတ်သော၊ ခိုင်းစရာရှိပါက မောင်လေးရေဟု အစပြုတတ်သော၊ ခိုင်းစရာမရှိလျှင် စကားပင်လေးလုံးပြည့်အောင် မပြောတတ်သော၊ ကျွန်တော့်အား မတွေ့ချင်မမြင်ချင်သူ စာရင်းတွင် နံပါတ်လေးနေရာတွင် ထည့်ထားသော၊ ကျွန်တော် မူး၍ရစ်သောအခါတွင် သည်းခံနားထောင်ပေးတတ်ရှာသော၊ ကျွန်တော့်အမအရင်းနှင့် မခြား ရိုသေလေးစားခင်မင်ရသော၊ တစ်ခါတစ်ခါ စိတ်ကောင်းဝင်လျှင် ထမင်းချက်ကျွေးတတ်သော(စိတ်ကောင်းကလည်း တစ်ခါဘဲ ၀င်တာပါ) အမအိန္ဒြာမှ တက်ဂ်သည့် ၀ါသနာဆိုသော ခေါင်းစဉ်အား ဤကဗျာလေးဖြင့် အကျွေးဆပ်အပ်ပါသည်။ မကြီးရေ ရေးပေးတာ နောက်ကျတာကို ခွှင့်လွှတ်ပေးစေချင်ပါတယ်နော်။ မကြီးကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။

14 comments:

Anonymous said...

ဝါသနာကို ကဗျာလုပ်ရေးသွားတာ ကောင်းပါ့ဆရာရယ် ထုံးစံမပျက် အရည်အသွေး အပြည့်နဲ့ တကယ့်ကို စပယ်ရှယ်ပါပဲ...
ကျွန်တော်လည်း တက်ခံထားရတယ် ... တအားကို အကြွေးတွေများနေပြီ ... ကျွန်တော် ... ကယ်ပါဦးဆရာရေ ....
ခုလည်း မကြီး တက် ထားတဲ့ ၀ါသနာကို စဉ်းစားရင်း ၀ါသနာပါတာတွေ များလွန့်လွန်းလို့ ဘယ်လိုရေးရမလဲတောင် မသိတော့ဘူး ... :D

Anonymous said...

စိတ်က စာနေတယ်ဆိုတာ ဆာလောင်တာမျိုးကို ဆိုလိုတာလို့ ထင်ပါတယ်ခင်ဗျာ

Moe Myint Tane said...

ကျေးဇူးကိုရွာသားရေ ပြင်လိုက်ပါပြီ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အိုင်လွယ်ပန် said...

ကဗျာဆိုတာ...
နှလုံးသားရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း
စေတသိတ်ရဲ့ အကျစ်လစ်ဆုံးမှန်
ဒဏ်ရာတို့ရဲ့ မော်ကွန်း
ရင်တွင်းမြစ်ရဲ့ မွေးဖွားရာ
အမှန်တရားရဲ့ သားတပါး
လောကပါလရဲ့ နရည်စည်းချက်
ဘ၀ဂ်အထိညံလို့
ရင်ခွင်မှာ ဒဏ်ရာနက်စေဦး
ငါ့နှလုံးရင်ပြင်ထက်မှာ
ကဗျာအတွက် ထိုးကွင်းနှက်တယ်

ကောင်းတယ်ဗျာ ...

ကောင်းကင်ပြာ said...

တို့မောင်ကတော့ ၀ါသနာတောင် ကဗျာရေးလိုက်တာ လှချက်၊ မိုးမြင့်တိမ် ဆိုတဲ့ မောင်လေး ကဗျာတွေ အများကြီး အာဂုံ ဆောင်နိုင်ပါစေ:)

MANORHARY said...

ကဗျာဖတ်တယ်
အောက်ကစာဖတ်ပြီး ပြုံးသွားတယ်..

ကိုရင်နော်ခင်လေးငယ် said...

ငါ့နှလုံးရင်ပြင်ထက်မှာ
ကဗျာအတွက် ထိုးကွင်းနှက်တယ်
ချဉ်ဆီပါမက သွေးကြောထဲအထိဝါသနာ
ဒါဟာ ကဗျာ...။ ။
တဲ့

ဒီကဗျာဆရာရဲ့ ဝါသနာ ကို ဒီကဗျာ ဖတ်လိုက်ရုံနဲ့ သိနိုင်ပါတယ်..

ကဗျာဆရာရေ..
ကဗျာလေးကောင်းလွန်းတယ်.. ခါတိုင်းလိုပဲ အသံထွက်ပြီး ဖတ်ကြည့်လိုက်သေးတယ်..

စကားမစပ်.. အဲ့ဒီ အစ်မကြီးက အဲ့လိုကြီးလား..း)

နွေးနွေးသဲမွန် said...

ဝါသနာ နဲ့ အရင်းခံတဲံ့ကဗျာလေး...ကောင်းလိုက်တာ....:-)

အိန္ဒြာ said...

ကျွန်တော့်အား အလွန်တရာမှပင် ခင်မင်ချင်ယောင်ဆောင်တတ်သော၊ ခိုင်းစရာရှိပါက မောင်လေးရေဟု အစပြုတတ်သော၊ ခိုင်းစရာမရှိလျှင် စကားပင်လေးလုံးပြည့်အောင် မပြောတတ်သော၊ ကျွန်တော့်အား မတွေ့ချင်မမြင်ချင်သူ စာရင်းတွင် နံပါတ်လေးနေရာတွင် ထည့်ထားသော၊ ကျွန်တော် မူး၍ရစ်သောအခါတွင် သည်းခံနားထောင်ပေးတတ်ရှာသော၊ ကျွန်တော့်အမအရင်းနှင့် မခြား ရိုသေလေးစားခင်မင်ရသော၊ တစ်ခါတစ်ခါ စိတ်ကောင်းဝင်လျှင် ထမင်းချက်ကျွေးတတ်သော(စိတ်ကောင်းကလည်း တစ်ခါဘဲ ၀င်တာပါ)

သေချာတယ်နော်..စိတ်ကောင်းတစ်ခါပဲဝင်တယ်ဆိုတာ..
မှတ်ထား..နင့်တစ်ယောက်တည်းမခေါ်ပဲချန်ထားဦးမယ်..

ကဗျာကတော့ ကောင်းပါတယ်
လူကသာမကောင်းတာ...

အိန္ဒြာ said...

ကျွန်တော့်အား အလွန်တရာမှပင် ခင်မင်ချင်ယောင်ဆောင်တတ်သော၊ ခိုင်းစရာရှိပါက မောင်လေးရေဟု အစပြုတတ်သော၊ ခိုင်းစရာမရှိလျှင် စကားပင်လေးလုံးပြည့်အောင် မပြောတတ်သော၊ ကျွန်တော့်အား မတွေ့ချင်မမြင်ချင်သူ စာရင်းတွင် နံပါတ်လေးနေရာတွင် ထည့်ထားသော၊ ကျွန်တော် မူး၍ရစ်သောအခါတွင် သည်းခံနားထောင်ပေးတတ်ရှာသော၊ ကျွန်တော့်အမအရင်းနှင့် မခြား ရိုသေလေးစားခင်မင်ရသော၊ တစ်ခါတစ်ခါ စိတ်ကောင်းဝင်လျှင် ထမင်းချက်ကျွေးတတ်သော(စိတ်ကောင်းကလည်း တစ်ခါဘဲ ၀င်တာပါ)

သေချာတယ်နော်..စိတ်ကောင်းတစ်ခါပဲဝင်တယ်ဆိုတာ..
မှတ်ထား..နင့်တစ်ယောက်တည်းမခေါ်ပဲချန်ထားဦးမယ်..

ကဗျာကတော့ ကောင်းပါတယ်
လူကသာမကောင်းတာ...

သက်ပိုင်သူ said...

သိပါတယ်ဗျာ..
ကဗျာပဲရေးတော့ ကဗျာပဲ ၀ါသနာပါမှာပေါ့.. အဟီး

may16 said...

ဝါသနာကို ကဗျာနဲ့တင်သွားတာပေါ့နော် ကိုမိုးမြင့်တိမ်

ဇေဇော် said...

ကိုမိုးမြင့်တိမ်ရေ... တော်ကြာ ခင်ဗျားကိုပါ ကယ်ရီကေးချားကဗျာရေးလိမ့်မယ်...။

ဝါသနာနဲ့ ဘ၀ တစ်ထပ်တည်းကျပါစေလို့..ဆုတောင်းပါတယ်ဗျာ...။

Moe Myint Tane said...

ဟုတ်တယ် ကိုညီဇေရေ။ ကျွန်တော့်ကို ကြုံးဝါးနေလေရဲ့။ ကဗျာစပ်ပစ်မယ် ဆိုပြီးတော့။ ဆုတောင်းလေးအတွက် ကျေးဇူးပါဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Template by - Abdul Munir