Saturday, August 22, 2009

ဟိုတစ်နေ့က

ဟိုတစ်နေ့ကပေါ့...
နီညိုရောင်ရင့်ရင့် ညနေမှာ
ကျားကုတ်ကျားခဲ စိတ်အစွဲကိုထုတ်လှမ်းတော့
မျှော်လင့်ခြင်းတစ်သိုက် ပြိုက်ကနဲကြွေကျတယ် ။ ။

ဟိုတစ်နေ့ကပေါ့...
ကြေကွဲကျင့်စဉ် နောက်ဆုံးအဆင့်အဖြစ်
အမုန်းနင့်နင့်တွေ ရင်ထဲထည့်ပစ်ခဲ့တယ် ။ ။

ဟိုတစ်နေ့ကပါဘဲ...
မာယာကို တွန်းလှန်တဲ့ပွဲမှာ
ကြည့်သူမရှိ လက်မှတ်မပါ ကြေငြာစာတမ်းမထိုး
ရင်ခွင်မြို့ရိုး တ၀ုန်းဝုန်းပြိုကျ
ဘ၀က သုံးခွက်တစ်ခွက်တင်တောင်ကြိုချင်ဖွယ်မရှိ
နင့်နဲခြင်းတွေနဲ့ ပိနေခဲ့တယ် ။ ။

ဟိုတစ်နေ့ကပေါ့...
နှလုံးသားမင်းတုပ် ချိတ်ပိတ်တင်ဒါမှာ
အကျိုးလိုလို့ ညောင်ပင်ရေလောင်းတဲ့
ကိုယ့်မီးကိုယ်ပျိုး စိတ်မျိုးတွေမထွန်းကားစေဖို့
ရင်ရင်ချင်း ထုံကူးတဲ့အလေ့အထကို
ငါ သတ်လိုက်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

8 comments:

MANORHARY said...

ဟိုနေ့ကပေါ့...လို့အစချီပြီး ကဗျာလေးတစ်ကြောင်း
ရေးမယ်အလုပ် အပေါ်က မောင် craton လုပ်တာနဲ့
ဘာမှမရေးနိုင်တော့ကြောင်းပါ...း((

MANORHARY said...

အံ့သြစရာကြီး
မတင်ခင်က 2 comments တဲ့
ခရေတွန်ဟာလည်းတွေ့တယ်
တင်လည်းပြီးရော ကိုယ်တစ်ခုတည်းကျန်တယ်
ဘယ်လိုဖြစ်.............

အိန္ဒြာ said...

ရင်ရင်ချင်း ထုံကူးကြတာ..

ကြေကွဲကျင့်စဉ် နောက်ဆုံးအဆင့်အဖြစ်
အမုန်းနင့်နင့်တွေ ရင်ထဲထည့်ပစ်လိုက်တော့...

ရှိုက်သံတွေ..လွှတ်ကနဲ..ကြားလိုက်တယ်...

အဲဒီ့ လမ်းမလည်း...

အသည်းနှလုံးတစ်စုံကျကွဲလိုက်သံနဲ့ ချင်းချင်း..ရဲ..လို့

lynnnay said...

ဟိုတစ်နေ့ကပေါ့...
နီညိုရောင်ရင့်ရင့် ညနေမှာ
ကျားကုတ်ကျားခဲ စိတ်အစွဲကိုထုတ်လှမ်းတော့
မျှော်လင့်ခြင်းတစ်သိုက် ပြိုက်ကနဲကြွေကျတယ် ။ ။

ကြိုက်တယ်ဗျာ...

လင်းနေ

အိုင်လွယ်ပန် said...

ဖတ်သွားပြီ ကိုယ့်ဆရာ ...
အကြွေမိုးတွေ ...
သည်းတုန်း .....

ကောင်းကင်ပြာ said...

ဖတ်ရုံပဲ ဖတ်သွားတယ် တိမ်ရေ၊

flowerpoem said...

စာစုလေးကိုလာဖတ်ပါတယ် ကိုမိုးမြင့်တိမ်.

minn thuka said...

စားစား...သွားသွား..
နားနား..နေနေ..
ခွေခွေ..အိပ်အိပ်..
ချစ်သူကို...
တမ်းတတဲ့စိတ်က ကြိတ်မှိတ်ကြေမွ
တသသလေ ဝေခွဲမရ
မေ့မရနဲ့ နေ့ညရက်ဆက်
အိပ်မက်လိုလို တိမ်လိုလိုရွေ့
အဲဒီနေ့လေး မေ့ဆေးခပ်လဲ
စိတ်ထဲစွဲထင် လွမ်းချင်နေမိ
မင်းသိရဲ့လား
နင်ပျိုးခဲ့တဲ့ အချစ်တွေက
ငါ့အတွက်တော့
ရင်ကျိုးမဲ့ အဖြစ်တွေမို့....

Template by - Abdul Munir