Thursday, August 27, 2009

မနက်ဖြန်

လွင့်မျောခြင်းရဲ့ နောက်ကွယ်မှာ
ချည်နှောင်မှုတွေ ရှိတယ် ။ ။

ချည်နှောင်မှုရဲ့ နောက်ကွယ်မှာ
မမြဲမြံမှုတွေ ရှိတယ် ။ ။

မမြဲမြံမှုရဲ့ နောက်ကွယ်မှာ
လွတ်မြောက်မှုတွေ ရှိနေတတ်ပြန်တယ် ။ ။

ဘ၀ဆိုတာ စိတ်တိုင်းကျထုဆစ်ထားတဲ့ ပန်းပုမှ မဟုတ်ဘဲ
အထင်ကရတွေ အတွက်နဲ့ တောက်ပခဲ့သလို
အထင်ကရတွေ အတွက်နဲ့ပဲ ပြာကျခဲ့ပြန်သတဲ့
ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်လေ
မနက်ဖြန်ဆိုတာ
ငါတို့ထံကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာဦးမယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

6 comments:

kaungkinpyar said...

အလွင့်မျောလဲ မခံနဲ့၊ အချည်နှောင်လဲ မခံနဲ့၊ ဘ၀ ဆိုတာ ရိုးရိုးလေးပါ၊ ရိုးရိုးတွေးပါ၊ လှပတဲ့ မနက်ဖြန်တွေ အများကြီးရောက်လာမှာပါ မောင်လေး

Anonymous said...

မျှော်လင့်ချက်တွေသိပ်သည်းပြီး ခဏလေးတွေကုန်လွယ်တယ်.. ဒါဆို ဒီကဗျာလေးအတိုင်းပဲ။

အရောင်ပြောင်းတတ်တယ်.. ထိန်းတတ်သိမ်းတတ် ရင့်ကျက်တတ်တယ်.. ဒါဆို မကောင်းကင်ပြာပြောတဲ့အတိုင်းပဲ။

အိုင်လွယ်ပန် said...

မနက်ဖြန်တိုင်းမှာ မနက်ဖြန်ရှိပါတယ် ...
ငါ ဆိုတာရှိနေသေးသမျှပေါ့ ....

emayarKhin said...

အဲဒီမနက်ဖြန်များစွာကို.....
ကမ်းလင်းကြိုရင်းလေ.......

HAPPY CLOUD said...

မနက်ဖြန်ဆိုတာ...
တကယ်ရောက်လာမှာပါ... တခါတလေတော့လည်းတွေးမိပါရဲ့...
ကိုယ်မပါတဲ့ မနက်ဖြန်ဖြစ်နေခဲ့မယ်ဆိုရင်ဆိုတဲ့.. အတွေး...
ညီရေ...ကဗျာလေးကောင်းတယ်ကွာ..
ဖိုးမောင်

ဆောင်းယွန်းလ said...

မနက်ဖြန်ဆိုတာရောက်လာဦးမှာပါ
ကိုယ့်အတွက်မနက်ဖြန်ဖြစ်ဖို့မဖြစ်ဖို့ကိုတော့
မနက်ဖြန်တွေကပဲသိနိုင်တယ်ညီလေးရေ

အတွေးရောအရေးပါကောင်းတယ်ညီရေ

Template by - Abdul Munir