Tuesday, October 21, 2008

ယဉ်ယဉ်လေးရူး

ချစ်စိတ်ကလူကို ဖုံးလွှမ်း
တမ်းတခြင်းနဲ့ နပန်းလုံးလို့
အဆိုးအကောင်း ဆိုတာမသိ
အရိပ်ကိုတောင် ရန်သူထင်မိတဲ့ ငါ
လိုချင်တာ မရတဲ့အခါ
အခန်းတံခါး ပိတ်လို့
ကြိတ်မှိတ်ကာ တစ်ယောက်တည်းရူး
ဒါတွေကို မင်းမသိဘူး.....

လှေမှာလည်း အလျားအနံရှိသလို
အချစ်မှာလည်း အသွားအပြန်ရှိတယ်တဲ့
ဒါပေမယ့်လည်းလေ
မေတ္တာမပါတဲ့ ချစ်ခြင်းမျိုး
မင်းမို့လို့ ငါ့ကိုပေးရက်တယ်.....

ဦးနှောက်နဲ့ ဆုံးဖြတ်
အရှုံးအမြတ် တွက်ရအောင်
မင်းနဲ့ငါ ချစ်ခြင်းက
စစ်ခင်းတဲ့ ပြိုင်ပွဲတစ်ခုမှ မဟုတ်တာ.....

မကြင်နာ တမင်ခွာရှောင်ပြေးလို့
ရင်မှာ ဝေဒနာပေးတတ်ခဲ့လေတော့
မဆင်ခြင် အတွေးတစ်ခုနဲ့
ရင်နင့်အောင် ချစ်ဘူးတဲ့ငါ
ခုတော့လည်းလေ
ယဉ်ယဉ်လေးရူး.....

3 comments:

ပန်းခရမ်းပြာ said...

မေတ္တာမပါတဲ့ ချစ်ခြင်းမျိုး တဲ့လား ဘယ်လိုများပါလိမ့်..

GreenGirl said...

မကြင်နာ တမင်ခွာရှောင်ပြေးလို့
ရင်မှာ ဝေဒနာပေးတတ်ခဲ့လေတော့
မဆင်ခြင် အတွေးတစ်ခုနဲ့
ရင်နင့်အောင် ချစ်ဘူးတဲ့ငါ
ခုတော့လည်းလေ
ယဉ်ယဉ်လေးရူး.....


လူသားအားလုံးဟာ ကိုယ့်အကြောင်းနဲ့ကိုယ် စတ်ခုမဟုတ်တစ်ခုတော့ ရူးနေကြတာပါပဲ။ ရူးသာရူး ကိုကြီး :)

လင်းဒီပ said...

ငွေရူး ရွှေရူး ဂုဏ်အရူးထက်
အချစ်ရူးက ပိုမြတ်တယ်။
(မောင်ပန်းမွှေး)
ဒီလိုမျိုးပါဗျာ...

Template by - Abdul Munir