Thursday, October 23, 2008

နံပါတ်(၂) နှင့်ပတ်သက်၍

နှစ်ထပ်ရှိမှ မှတ်မိမယ်ဆိုတဲ့စကား
မင်းအတွက်များ ထားခဲ့တာလား.....

ငါ့အသည်းကို နှစ်ကြိမ်နှစ်ခါခွဲ
မင်းအတွက်တော့
ဇိမ်ဖျာနဲ့တွဲကြည့်ရတဲ့
တိမ်သလာ အငြိမ့်ပွဲတစ်ပွဲလိုပါဘဲ
မေ့လွယ် ပျောက်လွယ် တမ်းတလွယ်ပေါ့....

ငါ့အပြင် နှစ်ယောက်မရှိဘူး ဆိုတဲ့မင်းစကား
တကယ်တော့
ငါဟာနှစ်ယောက်မြောက်ဖြစ်နေတာပါလား.....

အမြတ်တနိုး မင်းကိုတန်ဘိုးထားတဲ့
ရင်ခွင်ကိုမှ ရိုက်ချိုးရက်တယ်......

အေးပေါ့လေ
ဒီဘ၀မှာ ငါကချစ်ရတဲ့သူ
မင်းက အချစ်ခံဘဝ
လုပ်ထားဦးပေါ့ မင်းအလိုကျ.....

အလှည့်အခွင့်ရယ်ကြုံလို့
နောင်ဘ၀မှာများ ထပ်ဆုံခဲ့ရင်လေ
နံပါတ်နှစ်ရဲ့ အရသာ
အချိုမပါ အခါးသက်သက်ရယ်ဆိုတာ
မင်းသိရမှာပါ.....



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

6 comments:

Heartmuseum said...

ငါ့အပြင် နှစ်ယောက်မရှိဘူး ဆိုတဲ့မင်းစကား
တကယ်တော့
အတဲ့နေရာမှာ နှစ်ယောက်မရှိဘူးပြောတာနေမှာပါဗျာ...
ငါဟာနှစ်ယောက်မြောက်
ပဲဆိုရင်တော့တော်သေးတာပေါ့ဗျာ.....D: P:

ရွာသားလေးဝိုင်တီယူ said...

အင်းကိုမိုးမြင့်တိမ်ရေ ဒီအဖွဲ့ကတော့ ကျနော့ကို အရမ်းခံစားစေပါတယ်။ ကောင်းတယ်ဗျာ။ အလှည့်စောင့်ရမှာပေါ့...

KPZ said...

၂ထပ်ရှိမှ မှတ်မိမယ် ဆိုလို့ ၂ခေါက်လာဖတ်သွားပါတယ်

စန္ဒီမိုးမြင့် said...

အလှည့်အခွင့်ရယ်ကြုံလို့
နောင်ဘ၀မှာများ ထပ်ဆုံခဲ့ရင်လေ
နံပါတ်နှစ်ရဲ့ အရသာ
အချိုမပါ အခါးသက်သက်ရယ်ဆိုတာ
မင်းသိရမှာပါ.....
ကိုကြီး နံပါတ် ၂နဲ့ပတ်သတ်ပြီး ညိမလေးက ၈ခေါက်တောင် ပြန်ဖတ်တာ ကြိုက်လွန်းလို့
ကဗျာေ၇းတာ အစ်ကို့ခြေဖျား က ခြေမှုန်လေးကိုမှီရင်ကျေနပ်ပြီ

HAPPYCLOUD said...

ငါ့အပြင် နှစ်ယောက်မရှိဘူး ဆိုတဲ့မင်းစကား
တကယ်တော့
ငါဟာနှစ်ယောက်မြောက်ဖြစ်နေတာပါလား.....


ဆရာမိုး... ဒီနေရာ တော်တော်အားပါတယ်နော်... မဟုတ်မှလွဲရော..... :P

Anonymous said...

အခု တွေ့၍

အခု ဖတ်သည်

အခု ရင်ထဲထိသွားပြီ...

Template by - Abdul Munir