Sunday, November 2, 2008

ကမ္ဘာပျက်တဲ့မနက်

ငါထင်ခဲ့တာတွေက အမှား...
ငါမြင်ခဲ့တာတွေက အမှား...
ငါကြားခဲ့တာတွေက အမှား...
အမှားပေါင်းများစွာထဲမှာ...
ငါဟာ မှားပြီးရင်းမှား...

အမှားကို အမှန်ထင်
အမြင်ကိုေ၀၀ါးလို့
အမှားများဘဲ မြင်တဲ့
မျက်ဝန်းအစုံ
ငါဖောက်ထုတ်လိုက်ချင်တယ်...

အမှားများသာ ကြားတဲ့နား
ကန်းသွားလည်း ငါမသနားဘူး...

အမှားဘက်ကိုစောင်းတဲ့
ငါ့ရဲ့ စိတ်ဦးခေါင်း
ရူးနှမ်းလည်း မထူးဆန်း
လူတွေအကုန်ဟာ
အရူးအနှမ်းများသာဘဲလေ...

အမှားကိုမှ နှစ်ခြိုက်စွာမြုံတဲ့
ငါ့ရင်အစုံ
ခွဲထုတ်လို့ အကုန်သွန်
ငါ့ရင်ကို ဗလာကျင်း
နာခြင်းက ပြင်းပြလိုက်တာ...

မိတ်ဆွေတို့ရေ
သိများသိရင်လေ
ပြောပြပေးကြပါ
ငါ့ ကမ္ဘာပျက်တဲ့
မနက်မှာ
မတ်တတ်ရပ်နေတာ
ဘယ်နှနာရီရှိပြီလဲ???



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

3 comments:

လင်းဒီပ said...

ဟေ့လူကြီး..ကောင်းကင်ပြိုလိုက် ကမ္ဘာပျက်လိုက်နဲ့
ဘယ်လိုတွေဖြစ်နေတယ် မသိ..:P

အိမ်မက်ရှင် said...

ရိုး ... ကောင်းကင်ပြိုတာ ပြေးမလွတ်သေးဘူး ကမ္ဘာပျက်ပြန်တော့ ခံစားချက်တွေ ဘယ်ဘက်ကို ပေါက်ကွဲထက်ရမလဲ ကိုမိုးမြင့်တိမ်ရေ ... ခံစားချက်တွေ သိပ်ပြင်းထန်းစူးရှလေတော့ လိုက်ပါခံစားသူတွေ လှိုင်းထပြီး အလူးအလဲပါပဲကလားဗျာ။ လုပ်ပါဦး ဆရာ။
ဒါပေမယ့် အားတင်းပြီး ခံစားလိုက်မိရဲ့ ....

“အမှားများသာ ကြားတဲ့နား
ကန်းသွားလည်း ငါမသနားဘူး...”

ကဲ ပစ်ပေါက်ကွဲလိုက်ပုံလေ ... ။

“အမှားဘက်ကိုစောင်းတဲ့
ငါ့ရဲ့ စိတ်ဦးခေါင်း
ရူးနှမ်းလည်း မထူးဆန်း
လူတွေအကုန်ဟာ
အရူးအနှမ်းများသာဘဲလေ...”

ဒါဟာ ဗုဒ္ဓဟောကြားတဲ့ တရားတော်နဲ့ အညီခံစားတင်ပြထားပါကလား ၊ သစ္စာတရားပဲ။

“မိတ်ဆွေတို့ရေ
သိများသိရင်လေ
ပြောပြပေးကြပါ
ငါ့ ကမ္ဘာပျက်တဲ့
မနက်မှာ
မတ်တတ်ရပ်နေတာ
ဘယ်နှနာရီရှိပြီလဲ???”

ကျွန်တော်ပြောပြမယ် သိသလောက်ပေါ့ဗျာ အဲဒီ့ကမ္ဘာပျက်တဲ့ မနက်မှာ ကိုမိုးမြင့်တိမ် ကဗျာတစ်ပုဒ်ကို ဖတ်နေခဲ့တာ ဘတ်စ်ကား မလာခင်အထိပါပဲ ... ။ ဒါက ခင်မင်မှုနဲ့ ကျီစယ်ထားတာပါ...။
ကဗျာကောင်းတွေဖန်တီးတတ်လို့ အားကျနေတယ်နော့်။

ခင်မင်လေးစားစွာဖြင့်

HAPPYCLOUD said...

ညီ့ ကဗျာတွေပိုကောင်းလာတယ်... ညီရေ... အခါးကို သကြားရောတော့ အလွန်ကောင်းတဲ့ ကော်ဖီချိုတစ်ခွက်.. ဖြစ်လာသလားလို့... :)

Template by - Abdul Munir