Thursday, November 6, 2008

အခွင့်မရှိ မ၀င်ရ( သို့ )အလွမ်းအခန်း

နှလုံးသား နှုတ်ငုံတော်ဦး
ပွင့်ဖူးတဲ့ ပန်းတပွင့်
ကံကြမ္မာလေပွေ မွှေ့တာကြောင့်
ဝေမလိုနဲ့ ကြွေခဲ့ချိန်မယ်
လောကရယ်...
နင် သာယာနိုင်ပါ့မလား.....

ကျေးငှက်တို့ တေးမဆို
ပန်းတို့လည်း ငိုလို့
ပျော်ရွှင်စရာ ပျောက်ဆုံး
ဝမ်းနည်းမှု တိမ်ဖုံးလို့
ဆိတ်သုဉ်းတဲ့ ဘ၀တို့ညှိုးချိန်မှာ
လောကရယ်...
နင် သာယာနိုင်ပါ့မလား.....

ရင်ခွင်မှာ ဖြစ်တည်
ချစ်ခြင်းတို့ မပီခဲ့ခင်
ခွဲခွာရပြီဆိုတဲ့ အသိတရား
ခံစားလို့ ရရှိလိုက်ချိန်မှာ
လောကရယ်...
နင် သာယာနိုင်ပါ့မလား....

ခုတော့လည်းလေ
နေလာလို့ နှင်းပျောက်ခဲ့ပေမယ့်
ဝေဒနာတို့ ထွင်းဖောက်တဲ့ရင်ခွင်မှာ
အလွမ်းနှင့်သာ ပြည့်ပြန်တာမို့
အချစ်အငွေ့ပျံတဲ့ ဒီအခန်းထဲ
အခွင့်မရှိဘဲ ၀င်မလာကြပါနဲ့တော့.....



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

3 comments:

လင်းဒီပ said...

အလွမ်းတွေ ပြည့်နေတော့လည်း မဝင်ရဲဘူးဗျ...
အခန်းဝကနေပဲ ရပ်ငေးသွားတယ်..

အိမ်မက်ရှင် said...

ဝင်ဖို့အခွင့်ရဖို့ ခွင့်တောင်းမလို့ဟာ ကိုမိုးမြင့်ကြီးက ဘယ်သွားမှန်းမသိလေတော့ အခန်းဝလေးကပဲ ကိုဒီပလို ငေးပြီး .. ကျွန်တော်လည်း ကြည့်နေမိတယ်ဗျာ။ ရသအပြည့်နဲ့ကဗျာလေးဖြစ်ပါကြောင်း ... ။

ခင်မင်လေးစားစွာဖြင့်

ရွှေပြည်သူ said...

“အချစ်အငွေ့ပျံတဲ့ ဒီအခန်းထဲ
အခွင့်မရှိဘဲ ၀င်မလာကြပါနဲ့တော့.....”

စကားလုံးအသုံးအနှုန်းကတော့ ထုံးစံအတိုင်း ကောင်းနေတာပဲ အစ်ကိုရေ။ ကဗျာတွေအားလုံး တ၀ကြီးဖတ်သွားပါတယ်။

Template by - Abdul Munir