Friday, November 21, 2008

တိမ်ညိုမိုက်၍ ငိုရှိုက်သည်

ခါးသက်တဲ့ ညတွေကို
ညတွေကဘဲ ပြန်မျိုချရင်း
ငိုချင်းကို သီရှိုက်တဲ့
လူတစ်ယောက်ရဲ့ ရင်ခုန်သံ
လူတွေကြားမှာဘဲ ပျောက်ပြက်ပြန်ပြီ...

တိတ်ဆိတ်စွာ ကျဆုံးနေတဲ့
ဒီအခန်း............................
အကြင်နာမဲ့တဲ့ ခြေလှမ်းတွေနဲ့
ဘယ်သူတွေ ၀င်လာကြဦးမလဲ...

ဝင်သူလဲ မဲ့ခဲ့ပြီ
ကြင်သူလည်း ခွဲခဲ့ပြီ
ခုတော့လည်း
ရင်ပူတဲ့ လူတစ်ယောက်သာ
ညအခါးတွေကြားမှာ
................................
................................
................................
တွေးလျက်နဲ့ ဆွေး.....



စိတ်၏စေရာနာခံလေသော

8 comments:

လင်းဒီပ said...

တိမ်ညိုမိုက်လို့ ငိုရှိုက်နေရသည် ဆိုပဲ...
တိတ်...တိတ်..
တိမ်တွေပြေးရင် လကလေးထွက်လာလိမ့်မယ်...

လင်းဒီပ said...

ဆော်ရီး...စာရိုက်ဖို့ကျန်သေးတယ်..

ဆိတ်၏ပြေးရာ လျှောက်လိုက်နေသော
လင်းဒီပ

Heartmuseum said...

ဝင်သူလဲ မဲ့ခဲ့ပြီ
ကြင်သူလည်း ခွဲခဲ့ပြီ
ခုတော့လည်း
ရင်ပူတဲ့ လူတစ်ယောက်သာ
ညအခါးတွေကြားမှာ.......

ကိုတိမ် ကျွန်တော့်ကို စောင်းပြောတာလားဗျ။
ကောင်းတယ်ဗျာ။ အထက်က အဖွဲ့ကိုတော့ အကြိုက်ဆုံးဗျ။

အိုင်လွယ်ပန် said...

ရင်ပူနေတဲ့ရင်ခွင်အခန်းကိုမှ
တပ်မက်တဲ့သူတစ်ယောက်ယောက်လောက်တော့
ထပ်ဝင်လာတန်ကောင်းပါတယ်.......
တိမ်ညိုလင်းပြီးရှိုက်သံကင်းပါစေဗျာ...
ကောင်းသောနေ့ပါ...........

eain said...

အခန်း..လေးက
အလွမ်းတေးနဲ့..မှောင်လို့

အိန္ဒြာ

khin oo may said...

ည ကခါးတယ် ဆိုတော့ အရက်သောက် ဖြစ်တာ ကို တင်စားတာဖြစ်မယ်။

Anonymous said...

ကဗျာလေး ဖတ်ရတော့ ကဗျာရှင်ကို သိပ်ကို ဂရုဏာပွား စာနာမိတယ် ကိုမိုးမြင့်ရေ ။
စိတ်မပူပါနဲ့ဗျာ မကြာမီမှာ လေပြေသွေးပြီး ရင်တွေအေးမှာ သေချာတာမယ့် ညချိုချိုလေးတွေ
အခန်းဝမှာ စောင့်နေကြပြီဗျ ...။ ပျော်ရွှင်ပါစေဗျာ ... ။

ခင်မင်လေးစားစွာဖြင့်

ညီအကိုများ said...

ရင်ခုန်သံအသစ်တွေ့ပါစေဗျာ..

ကဗျာကောင်းပါတယ်။

မိုးကြယ်

Template by - Abdul Munir