Saturday, November 1, 2008

ကောင်းကင်ပြိုမဲ့နေ့

အချစ်နဲ့ စစ်မှာ
အကုန်လုံး တရားတယ်
ဒါဆို
မေတ္တာဖုံးတဲ့နှလုံးသား
ဘယ်နားရှာရမတုံး...

အစရှိရင်လည်း
အဆုံးဆိုတာရှိတယ်
ဒါဆို
ငါတို့ ဘ၀နိဂုံးကကော...

တွေ့ဆုံခြင်းရှိရင်
ခွဲခွာခြင်းလည်း ရှိတယ်
ဒါဆို
ခွဲခွာရမယ်မှန်းသိပေမယ့်
အပြစ်ကင်းတဲ့ ချစ်ခြင်းနဲ့
ချစ်ခဲ့သူတွေ အတွက်ကော...

ကမ္ဘာမပြိုပေမယ့်
ငါ့ကောင်းကင် ငိုနေပြီ...
နေရောင်မထိုးပေမယ့်
ငါ့ကောင်းကင် ညှိုးလုပြီ...
ကြယ်ရောင်တောက်ပေမယ့်
ငါ့ကောင်းကင် ပျောက်လုပြီ...

နောက်ဆုံးတော့လည်းလေ
နေ၀င်လို့မိုးချုပ်
ညှိုးရုပ်နဲ့သာ နေရသည်
ငါ့ကောင်းကင်ပြိုမဲ့နေ့
ငါတကယ် မတွေ့ချင်ပြီ...




ရင်ဘတ်နှင့်ရေးဖွဲ့သည်
စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

3 comments:

GreenGirl said...

အချစ်နဲ့ စစ်မှာ
အကုန်လုံး တရားတယ်


ပေါက်ကွဲကုန်ပြီလား :P

Heartmuseum said...

ကမ္ဘာမပြိုပေမယ့်
ငါ့ကောင်းကင် ငိုနေပြီ...တဲ့လား
ခံစားရတာတွေ ပျောက်ကင်းပြီး ပျော်ပါစေဗျာ။

အိမ်မက်ရှင် said...

ကဲ ... ကောင်းကင်ပြိုမယ့်နေ့မှာ

“ကမ္ဘာမပြိုပေမယ့်
ငါ့ကောင်းကင် ငိုနေပြီ...
နေရောင်မထိုးပေမယ့်
ငါ့ကောင်းကင် ညှိုးလုပြီ...
ကြယ်ရောင်တောက်ပေမယ့်
ငါ့ကောင်းကင် ပျောက်လုပြီ...”

တဲ့လားဗျာ ... လှလိုက်တဲ့ စကားစုလေးပါလား ...။

“နောက်ဆုံးတော့လည်းလေ
နေ၀င်လို့မိုးချုပ်
ညှိုးရုပ်နဲ့သာ နေရသည်
ငါ့ကောင်းကင်ပြိုမဲ့နေ့
ငါတကယ် မတွေ့ချင်ပြီ...”

ကဗျာရှင်ရဲ့ ရင်ထဲကို ဖွင့်ကြည့်ရသလိုကို ရှင်းလင်းပြတ်သား မြင်လိုက်ရတဲ့ အကောင်းဆုံး အပိုဒ်ကလေးပါပဲဗျာ၊ ကဗျာရှင်နဲ့ ထပ်တူထပ်မျှ လိုက်ခံစားမိပါရဲ့ဗျာ။
အဲလိုကဗျာလေးတွေကို ကျွန်တော် သဘောကျတယ်ဗျာ ... သိပ်ကို ကောင်းမွန်တဲ့ ကဗျာလေးပါပဲ။

ခင်မင်လေးစားစွာဖြင့်

Template by - Abdul Munir