Sunday, April 12, 2009

လွတ်ကျသွားတော့မည့် ဗိမ္မာန်


ဘ၀ကို တိုက်ပွဲဝင်ဖို့
ချွန်မြထက်မြက်တဲ့ စိတ်လက်နက်ကိုတပ်ဆင်ရင်း
ကန့်သတ်ချက်ကျဉ်းမြောင်းတဲ့ စကားလုံးသတ်ရပ်ဝန်းမှာ
အတ္တစားသီအိုရီတစ်ချို့ရဲ့ သံစဉ်တေးဂီတနဲ့
ပျံသန်းခြင်း မော်ကွန်းအစ
ကံကြမ္မာက ခါးသက်လွန်းတယ် ။

မရေရာခြင်းတွေနဲ့ မိတ်ဖွဲ့ခင်မင်ရင်း
ကြမ်းတမ်းခြင်းနဲ့ လက်ပွန်းတတီးနေခဲ့တဲ့
စိတ်အရောင်စုံ နွံနစ်နေ့ရက်တွေထဲ
သက်တန့်ထဲမှာ မိုးကြိုးတို့ကခုန်
ငါ့ဘ၀ရဲ့ သောင်ပြင်အစုံမှာ
တိုက်စားခြင်း လေးညှို့တင်သံတွေပဲ့တင်ထပ်လို့ပေါ့ ။

သံသရာအတွက်တဲ့...
တပ်တပ်မက်မက် ခြုံလွှမ်းလိုက်တဲ့ဝတ်ရုံမှာ
အငုံအဖူး နှလုံးသားတစ်စုံ
ရိုက်ခတ်ခြင်း ဒဏ်ခံရင်း
ကြိုးစား ပြုံးပြနေတတ်ခဲ့တာ

လောကဓံရေ......
ဒါ..မင်းပေးတဲ့ သင်ခန်းစာတွေပေါ့ ။

သောကကို ကျောပိုးရင်းက
ရင်နင့်စွာ ကျဆုံးသွားခဲ့တဲ့
အစွန့်ပစ်ခံညရဲ့ နောက်ဆုံးထွက်သက်မှာ
တစ်ကိုယ်စာအတ္တတွေအတွက် ငါ့ကျင်းငါတူးရင်း
ဝမ်းနည်းခြင်းတွေနဲ့ မြုပ်နှံပစ်လိုက်တယ်

ငါ့ဗိမ္မာန် ရာသက်ပန်အထီးကျန်...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.flickr.com မှ ကူးယူဖော်ပြပါသည်။

4 comments:

ကိုရင်နော်ခင်လေးငယ် said...

ကိုမိုးတိမ်ရေ..

လောကဓံရဲ့ သင်ခန်းစာတွေနဲ့
စာတတ်သွားတာမျိုးများလား..!!

ဝမ်းနည်းခြင်းတွေကိုတောင် မြုပ်နှံပစ်လိုက်တော့မယ်ဆိုတော့..!!

ရာသက်ပန် အထီးကျန်သွားမဲ့ ဗိမ္မာန်ဟာ
မာန်တွေနဲ့ ဝံ့နေမှာပါ

ဆရာ့ကဗျာကို မဖတ်တတ်ဖတ်တတ်နဲ့ ဖတ်ရင်း... မမှီတဲ့ ဦးနှောက်လေးနဲ့ တွေးမိသမျှ ရေးမိခဲ့၏။

ခင်မင်လေးစား ချစ်ခြင်းအားဖြင့်..

Anonymous said...

လွတ်ကျသွားတော့မည့်ဗိမာန်...
...................
...................
mnhy

အိုင်လွယ်ပန် said...

အထီးကျန် ....

ကဗျာတွေက သိပ်ကို လွမ်းဆွတ်စေတယ်ဗျ ....

ဆောင်းယွန်းလ said...

တစ်ကိုယ်စာအတ္တတွေအတွက် ငါ့ကျင်းငါတူးရင်း
ဝမ်းနည်းခြင်းတွေနဲ့ မြုပ်နှံပစ်လိုက်တယ်

ငါ့ဗိမ္မာန် ရာသက်ပန်အထီးကျန်...။

ကြေကွဲစွာခံစားလိုက်ရပါတယ်....ညီလေးရဲ့ကဗျာလေးတွေက ပိုပိုပြီးပီပြင်လေးနက်လာတယ် ညီလေးရေ..
အားပေးလျှက်ပါညီလေးရေ

Template by - Abdul Munir