Saturday, October 18, 2008

ပန်းနှင့် ရှိုက်သံ

ပင်ယံထက်မှာ စံတဲ့ပန်း
လေပြေတွေ ၀င်ကာရမ်းပြန်တော့
ပန်းဘ၀ ကာရန်မညီ
အလွမ်းမျှသာ လာပြန်သည်
သြော်...ဝေမလိုနှင့် ကြွေခဲ့သည်...

ကြွေကျလို့ မြေခပြန်တော့လည်း
လေပြေရယ် သူလေခွဲတာကြောင့်
ကြွေလာရာ လမ်းပျက်လို့
လှမ်းထွက်တာက တစ်နေရာဆီ....

မခွဲခါ အမြဲသာအတူလိုက်မယ်လို့
အားစိုက်ကာ ကြံရွယ်ပြန်လည်း
အံတုလို့ မဖက်ပြိုင်နိုင်
ငါဟာလေ
လေပြေကို မဆန်နိုင်သူပါလား.....

ကံကြမ္မာလေမုန်တိုင်းရယ်က
မညှာမတာ ၀င်ကာရိုင်းပြန်တော့
နှင်းဝေတဲ့ ဆောင်းမှာတောင်
ကောင်းကောင်းမအိပ်စက်နိုင်တာ
ငါပါ.....

ဘ၀နှစ်ခု ကျိုးပျက်
အချစ်တစ်ခု ကွဲအက်ချိန်
ရင်ခွင်မှာ တည်ထားတဲ့
ငါ့ ယုံကြည်ရာ အချစ်တရားက
ငိုငြီးသံ နားခံနိုင်အောင်
မသာယာဘူး.....

ပြယ်လွင့်တဲ့ ရင်ခုန်သံ
စည်းချက်မဲ့စွာ ကခုန်ပြန်တော့
စုစည်းတဲ့ စိတ်အာရုံမှာ
သိက္ခာလုံအောင် မထိန်းနိုင်ဘူး
ယိမ်းယိုင်တဲ့ ငါ့ဘဝ
အငိုလွယ်သလောက်
အရှိုက်ခက်ပါလား.....

8 comments:

လင်းဒီပ said...

ပန်းရဲ့ရှိုက်သံကိုကြားရမအောင် ဖြေးဖြေးခြင်း သိမ်သိမ်မွေ့မွေ့ခေါ်ယူသွားတယ်လို့ ခံစားရတယ်။။

ပန်းခရမ်းပြာ said...

ဒီကဗျာ ဖတ်ပြီး အမတော့ ကဗျာမရေးရဲတော့ဘူး။ ဒီလောက်ကောင်းအောင် မရေးနှိုင်လို့လေ။
အကြိုက်ဆုံး အပိုဒ်လေးက....>>

ဘ၀နှစ်ခု ကျိုးပျက်
အချစ်တစ်ခု ကွဲအက်ချိန်
ရင်ခွင်မှာ တည်ထားတဲ့
ငါ့ ယုံကြည်ရာ အချစ်တရားက

Copyright လုပ်ထားပါလား။ အကြံပေးတာပါနော်။ တန်ဘိုးရှိတဲ့ ကဗျာတွေမို့ပါ။

GreenGirl said...

အမလေးလေး... ငါ့အစ်ကို ဒီလောက် ခံစားတတ်မှန်း အသိနောက်ကျလေခြင်း...

ရွှန်းမီ said...

ပန်းတစ်ပွင့်.. ဟုတ်တယ်..
ပန်းတွေရှိုက်သံကို ကြားနိုင်တဲ့ ကိုမိုးမြင့်တိမ်ကို ချီးကျူးပါတယ်။
အားပေးလျက်ပါ :-)

Anonymous said...

ကဗျာလေးဖတ်ပြီးတော့ ရင်နဲ့မမျှအောင် ခံစားရပါတယ်..တစ်ယောက်သောသူကို နာကြည်းပေမယ့် လွမ်းမိသွားတယ်

Anonymous said...

ကဗျာလေးဖတ်ပြီးတော့ ရင်နဲ့မမျှအောင် ခံစားရပါတယ်..တစ်ယောက်သောသူကို နာကြည်းပေမယ့် လွမ်းမိသွားတယ်

စန္ဒီမိုးမြင့် said...

ငါအစ်ကို လူပျိုကြီးက ဒီလောက်ကဗျာရေးတာ စွမ်းတာတောင် ကြိုက်တဲ့သူမရှိဘူး

ဒီတစ်ခါ ညီမပေးစားရင်လူချင်းအရင်သွားမတွေ့နဲ့ ကဗျာတွေအရင်ပို့ပေးလိုက်

အိုင်လွယ်ပန် said...

ဝေး....
လန်းလှချည်လားဗျ...

Template by - Abdul Munir