Monday, October 20, 2008

ချစ်သူသိစေ(၂)

တွယ်တာခြင်း မြတ်နိုးခြင်း ယုယခြင်း
တို့နောက်ကွယ်မှာ
ကြောက်တယ်ဆိုတဲ့
အကြောင်းပြချက်
မရှိခဲ့ဘူး ချစ်သူ.....

ချစ်သူမို့ အပြစ်မယူတာကို
လျစ်လျူရှုတဲ့ မင်းသဘော
ငါ...စစ်ကြောလို့ မရနိုင်ဘူး.....

အကြင်နာအမှန်အစစ်မို့
ရင်မှာဒဏ်ဖြစ်စေလဲ
တွယ်တာကျန်ရစ်တာ
မင်းအပေါ်မှာ
တကယ်သာ အမှန်ချစ်ခဲ့လို့ပါ
ချစ်သူ.....

နွေကုန်လို့ မိုးပျောက်ရင်
ဆောင်းဆိုတာ ရောက်စမြဲပါ
ဒီလိုပါဘဲ
ရင်ခုန်သံ ထိုးဖောက်လို့
ငါ့ အသက် ကျိုးပျောက်တောင်
မချိုးမဖောက် ချစ်နေမှာ
မင်းအပေါ်မှာပါ
ချစ်သူ.....


3 comments:

အိုင်လွယ်ပန် said...

သေသည့်တိုင်အောင်ချစ်နေမယ့်အကြောင်း
ချစ်သူနားလည်ခံစားနိုင်ပါစေလို့ဆန္ဒပြုပါတယ်ဗျာ...

ပန်းခရမ်းပြာ said...

ဒီတစ်ခါတော့ မလွမ်းတော့ဘူး။ ကဗျာလေး ဖတ်ရတာ စိတ်ချမ်းသာစရာ ကောင်းတယ်။
အသက် ကျိုးပျောက်တောင် မချိုးမဖောက် ချစ်နေနှိုင်ပါစေ။

GreenGirl said...

ထာဝရ..ထာဝရ..ထာဝရပေါင်းများစွာ ချစ်နေနိုင်ပါစေ

Template by - Abdul Munir