Wednesday, October 22, 2008

ဝမ်းမြောက်ပါစေ

တိတ်ဆိတ်စွာ လှည့်ပြန်ခဲ့တဲ့ညတွေမှာ
ငါ့ရင်တွေ ဘလောင်ဆူပေမယ့်
အမှောင်ထူထူ ညတွေထဲမှာတောင်
ချစ်သူကို ပျော်စေချင်ခဲ့တာ
ငါ့စေတနာ ဆန္ဒရင်းရယ်ပါ....

ချစ်ခြင်းကို ကာရန်ညှိပြန်တော့
ငါပြန်သိလိုက်တာ
မိုးနဲ့မြေက
ပေါင်းစပ်မှုမှ မရှိတာ.....

လရောင်ဆမ်းမှ လန်းတဲ့
ကုမုဒြာ ပန်းလေးတွေပွင့်ချိန်
သူတို့ကို ပြောပြောနေမိတာ
မဆန်းပေမယ့် မရိုးနိုင်တဲ့
မင်းအကြောင်းပေါ့.....

မင်းကြိုက်တဲ့ သီချင်းအဟောင်းလေးတွေ
သတိတရနားထောင်ရင်းက
လမင်းကို ခိုးကြည့်လို့
ငါ...တိုးတိုးလေးရေရွတ်မိတယ်
"နင်တစ်ယောက် ၀မ်းမြောက်ပါလေတော့"

6 comments:

ရွှန်းမီ said...

ကဗျာတွေ ဖတ်ရတာ တော်တော်လွမ်းနေပုံပဲ..။
ကိုမိုးမြင့်တိမ်လည်း ၀မ်းမြောက်နိုင်ပါစေတော့ .. ။

Anonymous said...

ကဗျာလေး.. တိုက်ဆိုင်နေတယ်ဗျာ... ကျနော်ရေးရင် အကို့လို နူးနူးညံ့ညံ့ ထွက်လာဖို့ မလွယ်ဘူး... ဒီလို ခံစားချက် အဖွဲ့အနွဲ့လေးတွေကို ရသမြောက်စွာ ဖတ်ခွင့်ရလို့ ကျေးဇူးပါ..ဗျာ...။



ခင်မင်လျက်
(မိုးမောင်)

အိုင်လွယ်ပန် said...

စွန့်လွှတ်တယ်ဆိုတာ
အပြောလွယ်သလောက်
လက်တွေ့ခက်တယ်ဗျ.....
ကဗျာလေးကောင်းတယ်ဗျာ.........

လင်းဒီပ said...

ဟေ့လူကြီး
မျက်နှာငွေလ..ရွှင်ပပနှင့်
ခင်မဝမ်းမြောက်ပါစေတော့ဆိုတာမျိုးလား...

ပျော်ရွှင်ပါစေဗျာ

GreenGirl said...

ချစ်ခြင်းကို ကာရန်ညှိပြန်တော့
ငါပြန်သိလိုက်တာ
မိုးနဲ့မြေက
ပေါင်းစပ်မှုမှ မရှိတာ.....


ဟုတ်တော့လည်း ဟုတ်သား...

Anonymous said...

မင်းကြိုက်တဲ့ သီချင်းအဟောင်းလေးတွေ
သတိတရနားထောင်ရင်းက
လမင်းကို ခိုးကြည့်လို့
ငါ...တိုးတိုးလေးရေရွတ်မိတယ်
"ဖိုးလမင်း တစ်ယောက် ၀မ်းမြောက်ပါလေတော့"

အဲဒီလိုလေးရေးရင် ကိုယ့်အတွက်ပေါ့ :P

Template by - Abdul Munir