Saturday, October 25, 2008

ကျွန်တော်ချစ်မိအပြစ်ရှိသည်


သူ့ကိုမြင်စခဏမှာပင်
ငါ့ရင်အသည်းတမင်ခွဲမည်ဟု
ငါမထင်ခဲ့မိပါ...
သူကပြန်ချစ်ငါ့ရင်နှစ်၌
ပျော်ရွှင်မှုသာစုခဲ့သည်...
သူ့အလိုစကားမပယ်ရှားဟု
သံဓ္ဓိဌာန်လည်းချခဲ့သည်...
သို့သော်လည်းလေ
သံယောဇဉ်နှောင်ချည်တင်း
ချစ်ခြင်းသည်ခိုင်မာလေမှ
ငါ့အားမချစ်မနှစ်သက်ဟု
သူ့နှုတ်ဖျားမှစိမ်းကားသောစကား
ပြောထွက်လေပြီ...
ငါ့ရင်အသည်းနှစ်ခြမ်းကွဲ၍
မျက်ရည်မိုးစွေ
အပူမီးဖြာဝေနေလည်း
သူမမျက်နှာအပြုံးနှင့်သာရှိခဲ့သည်...
နာကျင်အသည်းအံကိုခဲ၍
တစ်သက်မကြေအမျက်မပြေဟု
ခပ်တွေတွေနေမိသော်လည်း
ပြတ်လေသည်ချစ်ခြင်းကို
ဇွတ်တင်းကာမဆက်ချင်ခဲ့...
ခုတော့လည်းလေ
မည်သူ့ကိုမှအပြစ်မတင်
မချစ်ချင်တော့...
ချစ်မိသည်ကကျွန်တော်...
အပြစ်ရှိသည်ကကျွန်တော်...



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

10 comments:

လွမ်းသုရင် said...

ကိုယ့်ကိုယ်ကို အပြစ်ရှိမှန်း သိရင်လည်း ပြီးတာပဲ :P

Anonymous said...

ကိုမိုးမြင့်တိမ် ရေ ...
အချစ်မှာကတော့
စချစ်မိတဲ့သူက အရှုံးပါပဲဗျာ ...

လင်းဒီပ said...

နောက်ကို အပြစ်မဖြစ်အောင်လို့...
အချစ်နဲ့တွေ့ရင်ရှောင်နော်...:P

တင့်ထူးရွှေ said...

ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ ခံစားနေရတာ တော်တော်ဆိုးတယ်ဗျ ၊ ကဗျာလေးကောင်းတယ် အကိုရေ ၊ အဆင်ပြေပါစေခင်ဗျာ :)

ပန်းခရမ်းပြာ said...

ချစ်မိသည်ကကျွန်တော်...
အပြစ်ရှိသည်ကကျွန်တော်...
ဆိုတော့ အဖွဲ့လေးကို ကြိုက်တယ်။ ကဗျာဆရာကို သနားမိတယ်...

စန္ဒီမိုးမြင့် said...

ငါ့အစ်ကိုကတော့
ဒီဘ၀ ဒီမျှနဲ့ဘဲ
ဘယ်သူ့ကို မှ အပြစ်မတင်အပြစ်မမြင်ဘဲ
ကိုယ့်ကိုယ် ကို ဘဲ အပြစ်တင်နေလေသလားအစ်ကိုတော်
စောစောကတော့ ၂ထပ်
အခု၂ထပ်ပီးတော့ အပြစ်ရှိပြန်သတဲ့လား

GreenGirl said...

ခုတော့လည်းလေ
မည်သူ့ကိုမှအပြစ်မတင်
စကိတ်ကိုလည်း မစီးချင်တော့...
စီ်းမိသည်ကကျွန်တော်...
ချော်လဲလို့ ခြေထောက်နာတော့
အပြစ်ရှိသည်ကကျွန်တော်...

အဟဲ ဒါဆိုငါ့အစ်ကိုနဲ့ ကာရံညီသွားပြီ :P

ရွှန်းမီ said...

ကဗျာဖတ်ပြီးတော့ ဘာပြောရမှန်း မသိလို့ ..။
အစ်ကိုတိမ် အပြစ်တင်ရတာတွေက လွတ်မြောက်ပါစေ။

မီးငယ် said...

အထု ဘယ်နှစ်ထပ်မှာနေသလဲ... :P

Unknown said...

စိတ်၏စေရာနာခံလေသော ဆိုပါလားဗျာ..... အဟုတ်ခံခဲ့ရပုံပေါက်တယ်။
မည်သူ့ကိုမှအပြစ်မတင်တာ ကောင်းပါတယ်ဗျာ....
စိတ်ငြိမ်းချမ်းတာပေါ့......

Template by - Abdul Munir