Monday, October 20, 2008

လွမ်းကျန်ရစ်စေ

ပျော်ရွှင်စရာ ခြံရံလို့
အတိတ်နေ့တွေ ခန့်ညားတုန်းက
ငါလေ
အပြုံးနဲ့ အသက်ဆက်လို့
ဘ၀ဆိုတဲ့ ဘောင်ကို
ရွှေရောင်နဲ့ ကွပ်ခဲ့ဘူးတယ်.....

လောကဓံ မွှေနှောက်လို့
ကြမ္မာလှေ မှောက်တဲ့ငါ့ဘဝ
တစ်စစနဲ့ ကွဲကြေ
အစိတ်စိတ် အမွမွနဲ့ ကွဲနေလို့
ငါ့ နွေရင်ပူတာတောင်
ကြင်သူ လက်နဲ့ဖဲ့ခြွေတုန်း.....

ရင်နှလုံးပျက်သုဉ်း
တိတ်ဆိတ်စွာ ငါကျဆုံးချိန်
မင်းနှုတ်ဖျားက
ငါအမုန်းဆုံး
စကားတစ်ခွန်းပြောတယ်
"လွမ်းကျန်ရစ်စေ"

3 comments:

GreenGirl said...

လွမ်းပြီးတော့တော့ မကျန်ခဲ့ပါရစေနဲ့း(

HAPPY CLOUD said...

အဲလိုတဂယ်ပြောတာလား... လွမ်းကျန်ရစ်စေဆိုပေမဲ့... ပန်းခြံ ထဲမှာ အသစ်နဲ့ ရွှေနေမှာပါကွာ...
(ဖိုးမောင်)

လင်းဒီပ said...

သူက လွမ်းကျန်ရစ်စေ အမိန့်ရှိပေမယ့်
ကိုယ်က ပန်းခြံအသစ်တွေ သွားလို့ရတယ်နော်..:P

Template by - Abdul Munir