Monday, November 3, 2008

ကိုယ်တိုင်ရေးပုံတူ

ည.....
တိတ်ဆိတ်မှုအပေါင်း ခညောင်း
ဗျောင်းဆန်အောင် ခုန်တဲ့ငါ့ရင်
ခုတော့လည်း လူသေနဲ့မခြား
ရင်ခုန်သံတွေ ငြိမ်နေပါပေါ့လား...

ပင်လယ်ဟာ အတိမ်အနက်ရှိသလို
ရင်ခုန်သံကို ဇိမ်အမှတ်နဲ့ကြည့်မိတဲ့ငါ
ကဲ...အခုတော့ မင်းအလှည့်ကျပြီ
ဘာတတ်နိုင်သေးလဲ...

လူတစ်ယောက်ကို ချစ်ခြင်းဟာ
ပူလောင်လိုက်တဲ့ ဖြစ်ခြင်းလို့
အရင်က ပြောခဲ့ဘူးတယ်
ကဲ...အခုတော့ မင်းအလှည့်ကျပြီ
ဘာတတ်နိုင်သေးလဲ...

နောင်တဆိုတာ
နောင်ကျမှရမယ်ဆိုတဲ့စကား
ဆိုခဲ့စဉ် အခါတုန်းက
မင်းမျက်နှာ ဂုဏ်တွေလွှင့်
အပြုံးတွေနဲ့ ၀င့်လို့
ကဲ...အခုတော့ မင်းအလှည့်ကျပြီ
ဘာတတ်နိုင်သေးလဲ...

ည.....
တိတ်ဆိတ်မှုအပေါင်း ခညောင်းလို့
ခုတော့လည်းလေ
ငါ့အကြောင်းငါရေး
ငါတေးသီရာ ငါ့ကဗျာမှာ
ငါ့ကမ္ဘာ တစ်ခါပျက်ခဲ့ပြီ...
ငါကိုယ်တိုင်ရေးသည်
ငါ့ပုံတူ ပန်းချီ...




စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

7 comments:

ပန်းခရမ်းပြာ said...

အလှည့်ကျရင် မနွဲ့စတမ်း ဆိုပေမဲ့...
အင်း... ကိုယ့်အလှည့်ဆိုတော့ ပြောရခက်သား...
ပျော်ရွှင်တဲ့ ပုံတူပန်းချီလေး ရေးနှိုင်ပါစေ...

HAPPY CLOUD said...

လူတစ်ယောက်ကို ချစ်ခြင်းဟာ
ပူလောင်လိုက်တဲ့ ဖြစ်ခြင်းလို့
အရင်က ပြောခဲ့ဘူးတယ်
ကဲ...အခုတော့ မင်းအလှည့်ကျပြီ
ဘာတတ်နိုင်သေးလဲ...


ကြိုက်တယ်... လူတစ်ယောက်ကို ချစ်ရတာဟာ တခါတလေ ပူလောင်တယ်.. တခါတလေတော့လည်း အေးမြ ကြည်နူးစရာ ပါပဲ... ဆရာမိုးမြင့်ကို ကြည့်ရတာ အလှည့်ကျနေပုံပဲနော်...း)

ခင်မင်လျက်...
မိုးမောင်

စန္ဒီမိုးမြင့် said...

ကိုကြီး
ပုံတူဆွဲပြီးရင်ညီမလေးကိုပြအုံးနော်
ငါ့အစ်ကိုကြီး က ချောပြီးသား ပန်ချီဆရာတွေငိုကုန်လိမ့်မယ် ပုံတူမဆွဲနဲ့ ညီမလေး ဆွဲပေးမယ်
အားပေးလျက်
ညီမလေး
စန္ဒီမိုးမြင့်

ရွှန်းမီ said...

ည မှာ ရေးမိတဲ့ ပန်းချီ ပေါ့။
အမှောင်ရောင်တွေချည်း သုံးထားသလိုပဲ။

အိုင်လွယ်ပန် said...

ပုံတူကိုလာကြည့်တယ်ဗျ....
တူလားလို့ :P

Anonymous said...

ရိုး ကဗျာဆရာကြီး ... ကဗျာတွေ ရေးအားကောင်းလှချည်လား ဆရာရယ်
အခုတော့ ဆရာမိုးမြင့်တိမ်ကိုတိုင် ၀င်သရုပ်ဆောင်နေပါရော့လား ... ကဗျာလေးထဲကလို

“ကဲ...အခုတော့ မင်းအလှည့်ကျပြီ
ဘာတတ်နိုင်သေးလဲ...”

ရယ်လို့ ဖိအားပေးနေတဲ့ သူများရှိနေလို့လား ... ?
(ကဗျာကို ခံစားပြီးတဲ့နောက်မှာ သည်ပုံတူက တစ်ထပ်တည်းကျအောင် တူလှပါပေတယ်။ ခံစားမှုတွေနဲ့ပေါ့ဗျာ)

ခင်မင်လေးစားစွာနဲ့

HAPPY CLOUD said...

ည.....
တိတ်ဆိတ်မှုအပေါင်း ခညောင်းလို့
ခုတော့လည်းလေ
ငါ့အကြောင်းငါရေး
ငါတေးသီရာ ငါ့ကဗျာမှာ
ငါ့ကမ္ဘာ တစ်ခါပျက်ခဲ့ပြီ...
....
နောက်ကမ္ဘာ တစ်ခုလာအုန်းမှာညီရေ...နဲနဲစောင့်လိုက်... :P
ခင်မင်လျှက်
ဖိုးမောင်

Template by - Abdul Munir