Sunday, November 9, 2008

ကဗျာတွေကပြောမယ့်ငါ့အကြောင်း

ကဗျာကို ဖက်တွယ်ခဲ့တာ
အသက်ငယ်ငယ်လေးထဲက.....

ခံစားချက်ကို အလေးပေးတော့
ဦးနှောက်ကလည်း မနိုင်
ငါ့နှလုံးအိမ်မှာ
ဒဏ်ရာလှိုင်တာလည်း
ယနေ့ထက်တိုင်ဘဲ....

သံယောဇဉ် ချင်ခြင်းတက်
ရင်တွင်းကအဖြစ်အပျက်ကို
ဖွင့်ဟခဲ့တာလည်း
ဒီကဗျာထဲမှာဘဲ.....

ငါ့ချစ်ခြင်းနဲ့အားပြိုင်
မေတ္တာနဲ့ နိုင်အောင်တိုက်တဲ့
ဒီအချစ်စစ်ပွဲ
ရှုံးနိမ့်ခြင်းကြုံလည်း
ကဗျာတွေကို
ငါလေ
ဖက်တွယ်ဆဲ.....

အဆုံးတစ်နေ့မှာ
လုံးဝမေ့စရာအကြောင်းတွေ
ရှိခဲ့ရင်တောင်မှ
ငါဆိုတဲ့ ကောင်အကြောင်း
ကဗျာတွေက
ကောင်း
ကောင်း
ပြော
လိမ့်
မယ်
....
...
..
.




စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

3 comments:

Anonymous said...

ကိုမိုးမြင့်တိမ်ရေ

ကျေးဇူးအထူးပါဗျာ၊ ကျွန်တော်သိချင်တဲ့ ကိုမိုးမြင့်ရဲ့ ကဗျာတွေ မွေးရပ်မြေနဲ့ ကဗျာတွေသိုက်ဖြစ် သီးပွင့်နေလေတဲ့ ရင်ဘတ်ကြီးကို ကဗျာတွေနဲ့ သီကုံးဖွင်ပြ စပ်ဆိုပြလေတော့ ကျွန်တော် တကယ်ပဲ လေးစားအသိအမှတ်ပြုမိပါတယ်။ ကဗျာချစ်တဲ့ ကဗျာရှင် တစ်ယောက် ချစ်သောကဗျာများနဲ့ ပျော်မွေ့ပြီး သာယာချမ်းမြေ့ပါစေခင်ဗျာ ... ။

ခင်မင်လေးစားစွာဖြင့်

GreenGirl said...

အဆုံးတစ်နေ့မှာ
လုံးဝမေ့စရာအကြောင်းတွေ
ရှိခဲ့ရင်တောင်မှ
ငါဆိုတဲ့ ကောင်အကြောင်း
ကဗျာတွေက
ကောင်း
ကောင်း
ပြော
လိမ့်
မယ်


ဘာတွေ ပြောမလဲလို့ ဆက်ဖတ်ဦးမယ်း)

အိုင်လွယ်ပန် said...

ဝါသနာတူချင်းပဲ...
ဘာမှပြောစရာမလိုတော့ဘူးပေါ့အစ်ကိုရာ....
ဟုတ်တယ်ဟုတ်.... :P

Template by - Abdul Munir