Monday, November 10, 2008

စိတ်၏စေရာနာခံလေသောလူ

တိမ်းမူးတာလည်း ဒီစိတ်
ယိမ်းလူးတာလည်း ဒီစိတ်...
ထိန်းကွပ်တာလည်း ဒီစိတ်
တိမ်းညွှတ်တာလည်း ဒီစိတ်...
စွဲလမ်းတာလည်း ဒီစိတ်
အသည်းကျွမ်းတာလည်း ဒီစိတ်...
အထင်လွဲတာလည်း ဒီစိတ်
ရင်ကွဲတာလည်း ဒီစိတ်...
ချစ်ခြင်းဟာလည်း ဒီစိတ်
အပြစ်မကင်းတာလည်း ဒီစိတ်...
မုန်းခြင်းဟာလည်း ဒီစိတ်
ပျက်သုဉ်းခြင်းဟာလည်း ဒီစိတ်...
တွယ်တာတာလည်း ဒီစိတ်
ဖယ်ခွာတာလည်း ဒီစိတ်...
တမ်းတတာလည်း ဒီစိတ်
လွမ်းရတာလည်း ဒီစိတ်...
ခွှင့်လွှတ်တာလည်း ဒီစိတ်
စွန့်လွှတ်တာလည်း ဒီစိတ်...
ပင်ပန်းတာလည်း ဒီစိတ်
ရွှင်လန်းတာလည်း ဒီစိတ်...
နေတုန်းတော့လည်း ဒီစိတ်
သေဆုံးတော့လည်း ဒီစိတ်...
ဤသို့ဤနှယ် စိတ်နယ်ပယ်မှ
စိတ်တို့ပေါင်း၍ စိတ်ပေါင်းများစွာ
သောင်းချီလာလည်း
မဖယ်မယွင်း နာခံစင်းသည်
လူတို့မည်သည်
စိတ်၏စေရာနာလေသည်.....


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

6 comments:

GreenGirl said...

အားးးးး စိတ်တွေ အများကြီးပါလားးးးး
သေချာမှတ်သွားတယ် စိတ်တွေကိုး)

khin oo may said...

kom: control လေးတော့ရှိမှပေါ့။

Anonymous said...

ဟားဟား သိပ်ကောင်းတဲ့ ကာရံဟန်ချက်ညီလှတဲ့ ကဗျာပေပါပဲ။ ဒါမျိုးတွေလည်း ရပေမယ်လို့ တွေးမိတဲ့ အတွေးက ဒီနေရာမှာ ကွက်တိလာကျသဗျို့ ... ဟင် ကိုမိုးမြင့် ... ? ကိုယ်ဆရာကတော့ လေးစား ပြီးရင်း လေးစားရင်းပါကလားဗျာ။ ကျွန်တော်ကလည်း ကာရံကို ချစ်လေသမို့ ကဗျာလေးကို သိပ်ကြိုက်သွားတယ်ဗျာ။ အဆုံးသတ်အပိုဒ်လေးကို ပိုကြိုက်မိတယ် ... ဆက်လုပ်ဗျာ ... အားပေးနေတယ်ဗျို့ ။

စိတ်ဖြင့်မြင်ရာ ရေးသားမိလေသော

Unknown said...

အော်...ဂလိုကိုး.... စိတ်လိုတော့ မလိုက်နဲ့ဗျ။

Anonymous said...

ကောင်းတယ်ကဗျာလေး

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကိုရေးတဲ့ အထဲမှာ အကြိုက်ဆုံးတစ်ပုဒ် တိုးသွားပြန်ပြီ အစ်ကိုရေ... ပျော်ရွှင်တဲ့စိတ်ကိုပဲ အမြဲပိုင်ဆိုင်နိုင်ပါစေ...

Template by - Abdul Munir