Tuesday, November 11, 2008

လပြည့်ည( သို့ ) ဆေးပေါင်းခတဲ့ည

ထိန်ထိန်သာတဲ့ လမင်း
ကောင်းကင်ယံမှာ ထွန်းလင်း
ကြယ်အပေါင်းလည်း ခြံရံ
ဒါ လမင်းနိုင်ငံ.....

တက်ညီတဲ့ လူတွေပေါင်းစုံ
အာရုဏ်မလာခင် အမှီကပ်ရေး
လက်မနှေးအောင် ကြိုးစားလို့
မသိုးသွားတဲ့ သင်္ကန်း
အပြိုင်အဆိုင် ရက်ကာကပ်ကြတယ်
ဒါ လပြည့်ည.....

လောကဓါတ်တခွင် ဆေးပေါင်းစုံလင်
ညအလှမှာတောင် ဆေးပေါင်းခတော့
နွယ်မြက်သစ်ပင်တွေလည်း
ဆေးဘက်ဝင်ကြတယ်.....

မယ်ဇလီဖူးသုပ် အထူးပြုလုပ်လို့
ရောဂါဘယ ကင်းကွာကြစေဘို့
ဝေမျှကာ တို့တွေစားကြတာ
အမေရာ......
သား ဒီညကိုလွမ်းလိုက်တာ.....

မသိုးသင်္ကန်းတွေ အပြိုင်အဆိုင်
ကောင်းမှုတွေ လှိုင်လှိုင်ပြုတဲ့ည
အဝေးကနေ ကျွန်တော်တမ်း
လွမ်းလှတယ် အမေ.....

ကံကြမ္မာ အခါသင့်ရင်ဖြင့်
တဖန်သာ ပြန်ကာတွေ့ကြမယ်
ထိန်ထိန်သာ ပျော်စရာပွဲတော်ည
အမေ.........
သား ဒီဘ၀ပြန်ရမှာပါနော်.....


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

9 comments:

khin oo may said...

kom: ဖတ်သွားပါသည်။ ကဗျာကို စာလိုဘဲ နေ့တိုင်းရေးနိုင်ပါလား ချီးကျူးပါသည်။

အိုင်လွယ်ပန် said...

ရေးလက်သွက်လှချည်လားဗျ :P
ကောင်းတယ်ဗျာ....

လွမ်းသုရင် said...

d bawa mhar pyan ya mhar par...

KPZ said...

မယ်ဇလီရွက် ရှာမရလို့ မြက်သုပ်စားရင် ကောင်းမလားလို့ စဉ်းစားနေတာ အကိုရေ..ဟိဟိ

Anonymous said...

ထိန်ထိန်သာတဲ့ လမင်း
ကောင်းကင်ယံမှာ ထွန်းလင်း
ကြယ်အပေါင်းလည်း ခြံရံ
ဒါ လမင်းနိုင်ငံ.....

*ဟော..လမင်းတဲ့...
လွမ်းသွားပြန်ပီ..
ငွေအိမ်စံ အတွက်ကတော့
ဒါ..လမင်းကမ္ဘာ*
ဟဲဟဲ.... :P

ကဗျာလေးကို ဖတ်ပီး
အညာက လရောင်အောက်က
ကွပ်ပျစ်ပေါ်မှာ
မိသားစု စုံညီရုံတင်မကပဲ
အလုပ်သမားတွေနဲ့ပါဝိုင်းဖွဲ့ပီး မယ်ဇလီဖူးသုပ်စားခဲ့တာကို
လွမ်းလိုက်တာနော်

လင်းဒီပ said...

လိုက်မလား..လျှောက်ခိုးရအောင်..:P

Unknown said...

ကောင်း၏။ မြန်မာပြည်က တန်ဆောင်တိုင်ကိုတောင် လွမ်းမိတယ်။

Anonymous said...

ကိုမိုးမြင့်ရေ ကောင်းတယ်ဗျာ၊ အလွမ်းတွေ သိပ်သရုပ်ပေါ်တာပါပဲ၊ တမြည့်မြည့်နဲ့ တစ်ပုဒ်နဲက တစ်ပုဒ် ခံစားမှုလှိုင်းတွေ ထပ်ချင်တိုင်းထပ်၊ ခတ်ချင်တိုင်း ခတ်သွားစေပါပေါ့လားဗျား။ လွမ်းနေတာဗျာ သိရဲ့နဲ့ လုပ်ရက်တယ်၊ ငိုချင်လျက် လက်တို့ဗျ သိရဲ့လား။ နောက်ဆုံးအပုဒ်လေးကတော့ ဒိုင်းဆို Heart လာထိလို့ ငူငိုင်တွေးဆွေးပြီး စိတ်ကလေးက ဟိုးကိုယ့်နိုင်ငံက လပြည့်ညကို ပြန်ရောက်သွားသလိုပါပဲဗျာ။ လေးစားလျှက်ပါ။

ခင်မင်လေးစားစွာဖြင့်

ပန်းခရမ်းပြာ said...

တောင့်တနေတဲ့
“ဒီဘဝ” လေး
အမြန်ပြန်ရပါစေ...။

Template by - Abdul Munir