Tuesday, November 25, 2008

မှတ်တမ်းရေးသော ဆွေးရက်များ














အချစ်လက်ဖ၀ါးထက်မှာ
ပါးအပ်ထားတဲ့ ပန်းသီးတစ်လုံး
ရင်ခုန်သံမပျက်သုဉ်းဘဲ ပြုတ်ကျခဲ့တာ
ရူးနှမ်းနှမ်းဖြစ်တဲ့ လက်အပြစ်လား
ပြုတ်ကျသွားတဲ့ ပန်းသီးအပြစ်လား.....

လှပတဲ့မေတ္တာ ငှက်ကလေးတစ်ကောင်ကို
ရွှေလှောင်အိမ်မှာ နှောင်ဖွဲ့ထားချင်တာ
ချစ်တတ်သူရဲ့ အပြစ်လား
ချစ်စရာကောင်းတဲ့ ငှက်ကလေးရဲ့အပြစ်လား.....

မီးထဲခုန်ဆင်းလို့ အသစ်ပြန်ဖြစ်ထွန်းတဲ့
ဖီးနစ်ငှက်မဟုတ်ဘူးဆိုတာ ငါမေ့နေခဲ့တယ်.....

လောကကြီးက ထူးဆန်းပါတယ်လေ
ရာမာယဏ ဇာတ်တော်မှာတောင်
အချစ်နွံထဲကျွံတဲ့ ဒဿ
မယ်သီတာကို ရဘို့ကြိုးစားခဲ့တာဘဲ.....

အချစ်ကြီးတဲ့ ဒဿ
ပြန်ရလိုက်တဲ့ မယ်သီတာရဲ့ဆုလာဘ်ကကော
နောင်ဆယ်သက်တောင် သေစေတဲ့.....

ခုနေချိန်များ မယ်သီတာရှိသေးရင်
နှောင်ဖွဲ့မဲ့ ဓါးတစ်ချောင်းပေးလို့
ဘယ်သူ့ကိုထိုးမလဲ မေးလိုက်ချင်တယ်
ရွေးချယ်လိုက်ပါလေ.....

အဆိပ်သင့်တဲ့ ငါ့ရင်ခွင်ကအချစ်ကို
မင်းမကြင်တော့တဲ့အခါ
တခြားတစ်ယောက် ရင်ခွင်မှာ
မင်းပျော်ရွှင်စွာ ခိုဝင်လှည့်ပါ
ငါငိုချင်ရင်လည်း ငိုနေခဲ့လိမ့်မယ်.....

ကောင်းကင်ထက် ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်း
Velocity ကုန်လို့ပြန်လည်ကျဆင်းတဲ့အချိန်
ရင်ဆီးခံမြေပြင်ဟာ ငါမဟုတ်နိုင်တော့တာ
ကောင်းကင်သက် မကုန်ခင်ကတည်းက
ငါသိပြီးသားပါ.....

အဆုံးသတ်မှာ
ငါအပြုံးမပျက် ဟန်ဆောင်နေပေမယ့်
ရင်ခုန်သံတွေကတော့ ပျက်သုဉ်းရက်ကိုရောက်နေပြီ.....

အဆုံးတစ်နေ့မှာ
မင်းငါ့ကို လုံးဝမေ့ခဲ့ပြီဆိုရင်
ဒေါနပန်းတွေ လှိုင်လှိုင်ပွင့်တဲ့
အလွမ်းတောင်ထိပ်က သောကမြို့ရိုးရှေ့မှာ
ငါ့ရင်ကိုခွဲ ငါ့အသဲ(သည်း)ကိုစတေးပြီး
ငါ့သွေးနဲ့ ကဗျာတစ်ပုဒ်ရေးခဲ့မယ်
ဆွေးရက်မှတ်တမ်း တွင်စေတယ်.....



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

14 comments:

Eaindra said...

နှလုံးသွေးနဲ့ရေးတဲ့အခါ..
ကဗျာ..ဟာ..
အသက်.ဓါတ်တွေဝင်လာတယ်.။

စာလုံးလှလှလေးတွေကို..ပုတီးကုံးလေးလို..သိနိုင်တဲ့.
ကဗျာဆရာတစ်ယောက်ပါလား..ဆရာ.။

အိန္ဒြာ

khin oo may said...

ခံစားချက်တွေြ့ပင်းထန်နေပါလား.
ဝေးဝေးနေမှ။။

သူတောင် ဆရာဘွဲ့ရသွားပါပကောလား.
လေးစားပါတယ်.ဆရာ

Anonymous said...

တကယ် ဆွေးသွားပါတယ်ဗျာ

ညီအကိုများ said...

တစ်ကယ်နူးညံ့ညင်သာတဲ့ အရေးအဖွဲ့တွေနဲ့ ကဗျာကောင်းတစ်ပုဒ်ပါ။

လေးစားပါတယ်။

မိုးကြယ်

MMO said...

အဟားညီရေ...ဆရာဖြစ်ပီ...ချတော့ဟေ့... အဲ... ရေးချင်တာရေးတော့လို့ပြောတာနော်..

ရွှန်းမီ said...

ကဗျာလေးဖတ်ရင်း ဇာတ်ဝင်ခန်းပုံတွေ စိတ်ထဲ မြင်ယောင်လာတယ်။ ပန်းသီးရယ် ငှက်ရယ် မယ်သီတာရယ် . . ဘယ်နေရာကို ပြန်လာမယ်မှန်း မသိရတဲ့ မြှားတစ်စင်းရယ် . . .

အား.. ခုနေချိန်များ မယ်သီတာကို ဓားသွားပေးရင် ပန်းသီးပဲ ခွဲစားလိုက်လိမ့်မယ် ထင်တယ်။
(သူလည်း အမှုဘယ်ဖြစ်ချင်ပါ့မလဲ..)

Anonymous said...

အဆိပ်သင့်တဲ့ ငါ့ရင်ခွင်ကအချစ်ကို
မင်းမကြင်တော့တဲ့အခါ
တခြားတစ်ယောက် ရင်ခွင်မှာ
မင်းပျော်ရွှင်စွာ ခိုဝင်လှည့်ပါ
ငါငိုချင်ရင်လည်း ငိုနေခဲ့လိမ့်မယ်.....

ဟင်း..ဒီတစ်ခါတော့
လမင်း လို့ မရေးတော့ပါဘူး
ဒါပေမယ့် ကဗျာက
ကောင်းလွန်လို့ 
ငိုချင်ရက် လက်တို့ 
လွမ်းသွားဘီ..



ငွေအိမ်စံ

GreenGirl said...

လုပ်ထားကွ... စကားလုံးတွေကတော့ မိုက်ပြီးရင်းမိုက်ပဲ :)
ဆရာဖြစ်တာရော အိမ်သစ်ပြောင်းတာရော မုန့်ကြွေးရမယ် ဒါပဲ ဟဲဟဲဟဲ :P

လင်းဒီပ said...

အား.. ခုနေချိန်များ မယ်သီတာကို ဓားသွားပေးရင် ပန်းသီးပဲ ခွဲစားလိုက်လိမ့်မယ် ထင်တယ်။
(သူလည်း အမှုဘယ်ဖြစ်ချင်ပါ့မလဲ..)

ဟုတ်တယ်ရွှန်းမီ ပြောတာဖြစ်နိုင်တယ်..

ကိုမိုးမြင့်တိမ်ကြီးရေ...
ဘယ်တော့ ရေးရေး
ကောင်းကင်တွေ တိမ်တွေက အမြဲပါတယ်နော်...

ဒီတစ်ပုဒ်ကတော့ စံချိန်ချိုးသွားပြီ...လွှတ်ကောင်းဗျို့...

အမြဲတမ်း အသီးကွဲကဗျာတွေ ရေးတာတော့ ဟုတ်သေးပါဘူး...
သင်္ဂါရလေးလည်း လုပ်ပါဦး..

ခင်မင်စွာ..တနည်းအားဖြင့် လက်ဆော့စွာ..
လင်းဒီပ

လင်းဒီပ said...

အိမ်အသစ်ကလေးနဲ့ လှနေတယ်ပေါ့..:P

thihanyein said...

အဆုံးတစ်နေ့မှာ
မင်းငါ့ကို လုံးဝမေ့ခဲ့ပြီဆိုရင်
ဒေါနပန်းတွေ လှိုင်လှိုင်ပွင့်တဲ့
အလွမ်းတောင်ထိပ်က သောကမြို့ရိုးရှေ့မှာ
ငါ့ရင်ကိုခွဲ ငါ့အသဲ(သည်း)ကိုစတေးပြီး
ငါ့သွေးနဲ့ ကဗျာတစ်ပုဒ်ရေးခဲ့မယ်
ဆွေးရက်မှတ်တမ်း တွင်စေတယ်...
ကဗျာတွေလန်းတယ်ဗျာ**ဖတ်ရတာ အနှစ်သာရအပြည့်ပဲ**ခံစားချက်တွေကောင်းတယ်**
အဲဒီသွေးနဲ့ရေးတဲ့ကဗျာ **နောင်နှစ်၁၀၀တိုင်**
လွမ်းဆွေးသူကြား ရေပန်းစားစေသတည်း**

အိုင်လွယ်ပန် said...

ဒီကဗျာကြိုက်တယ်ဗျာ.....
ရှယ်ပဲ။။။။

Unknown said...

ကောင်းလိုက်တာဗျာ။ ကြိုက်တယ်။

အိပ်မက်ရှင် said...

အိုး ... ဆရာ
ရင်ကို ထုတ်ချင်းဖွင့်ပြီး .... စကားလုံးနဲ့ခံစားမှုအလှရောကျိုထားသမျှ (အနုပညာအလွိုင်း) တွေ
လောင်းထည့်လိုက်သလိုပါပဲလား .... ရင်တစ်ခုလုံး ပြည့်လျှံဆူဝေလို့ ... ကျိုက်ကျိုက်ဆူလို့ .... ကဲ ... ။
တိမ်တွေပျံဝဲခဲ့ပုံက ... ပန်းသီးတစ်လုံး၊ ငှက်လေးတစ်ကောင်နဲ့ မယ်သီတာ ...
ဟုတ်တယ် ... ဖီးနစ်တစ်ကောင်မဟုတ်လို့ မီးသင့်တာမှန်ပေမယ့်
အချစ်အတွက်သင့်တာမို့
ဆယ်သက်သေစေလို့ မယ်သီတာပြောရင်တောင် ...
ဒဿက ပြုံးနေမယ် ... အချစ်နွံဆိုတာ ကျွံဖူးမှလေ လို့ ပြောနေဦးမလား ... မသိ ...
ပေးဆပ်ခြင်းအချစ်ကို မကျင့်သုံးတဲ့ ဒဿကို မြှားတစ်စင်း Velocity ကုန်တဲအကြောင်း ပြောမိရင် အကျမှ သူဝင်ပြေးခံပြီး ရင်ဖွင့်ထားမယ် ... သူ့မှာ အချစ်က မကုန်ခန်းလို့လေ
မယ်သီတာက လုံးဝမေ့လိုက်ပေမယ့်
ဒဿက ....
အခုထိ မမေ့သေးဘူးဆရာ ... ။

ခင်မင်လေးစားမှုများစွာဖြင့်

Template by - Abdul Munir