ဘ၀တွေကလည်း ခါးရဲ့
မျိုမျိုချနေရတဲ့ နေ့ရက်တွေကလည်း
ဆေးခါးကြီးတစ်ခွက်လိုဘဲ ခါးသက်သက်
ဒါပေမယ့် ဒီအခါးတွေကဘဲ
နှလုံးသားအတွက် ဆေးဘက်ဝင်နေတယ်...
မင်းပစ်ခွင်းတဲ့ မြှားတစ်စင်းက
ငါ့ရင်ခွင်ကို နက်ရှိုင်းစွာဝင်စိုက်
နှလုံးသားကို ထုတ်ခြင်းဖောက်ခတ်ချိန်
စီးကျလာတာက သွေးမဟုတ်ဘူး
အချစ်တွေ...
အိပ်ပျက်ခဲ့တဲ့ ညတွေ
ကယောက်ကယက်နဲ့
ခြောက်ခြောက်ခြားခြား
ရင်ခုန်သံအမှားတွေ
ဝုန်းဒိုင်းကြဲနေတဲ့ တမ်းတခြင်းတွေ
သူတို့တွေကြားထဲမှာ
လွမ်းဆွတ်ခြင်းကတော့
တိတ်ဆိတ်စွာ ထိုင်နေလေရဲ့
အဆိပ်ခတ်ခံလိုက်ရတဲ့
နှလုံးသားရင်ပြင်က အချစ်မျှော်စင်ပေါ်မှာလေ...
ရင်ခုန်သံတွေလဲ မရပ်သေးဘူး
အသက်ရှုတာလဲ မ၀တော့ဘူး
နှလုံးခုန်တိုင်းမှာလဲ ရူးချင်ပြီ
လောကဓမ္မရေ မင်းသိရင်ပြောပြာပါ
ငါ့ရင်ဘတ်ကို ဘယ်သူအဆိပ်ခတ်သွားလဲ...
စိတ်၏စေရာနာခံလေသော
(အထက်ဖော်ပြပါပုံကို http://img75.imageshack.us/ မှကူးယူဖော်ပြပါသည်။)
ကျတော့်အကြောင်း
ကဗျာကို ရူးသွပ်တဲ့လူတစ်ယောက်
လေးစားရသော အမအိန္ဒြာ၏ လက်ဆောင်စကား
မင်း.. အတွေးမှန်သမျှ လွှတ်ချလိုက်၊
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
Followers
My Blog List
-
-
ဒီဇင်ဘာ မိုး3 months ago
-
-
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြာ6း years ago
-
-
အလှနတ်သမီးလေး မလိခ...6 years ago
-
စိတ်ရှုပ်တဲ့အခါ6 years ago
-
အတွေးရုပ်ကြွင်းများ8 years ago
-
အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က8 years ago
-
-
အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ9 years ago
-
What is Media?10 years ago
-
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့10 years ago
-
" ယုံ ....... "10 years ago
-
ကန္တာရ ပန်းပွင့်10 years ago
-
မင်္ဂလာပါရှင် ☆彡10 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
Teachers11 years ago
-
“ ဖြတ်မျဉ်းများ “11 years ago
-
တဖြည်းဖြည်းနဲ့ဝေး11 years ago
-
-
-
အနွေးထည်12 years ago
-
လျှို့ဝှက်ပန်း12 years ago
-
ရွာပြင်ထုတ်ခံရသူများ13 years ago
-
လွမ်းလို့13 years ago
-
ချစ်သူသို့14 years ago
-
လွတ်မြောက်ခြင်း14 years ago
-
အတွေ့အကြုံတခုအကြောင်း14 years ago
-
ခရမ်းရင့်ပြာ15 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
ဘယ်နိုင်ငံတွေကပါလိမ့်..!!
Tuesday, December 2, 2008
အဆိပ်သင့်ခြင်း
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
မြန်မာပြက္ခဒိန်
Error loading feed.
ဒီမှာရှိတယ်
အမှတ်တရ မှတ်တမ်း
Labels
သူတို့က ဒီလိုပြောသွားတယ်
- hi - 3/26/2019 - kaung kin
- အဖေ ဆိုတာ ကျွန်တော် အရမ်းကြီး နားမလည်တဲ့ နယ်ပယ်တစ်... - 9/7/2013 - သိ င်္ဂါ ရ
- စာတွေပြန်ဖတ်ချင်တာဖတ်မရတော့ဘူး - 5/14/2023 - Anonymous
- ဟုတ်တယ်ကျနော်လဲ 2009ကဖတ်လာတာပြန်ဖတ်မရတော့ဘူး - 5/14/2023 - Anonymous
- စာမှန်အောင်ဘက်လိုဖတ်ရမလဲ - 5/14/2023 - Anonymous
11 comments:
မင်းပစ်ခွင်းတဲ့ မြှားတစ်စင်းက
ငါ့ရင်ခွင်ကို နက်ရှိုင်းစွာဝင်စိုက်
နှလုံးသားကို ထုတ်ခြင်းဖောက်ခတ်ချိန်
စီးကျလာတာက သွေးမဟုတ်ဘူး
အချစ်တွေ...
လှတယ်...
အိန္ဒြာ
ဆေးပညာသိပ်နားမလည်လို့ ဘယ်ဟာဆေး ဘယ်ဟာအဆိပ်မှန်း ညီမ မခွဲတတ်ပါ။
သိသလောက်တော့ အဆိပ်မိပြီး ကဗျာတွေ အန်ထွက်နေသလား လို့ .. လိုက်သောက်ကြည့်ချင်စိတ် ပေါက်သွားသလိုလိုပဲ။
အိပ်ပျက်ခဲ့တဲ့ ညတွေ
ကယောက်ကယက်နဲ့
ခြောက်ခြောက်ခြားခြား
ရင်ခုန်သံအမှားတွေ
ဝုန်းဒိုင်းကြဲနေတဲ့ တမ်းတခြင်းတွေ...
ရင်ခုန်သံတွေလဲ မရပ်သေးဘူး
အသက်ရှုတာလဲ မ၀တော့ဘူး
နှလုံးခုန်တိုင်းမှာလဲ ရူးချင်ပြီ
လောကဓမ္မရေ မင်းသိရင်ပြောပြာပါ
ငါ့ရင်ဘတ်ကို ဘယ်သူအဆိပ်ခတ်သွားလဲ...
ကိုမိုးမြင့်တိမ်ကို ဘယ်သူအတိပ်ခတ်သွားပါသလဲ...!!
ကောင်းလိုက်တဲ့ နှစ်ပိုဒ်...
Cupid က တစ်နေ့က ကျွန်တော့်ကို လာပြောတယ်... သူဆေးခါးတစ်ခွက်သောက်ရသတဲ့... အဲနောက်တော့ ပြောသေးတယ်
မြှားတံတစ်ချောင်းလည်း ရော့နေသတဲ့ ...
အဆိပ်မိပေမယ့် ဖြေဆေးကို လိုက်မရှာခဲ့ဘူး မဟုတ်လား ...
ရင်ခုန်သံအမှားမှားအယွင်းယွင်းတွေကြားမှာပဲ မူးမိန့်ပျော်ဝင်နေခဲ့သူခြင်းတော့
ကိုယ်ချင်းစာတယ်၊ ဗီးနပ်နတ်သမီးရဲ့ အလှကို ခံစားတုန်း စေတန်ရဲ့ အစွမ်းတွေနဲ့ အသက်မရှုပါနဲ့.... ခါးသက်သက်အတိုင်းလေးထားလိုက် ... ကော်ဖီတစ်ခွက်တောင် မလိုဘူး ... တကယ်တော့ အချစ်က လောကဓမ္မာထဲက ပင်နယံတစ်ခုမဟုတ်တဲ့ သက်သက်တစ်ပုဒ်ပါ ... ဆရာ ... ။
ခင်မင်လေးစားမှုကုဋေကုဋာဖြင့်
ဘယ်ကောင်လဲကွ.............
ဒီလောက်နုတဲ့နှလုံးသားကိုမှ
အဆိပ်ခတ်ရတယ်လို့.................
ဆားပုလင်းနှင်းမောင်ကို အမှုလိုက်ခိုင်းရမလား။ ဦးစံရှားကိုပဲ ခေါ်ရမလား...
ဘာပဲပြောပြော ရင်ဘတ်ကို ညှစ်ချတိုင်း ကဗျာတွေ ထွက်လာတဲ့ ငါ့အစ်ကိုကိုတော့ လေးစားပါတယ် :)
( www.nyeinnyo.blogspot.com ကိုလည်း သွားလည်ကြည့်စေချင်ပါသည်။ )
အနာဂတ်မပါပဲ..အတိတ်နဲ့ ပစ္စုပ္ပန် ကြားထဲ ရင်ကွဲနာကျနေတဲ့ ကဗျာလေး..ပေါ်ပါလို့ တောင်းယူလို့
မရသလို..မပျောက်ပါနဲ့ လို့ တားထားလို့ မရတာ..ဝေဒနာလေ..
အလင်းနဲ့ အရာဝတ္ထုကြားမှာ..အရိပ်ဆိုတာမရှိဘူး..
အနာဂါတ်နဲ့ ပစ္စုပ္ပန် ကြားမှာ..အတိတ်ဆိုတာမရှိဘူး..
အချစ်ဆိုတာလည်း...ရယူပိုင်ဆိုင်ခြင်းနဲ့ ..စွန့် လွှတ်အနစ်နာခံခြင်း ကြားမှာမရှိဘူး..မြတ်နိုးစွာစွဲလန်းခြင်းသက်သက်မှာပဲ ရှိတယ်..
အချစ်က..(Euthanasia..သေစေတာ သေအောင်သတ်တာမဟုတ်ဘူး..)
Die with dignity..သိက္ခာရှိရှိ သေစေတာ..
ချစ်သူလို့ မထင်ရက်.(သိလျက်နဲ့ )
အဆိပ်ဘယ်သူခတ်တာလဲတဲ့...အဲဒါဒီကဗျာလေးရဲ့အသက်....
ညီလေးရေ..
လူဆိုတာ...တို့ဘုရားကလွဲရင်
ဘယ်သူမှ မွေးမွေးခြင်းလမ်းမလျောက်တတ်ဘူး..
ရင်ဘတ်နဲ့ ဒူးတော့ အနည်းဆုံရင်းခဲ့ကြရတာ..
ဒဏ်ရာမရှိတဲ့ နှလုံးသား...
ကဗျာတွေဖြစ်ဖို့  သုံးစားလို့ ရပါ့မလား....
ဘယ်သူခတ်သွားတာလဲ......
ကဗျာလန်းတယ်ဗျာ....
ကိုယ့်ညီလေး အဆိပ်သင့်နေလို့ ဆရာတွေပင့်လာခဲ့တယ်... ဆရာမိုး၊ ဆရာအိပ်တဲ့... သတိထားပီးသာကုပေတော့....
ဖိုးမောင်
ရင်ဘတ်ကိုတော့ စိတ်ရှိတိုင်း နှိပ်စက်နေတာပဲ။
အခုလည်း အဆိပ်ခတ် လိုက်ပြန်ပြီ။
အဟဲ... စတာနော် ... ကဗျာလေး ကောင်းတယ်။
အဆိပ်ခတ်ခံလိုက်ရတဲ့
နှလုံးသားရင်ပြင်က အချစ်မျှော်စင်ပေါ်မှာလေ...
စာသားလေးလန်းသဗျာ..
လွှတ်ကောင်းတယ်..
မိုးကြယ်
Post a Comment