Saturday, December 20, 2008

ရင်နှင့်ရင်း၍

ဝေးလွင့်ခြင်းတံတိုင်း အထပ်ထပ်
ကြေကွဲခြင်းခလုတ်ကန်သင်း ရစ်သိုင်းပတ်
မဖြစ်နိုင်ခြင်းနဲ့ စိုက်ပျိုး
ဝေဒနာစိုးမိုးတဲ့ ဥယျာဉ်မှာ
ရင်ကွဲခံပန်းတပွင့် မင်းအတွက်
အ..ကြိမ်..ကြိမ်..ဖူး..ပွင့်..ပစ်..လိုက်..တယ်..။

ကံကြမ္မာကဘဲ ခွဲခြားတာလား
ဘ၀တွေကဘဲ လွဲမှားတာလား
အသည်းကြားမှာ တည်တဲ့ဘုံ
ယိုင်နဲ့တဲ့ ရင်အစုံနဲ့ လဲကျ
ခွဲခွာခြင်း နိမိတ်ပြတဲ့အချိန်
ကောင်းကင်ရဲ့ ရင်ခွင်က
သွေး..စက်..လက်..ကျ..တယ်..။

အဆုံးစွန်ထိ နားလည်သူကိုမှ
ဘ၀မတူ ချစ်မိတဲ့ငါ
မမြင်နိုင်တဲ့ နှောင်ကြိုးက တိုးထွက်ချိန်မှာ
ကမ္ဘာမြေ မှောင်အတိဖုံးလို့ ကြယ်စင်တို့
ညှိုး..ခြုံး..ခြင်း..မှာ..ကြွေ..တယ်..။

ရွေးချယ်ခွင့် မရှိတဲ့လမ်း
အချစ်မဲ့ ရင်ခွင်နဲ့ လျှောက်လှမ်းချိန်
မျှော်လင့်ခြင်း တံတိုင်းထက်
ဝေးကွာခြင်းအတွက် ငိုတဲ့ဂစ်တာ
ဝမ်းနည်းမှု ရာသီမှာ..ပြို..တယ်..။

မဆုံနိုင်တော့တဲ့ ချစ်သူကိုတမ်းတ
ရင်ပူတဲ့အလွမ်းကို မျိုချ
သံသယဆိုတဲ့ မျက်ဝန်းတွေအောက်မှာ
မင်းအတွက် ချစ်ခြင်းတွေကို
ငါ့ရင် သွေးနဲ့ မီးစာကျစ်လို့
ဒီကမ္ဘာအတွက်
ထွန်း..လင်း..ပစ်..ခဲ့..မယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်


အထက်၌အသုံးပြုထားသောပုံကို www.artloverx3.blogspot.com မှကူးယူဖော်ပြပါသည်။

11 comments:

HAPPYCLOUD said...

ညီရေ... ကံမကုန်ရင်ပြန်ဆုံ ကြတတ်တယ်နော်...
အဲဒီတော့ တစ်နေ့ပြန်ဆုံမှာ ပါ... အချိန်လေးတော့ စောင့်ပေါ့ကွာ..
ဖိုးမောင်

GreenGirl said...

ဆုံချင်တဲ့သူနဲ့ ပြန်ဆုံရပါစေ

ရွှန်းမီ said...

ရင်နဲ့ရင်းပြီး လင်းသွားတဲ့ မီးတောက်တစ်ခု . . .

ညီအကိုများ said...

ကဗျာရဲ့စီးကြောင်းနဲ့အတူမြောပါမိပါတယ်...

ခံစားချက်ကဗျာတွေအတွက်တော့တောက်ပတဲ့နေ့တွေရှိ
ပါတယ်ဗျာ...

လေးစားလျက်
မိုးကြယ်

အိုင်လွယ်ပန် said...

အလွမ်းတွေကြွေနေသဗျ....
ဒါ့ကြောင့်
ကဗျာတွေကောင်းနေတာ

HAPPYCLOUD said...

အသဲကွဲဆရာကြီး.. လွမ်းချင်တိုင်း လွမ်းနေပါ့လား.. ဟင်း..ဟင်း.. တစ်ရက်တော့ ဇာတ်လမ်းတွေ လာအစ်မှဖြစ်မယ်..

ကိုရင်နော်ခင်လေးငယ် said...

ဖယောင်းတိုင်တွေ ဈေးကြီးမှန်းသိလို့
မီးစာကျစ်မယ်လို့ အမြဲစဉ်းစားနေတာပဲနော်
:P

နောက်ဆုံးအပိုဒ်လေးက
ရင်ထဲကို အရောက်ဆုံးပါဘဲ...

ကြယ်ပြာ said...

ကဗျာလေးဖတ်လို့ကောင်းလိုက်တာ

အမရာ said...

ဖတ်ပြီးရင်းလွမ်း....လွမ်းပြီးရင်းဖတ်သွားတယ်....
အကိုရေ....

eaindraomtt said...

ရင်တဲ့ရင်းတဲ့..ကြေကွဲ..လွမ်းဆွတ်ခြင်းတွေ..

သေသေသပ်သပ်လှလှပပကို
မြင်လိုက်ရ..
ကြားလိုက်ရပါရော....

စိတ်ရဲ့စေရာကို...
ရဲရဲဝံ့ဝံ့..နာခံနေနိုင်ပါရောလား..မောင်လေး...

မကြီး..
အိန္ဒြာ

အိပ်မက်ရှင် said...

ရင်ကွဲခံ ပန်း တဲ့လား ....
လှပတဲ့စကားလုံးများနဲ့ ဥယျာဉ်တစ်ခုထဲအရောက် .......
ကိုယ်ရောက်လာတဲ့ အထဲ ဝေးလွင့်နေဆဲလူ (ကဗျာဆရာ) နဲ့ ဆုံတယ် ....။
နယူတန်လို သစ်ပင်ပေါ်က ကျတဲ့ ပန်းသီးတစ်လုံး ....
ဒါပေမယ့် အဲကဗျာဆရာအတွက်ကျတော့ သူ့ကောင်းကင်ရင်ခွင်က ကျလာမယ့်
ဒဏ်ရာသွေးစက်တွေက မြေဆွဲအားထက်ပြင်းထန်တဲ့ သံယောဇဉ်ဆွဲအား ... အချစ်စွမ်းအင်
ကြိုးတစ်ထုံးကို ဖြည့်ဖို့ ကြိုးစားနေတဲ့ ကဗျာဆရာကို
ကဗျာလို ထက်မြက်နေတဲ့ ဓါးတစ်ချောင်းပေးဖို့ ကြိုးစားခဲ့တယ် ...
ဒါပေမယ့် သူ့က အဲချည်နှောင်ခြင်းမှာ သာယာမိန့်မူးလို့ လူးလူးလိမ့်လိမ့်နဲ့ ပြုံးနေခဲ့ ... ။
ချစ်ခြင်းလမ်းမှာ ဆူးခလုတ်တွေကြမ်းပေမယ့် နာကျင်တဲ့ ထိရှခြင်းတွေ ...
နေပြောက်ကျဲကျဲ အမိုးတွေနဲ့ အလွမ်းတဲမှာ ခိုဝင်ပေမယ့် လူသူမသိတဲ့ လုံခြုံခြင်းတွေ ....
ငိုမဲ့မဲ့ ဂစ်တာက သံစဉ်တွေ ခုန်ပေါက်ထွက်ကျလာတဲ့အခါ ... ဒီလူ (ကဗျာဆရာ) ဟာ ... ငိုတယ် ... ။
ကိုယ် ထွက်ခွာလာခဲ့တဲ့ အခန်းငယ်ထဲ .....
မီးအိမ်ငယ်တစ်လုံးကိုမြင်ခဲ့ ...။

Template by - Abdul Munir