Monday, December 1, 2008

ကဗျာပေါင်းမိတ်ဆွေ


အော် ... ဟိုယောင်ယောင် ဒီယောင်ယောင် (^)
အင်တာနက်ကိုဆောင်
အိပ်ချိန်တောင် ကျော်ပါပေါ့ ...
မိုးမြင့်တိမ် မည်လေတဲ့
အိုအဆွေ ...။

အိပ်ချိန်ကျော်လည်း (*)
စိတ်ငြိမ်အောင်
အရင်ကြိုးတာပ
ကိုရွှေကိုအင်တာနက်ရယ်က
ဝင်လာခဲ့ပါ လက်ယက်ခေါ်ပြန်တော့
အကျွန်ုပ်မှာ အဟုတ်မနေသာဘူး
ငိုက်လျက်သာ စိုက်စိုက်တွဲရတယ်
စိတ်နယ်လွန် ဟိုတစ်ဘက်ကမ်းဆီက
ကိုအိပ်မက်ရှင် မည်တွင်ခေါ်သညာတဲ့
အို...မိတ်ဆွေ ကြည်ရွှင်ပါစ...။

ကြည်ပေစွ အတည်ဗွေ မထရက်ပါဘု (^)
စိတ်တွင်းနော် ဖိတ်သွင်းခေါ်
ဤမိတ်ဆွေတွေက
အဟုတ်အပီ နှုတ်စီကာ ဆက်ကြတယ်
အော် ... ကောင်း၏ စိတ်စမ်း ... ။

ကောင်းဆိုဒေါင်းညိုတွေတောင် (*)
အတောင်ဖြန့်ကာမြူးတယ်
မောင်မကြန့်ကြာဘူး လာမယ်ဆို
ကောင်မလေးကိုငိုငိုကာ သူလေချွဲတတ်ပါ့
ခွဲရက်များသူလေ လွမ်းတယ်တဲ့
ကိုအိပ်မက်ရေ တွဲလက်ဆက်ကမ်း...။

ကဒေါင်းညိုအတောင်ဖြန့်ကာပ (^)
ဆောင်းလိုဆို ဤမြေ လှမ်းလှတယ်
အညာတမ်းနေလည်း မဖြေနိုင်ပေါင်
လွမ်းပုံဆောင် ဤအသိတွေက
အပီစိတ်တွေကြွကာ ကြွကာနဲ့
ချစ်သူကို ကိုလေ တမ်းရတယ်
အို ... ကိုမိုးမြင့်ရေ
ဟစ်မိ ဆက်လှမ်း ... ။

ဘ၀ဇာတ်ခုံ အဖုံဖုံရယ်က (*)
ကြုံဆုံလာ ဤဘ၀မှာ
ကြည်မျှသာ နှစ်ကိုယ်တူတွဲဘို့အရေး
ဆွဲလို့သာ တွေးကာမှတ်ပေရော့
ခုများတော့ အနေဝေးတာမို့
ရွှေအေးကို ပန်းကန်တက်လေတော့
ကိုအိပ်မက်ရေ....
အလွမ်းတပ်သားတွေက
နှလုံးသားရင်တဘက်ကမ်းကို
တက်လှမ်းနေကြပြန်ပြီလေ...။

အို ... အဟုတ်တွေ တကယ်ပြောတာပ (^)
အခုလေ ရင်တစ်စုံ ခုန်ကာကြွကာနဲ့
တစ်ပြုံတစ်မကွယ့် အလွမ်းတွေ
ကမ်းတက်ပြီ ချီနေကြပီမို့
လမ်းခက်ပွေ ဒီတပ်သားတွေက
ယူငင်ကာ ဆောင်ယူသိမ်းလေတော့
နွမ်းမိပေ လွမ်းဖြူတစ်ချောင်းကိုမှ
လှမ်းထူမိရတဲ့ ... အို မိတ်ဆွေရေ
ရှုံးမိ စစ်ကြောင်း ... ။

အရှုံးအနိုင် အမှန်မတွက်ပါလ (*)
အမှန်တကယ်ချစ်တာက
ရင်ထဲကမေတ္တာတရား
ပစ်ခွာကာ သူလေသွားစေဦး
မှားလေဦး တစ်ကြိမ်တစ်ခါမို့
ငိုချင်တောင် ကြိုးကာပြုံးပြမယ်
အချစ်စစ်ဖြစ်ကြောင်း...။

အရှုံးအနိုင် တွက်ပိုင်ကာ မချက်လေပ (^)
သက်ယိုင်ကာ လဲကာကျစေဗျ
အလျော့မပေးဟ ... ချစ်မိနေ
ဟစ်မိပေ ဤစာပါးကိုမှ
အသာအယာ ယူကာ ပြမှာဖြင့်
စိတ်တော်ကြည် ရွှင်ကာပြုံးရတဲ့
အို .... ကမ်းဆင့် မှာကြောင်း ... ။

အမှာတော်ပါး ထိုစကားကြားတာဖြင့် (*)
အငိုသမားတောင် ကြိုကြားပြုံးမိတယ်
မဆုံးလေတဲ့ ဒီသံသရာ
ရည်သန်ကာ လက်ရွှေတွဲကြကြောင်း
ကောင်းဆုမွန်တောင်း...။

မငိုလေနဲ့ဆရာ ပြိုနေကွဲ့ ဤကမ္ဘာမှာ (^)
ဆိုလေရဲ့ သာယာစေကြောင်းကိုပ
လိုနေခဲ့ ခင်ရာနှင် မိတ်ပင်ဟောင်းကိုလ
အကြောင်းညီကြရဲ့ စိတ်တော်ရွှင်
ထိပ်တော်တွင် စီကာတွေးချဟဲ့
ဖိတ်ခေါ်ချင် လာပေကောင်းလှမို့
အို ... အဆွေတော် ကိုမိုးမြင့်ရေ ...
ကမ်းမိ လက်ပေါင်း ... ။

ရှေးအစဉ်အလာ စကားထာထားတာက (*)
ခင်မင်ရာမိတ်ဆွေကောင်းရယ်က
ဆွေမျိုးထက် သာကာကောင်းပြန်မို့
ပေါင်းကြတဲ့ ရင်ဘတ်တူ
ထပ်တူကာ ရင်မှာလန်းပါဘိ
လှမ်းတူကာ ပျော်ရွှင်စပ်ကြတယ်
ကိုအိပ်မက်ရေ
ကဗျာတွေသီကာ စပ်ကာဖြင့်
စိတ်လက်သာကြောင်း...။

၂၁.၁၁.၂၀၀၈

(^) - အိပ်မက်ရှင်
(*) - မိုးမြင့်တိမ်

အထက်၌ဖော်ပြခဲ့သော ကဗျာလေးမှာ ကိုအိပ်မက်ရှင်နှင့် ကျွန်ုပ်မိုးမြင့်တိမ်တို့ နှစ်ဦးပေါင်း၍ သီကုံးရေးစပ်ထားသော ကဗျာလေးဖြစ်သည့်အလျောက် ကျွန်ုပ်တို့ရင်ဘတ်တူ ကဗျာဆရာ လူရွယ်နှစ်ယောက်၏ ရင်းနှီးနွေးထွေးမှုကို ဖော်ကြူးကာ ကျွန်ုပ်တို့ တတ်သလောက်မှတ်သလောက်လေးနှင့် ရေးစပ်ထားခြင်းဖြစ်၍ကဗျာဖတ်သူ၊ စာချစ်သူမိတ်ဆွေများအား မည်သည့်ရသကိုမျှ ပေးနိုင်စွမ်းမရှိလျှင်သော်လည်းကောင်း၊ စကားလုံးထားသိုမှု ကာရန်ဖွဲ့စည်းမှုများ မညီညွတ်ခဲ့လျှင်သော်လည်းကောင်း၊ ကဗျာဖတ်သူမိတ်ဆွေများအနေဖြင့် ပျင်းရိဘွယ်ရာဖြစ်ခဲ့လျှင်သော်လည်း
ကောင်း ၀ါသနာတူရင်ဘတ်တူ ကဗျာဆရာလူရွယ်နှစ်ယောက်၏ တတ်စွမ်းသမျှလေးနှင့်သာ ပူးပေါင်းဖန်တီးမှုဖြစ်သဖြင့် နားလည်ခွှင့်လွှတ်ပေးနိုင်မည်ဟု ကျွန်ုပ်အနေနှင့်များစွာမျှော်လင့်မိပါကြောင်း ။

(အထက်၌ ဖော်ပြထားသောပုံကို http://www.mysthaven.com မှ ကူးယူဖော်ပြပါသည်။)



စိတ်၏စေရာနာခံလေသော

7 comments:

Eaindra said...

လုပ်ချလိုက်ပြန်ပြီ..
ဆရာတို့ရယ်....
ချစ်စရာကောင်းလိုက်တဲ့အတွေးပါ..။
နောင်တသသပြန်ပြောဖြစ်ကြဦးမယ့်...အတိတ်တွေပေါ့
လှလိုက်တာ

အိန္ဒြာ

Anonymous said...

ကိုမိုးမြင့် ခင်ဗျားဟာ တကယ့်ကဗျာပေါင်းမိတ်ဆွေပါပဲဗျာ
အဲလို ရင်ဘတ်တူတဲ့ မိတ်ဆွေမျိုး နောက်ပေါ်ဖို့ သိပ်ရှားတယ် ... သိပ်ဝမ်းသာတယ်ဗျာ ...
တကယ်ပဲဗျာ ... တကယ်ပါပဲ
တကယ့်အမှတ်တရပါပဲ
Cheers!!! ပါဗျာ ... :) ။


လှိုက်လှဲသော

thihanyein said...

ကဗျာလေးကောင်းတယ်ကိုမိုးမြင့်တိမ်ရေ***
ကျနော်ကကိုအိမ်မက်ရှင်မှာပဲ
တင်ထားတယ်ထင်နေတာ**ကိုမိုးမြင့်တိမ်မှာလည်း
တင်ထားတာပဲ**ကောင်းတယ်ဗျာ***
ကျနော်ကလည်း ကိုယ်ကိုယ်တိုင်ကသာ
ကဗျာဆရာမဟုတ်တာ ကဗျာဆရာတွေကို တော့လေးစားတယ်ဗျ***ဘာလို့လည်းဆိုတော့
ကဗျာဆရာဆိုတဲ့လူတွေဟာ ကိုယ့်အတွေးအမြင်
ကိုယ့်ခံယူချက် ကိုယ့်ဆုံးဖြတ်ချက်တွေနဲ့ ရေးတဲ့သူတွေမို
လို့ပဲ***တနည်းအားဖြင့် ကဗျာဆရာ ဆိုတာ
***ပုံစံခွက်ထဲကခုန်ထွက်နိုင်
အောင်ကြိုးစားနေကြတဲ့သူတွေပေါ့ဗျာ**

ခင်မင်လေးစားလျှက်
သီဟညိမ်း

GreenGirl said...

စာပေ မိတ်ဆွေဆိုတာ တန်ဖိုးရှိပါတယ်။ မွန်မြတ်ပါတယ်...
စာပေ မိတ်ဆွေ ခင်မင်ရင်းနှီးမှုတွေ အရှည်သဖြင့် တည်တံ့ပါစေ :)

ညီအကိုများ said...

ရင်ဘတ်တူသူချင်းတွေ့ပြီး..
ထွက်ကျလာတဲ့အနှစ်သာရတွေကို..
ခံစားသွားပါကြောင်း..

လေးစားခင်မင်လျက်..

မိုးကြယ်

တက်လူငယ် said...

ကဗျာပေါင်းမိတ်ဆွေ အို..ကောင်းလှပေ။

ရွှန်းမီ said...

ကဗျာဖတ်ရတာ ပျော်ဖို့ကောင်းပါတယ်။
သူငယ်ချင်းနှစ်ယောက် တူတူရေးကြတာ အမှတ်တရပေါ့..။
ကဗျာပေါင်း မိတ်ဆွေတွေ ပျော်ရွှင်စွာ ဆက်လက်လက်တွဲနိုင်ကြပါစေ..။
ကဗျာများစွာလည်း ဆက်ရေးနိုင်ပါစေ။
အားပေးလျက်ပါ။

Template by - Abdul Munir