Wednesday, April 1, 2009

မျက်နှာဖုံးခွာလိုက်တဲ့သစ်ပင်

အဲဒီသစ်ပင်ပေါ့...
ခြေလက်တွေ သုတ်သင်ခံရတိုင်း
ဘ၀ကို ကျိန်စာတိုက်တိုက်နေတတ်တာ ။

ခြောင်းမြောင်းလုပ်ကြံခံရတဲ့ ရွက်ကြွေတွေအတွက်
ရေသောက်မြစ်ကို အဆက်ဖြတ်ရင်းက
လောကကို လှောင်ရယ်ပစ်လိုက်တယ်
ရင်ဘတ်မှာ အက်ရာတွေထင်ရင်းနဲ့ပေါ့ ။

ဖြစ်တည်ခြင်းကို တိုက်စားခံရရင်း
ပြဌာန်းချက် ခပ်ညစ်ညစ်နဲ့
ဘ၀ထဲကို တိုးဝင်လာခဲ့လိုက်တာ
ရုန်းထွက်ခြင်း ကမ်းပါးရောက်မှ
လကလှောင်ပိတ်ခံထားရမှန်း သိတယ် ။

စွန့်ပစ်ခြင်းခံညနဲ့ အရောင်ချွတ်ခံရတဲ့ဘ၀မှာ
ဂုဏ်သိက္ခာအတွက်တဲ့ ငါ့ရင်ဘတ်မြစ်ထဲ
လူမဆန်တဲ့ဒဏ်ရာတွေ စိုက်သွင်းခဲ့လိုက်ကြ ။

တကယ်တော့...
မြစ်တွေကျယ်ဘို့ အတွက်
သောင်ပြင်အသက်တွေ စတေးခဲ့ရတာ ။

နောက်ဆုံးမှာ...
ချဉ်ဆီလှိုက်တိုင်း ကဗျာတွေထပွင့်တတ်တဲ့ရာသီအရောက်
ဟန်ဆောင်မှုကိုရွံမုန်းသွားတဲ့ သစ်ပင်ဟာ
သူ့မျက်နှာဖုံးကို သူခွာချလိုက်တယ် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.library.uvic.ca မှကူးယူဖော်ပြပါသည်။

11 comments:

ဖိုးမောင်(happycloud) said...

မျက်နှာဖုံးက ခဏခဏ ခွါနေတော့ .. ဘယ်ဟာ မျက်နှာအစစ်လဲတောင်သိတော့ဝူး... ရူးပီ ဘေဘီ...
ဖိုးမောင်

လွမ်းသုရင် said...

ချဉ်ဆီလှိုက်တိုင်း ကဗျာတွေထပွင့်တတ်တဲ့ရာသီ ဆိုပါလား...

အိန္ဒြာ said...

တကယ်တော့...
မြစ်တွေကျယ်ဘို့ အတွက်
သောင်ပြင်အသက်တွေ စတေးခဲ့ရတာ ။

သေသွားတဲ့သောင်တွေက...
ကျယ်လာတဲ့မြစ်တွေကို....
မေး....တယ်.....

ကိုရင်နော်ခင်လေးငယ် said...

ဒီကဗျာ ဖတ်ဖူးသလိုလို..း)

Anonymous said...

မြစ်တွေကျယ်ဘို့ အတွက်
သောင်ပြင်အသက်တွေ စတေးခဲ့ရတာ


မိုက်တယ် အစ်ကို့ ကဗျာတွေဖတ်ရရင် စကားလုံး အဆန်းလေးတွေတော့ကြားလိုက်ရတာပဲ ကျေးဇူးပါ ။

minn thuka said...

တကယ်တော့...
မြစ်တွေကျယ်ဘို့ အတွက်
သောင်ပြင်အသက်တွေ စတေးခဲ့ရတာ
.......

ကြိုက်တယ် အဲဒီစာသားလေး၊၊

မိုးမြင့်အောင် said...

ကြိုက်တယ်ဗျာ

အိုင်လွယ်ပန် said...

နေရာမှန်ပြန်ရောက်သွားပြီပေါ့

ကောင်းတယ်ဗျာ .....

နွေးနွေးသဲမွန် said...

စွန့်ပစ်ခြင်းခံညနဲ့ အရောင်ချွတ်ခံရတဲ့ဘ၀မှာ
ဂုဏ်သိက္ခာအတွက်တဲ့ ငါ့ရင်ဘတ်မြစ်ထဲ
လူမဆန်တဲ့ဒဏ်ရာတွေ စိုက်သွင်းခဲ့လိုက်ကြ <--
ခံစားရတယ်..

flowerpoem said...

ကိုမိုးမြင့်တိမ် ကဗျာလေးလာဖတ်သွားပါတယ်..

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကိုရေ ကောင်းတယ်လို့ အထူးအဆန်းလုပ်ပြီး မပြောတော့ဘူးနော်...

Template by - Abdul Munir