Sunday, March 8, 2009

ဘ၀မုတ်သုံမှာ ညို့တဲ့မိုး

မနေ့ကဆိုတာကို ခ၀ါချ
ဒီနေ့ဆိုတာကို ၀တ်ဆင်
ပစ္စုပန်ကို တစ်ဖက်ကဆုပ်ကိုင်ရင်း
အတိတ်ကို ကျောလွယ်လို့
အနာဂါတ်ဆီသို့ ခရီးထွက်ခဲ့ ။

ဖြတ်သန်းခဲ့ဘူးတယ်...

ဝမ်းနည်းမှု ၀မ်းသာမှု
ချမ်းမြေ့မှု ဆင်းရဲမှု
စွဲလမ်းမှု အသည်းကျွမ်းမှု
အောင်မြင်မှု ဆုံးရှုံးမှု
ခိုင်မြဲမှု ယိုင်လဲမှု
စာနာမှု ရက်စက်မှု
ရှင်သန်မှု ကျရှုံးမှု

အဲဒီ့အမှုတွေနဲ့ ဖြိုချခံနေ့ရက်တွေ
ရွှေရောင်နဲ့ ကွပ်ခဲ့ဘူးတဲ့ဘ၀ဘောင်တွေ
ရွှန်းစိုဝံ့ကြွားတဲ့ မာန်မာနတရားတွေ
သကာထက်ပိုချို ခဲ့ဘူးတဲ့
နားဝင်ပီယံ စကားတွေ
တလက်လက်တမြမြ ဘ၀ရဲ့ရက်ရာဇာတွေ
အခုတော့....
အလွမ်းအဆိပ်ခတ်လို့
ငါ့တပ်မက်မှုတွေ အရောင်မထွက်
ရင်ဘတ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပေါ့ ။

သတိတရ ထုတ်ကြည့်မိတော့
ငါ ခြယ်မှုန်းခဲ့တဲ့ မုတ်သုန်ပန်းချီကား
ဘ၀ရဲ့ အနားသတ် အနောက် တောင်ထိပ်ဘက်မှာ
အသဲ(သည်း)ပျက်မိုးတို့ ညို့ပြန်ပြီ ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.impulsivearts.typepad.com မှ ကူးယူဖော်ပြပါသည်။

10 comments:

အိုင်လွယ်ပန် said...

အလွမ်းတွေ အားကောင်းလှချည်လားဗျာ ....

Anonymous said...

ကိုယ်တိုင် ချယ်မှုန်းခဲ့တဲ့ မုတ်သုန်ပန်းချီကားပေါ်က
ညို့နေတဲ့ အသဲပျက်မိုးတွေ ရွာသွန်းစေလိုက်ပါလား..
ကဗျာဆရာကြီးရယ်..

ဘယ်လောက် လွမ်းစရာကောင်းတဲ့
သံစဉ်တွေများ ကခုန်ကြလေမလဲ...!!

မွေ့ပျော်တတ်မယ်ဆိုရင် ဒါဟာလည်း ကျေနပ်စရာပဲ မဟုတ်ဖူးလား...!!

ဆောင်းယွန်းလ said...

အဲဒီ့အမှုတွေနဲ့ ဖြိုချခံနေ့ရက်တွေ
ရွှေရောင်နဲ့ ကွပ်ခဲ့ဘူးတဲ့ဘ၀ဘောင်တွေ
ရွှန်းစိုဝံ့ကြွားတဲ့ မာန်မာနတရားတွေ
သကာထက်ပိုချို ခဲ့ဘူးတဲ့
နားဝင်ပီယံ စကားတွေ
တလက်လက်တမြမြ ဘ၀ရဲ့ရက်ရာဇာတွေ
အခုတော့....
အလွမ်းအဆိပ်ခတ်လို့
ငါ့တပ်မက်မှုတွေ အရောင်မထွက်
ရင်ဘတ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပေါ့ ။
ကောင်းလွန်းတဲ့ အဖွဲ့အနွဲ့တွေပါလား ညီလေးရေ..
ကဗျာလေးကောင်းတယ်...ကြိုက်လည်းကြိုက်တယ်ညီရာ

Anonymous said...

ကဗျာဆရာရေ..

ကဗျာလေးအရမ်းလှတယ်

ကိုရင်နော်

MANORHARY said...

အလွမ်းတွေဖွဲ့သီရာကို လာသွားတယ်..

Anonymous said...

ထင်တယ်..
ဒီကဗျာဆရာ..
အလွမ်းအော်စကာရထားပုံပါပဲ...
တော်တော်လဲ ချစ်တတ်ရှာပါတယ်..
ကောင်မလေးရေ..
ငါ့မောင်လေးကို..သိပ်မနှိပ်စက်ပါနဲ့ဟာ...

ဘ၀ကို..စကားလုံးလှလှလေးတွေနဲ့..
နာကျည်းပြထားတာလေး..
စကားလုံး..အသွားအလာ..အနှုတ်အသိမ်းလေးတွေ
လှပါတယ်..။

လင်းဒီပ said...

အဲဒီမိုးတွေ စွေလာရင် ဘယ်လိုလုပ်မလဲ ကိုယ့်ဆရာ...

Anonymous said...

ခုမှပဲ ကွန်းမန့်ပေးလို့ရတော့တယ်.. ကဗျာလေးက ဂွတ်၏ လှ၏ နူးညံ့၏ သားကဗျာတွေနဲ့ကွာပါ့..း(

Kaung Kin Ko said...

မိုးတွေညို့ နေပြီလားဗျ။

Anonymous said...

ရင်ထဲထိရောက်သွားတယ်.....ကဗျာထဲမှာကိုရှိနေသလိုဘဲ..လေးစားစွာနဲ့ကူးယူသွားပါတယ်နော်..

Template by - Abdul Munir