Thursday, March 12, 2009

ဝသုန္ဒရေသိသည်

တစ်ကြိမ်တည်းပါဘဲ
ဖြိုချခံကမ်းပါးတို့ ရာဇ၀င်မှာ
စွဲလမ်းမှုသံသရာ အမြစ်ကျွတ်ပါခဲ့ ။

မရွာလိုက်ပါနဲ့ မိုးတိမ်
သိမ်းဝှက်ထိန်ချန်ခဲ့လိုက်တဲ့ ဝေဒနာ
ဗြဟ္မစိုရ်တရားရဲ့ ကျောက်စာမှာထူးခတ်ထားလိုက်ပါ
လေဟာနယ်မှာ ပန်းတို့ ပြန့်ကြဲပါစေ ။

ချည်နှောင်တွယ်ငင်ခြင်းက တိုးထွက်တဲ့သစ်ရွက်မှာ
သွေးကြောနဲ့ဆက်တဲ့ နှလုံးအသက်တွေရှိသေးတယ် ။

ပီမိုးနင်းက ပြောဘူးတယ်
ကမ္ဘာပေါ်မှာ စီပွားရေးဟာ အချစ်ပြီးရင်
အရသာ အရှိဆုံးတဲ့ ဒါဆို
အာဒမ်စားခဲ့တဲ့ ပန်းသီးနဲ့
နယူတန်ရဲ့ ပန်းသီး
ဘယ်အသီးကို ရွေးမလဲ ။

မအိန္ဒြာရဲ့
အဲဒီနေ့မတိုင်ခင် တစ်ရက်အကြောင်း
ကိုမင်းသုခရဲ့
ခုနှစ်ဆယ့်ငါးကျပ်တန်တရွက်ရဲ့ အထ္တုပတ္တိနဲ့
တိုက်စားခံကဗျာ တစ်ပုဒ်အကြောင်း
နားထောင်ရင်းကြားယောင်ရင်း ငါကိုယ်တိုင်က
စိတ်ကူးနဲ့ အိမ်တစ်လုံးဆောက်ခဲ့ ။

တကယ်တော့
မှော်မီးအိမ် ကိုင်ဆောင်ချီတက်သွားကြတဲ့
စေတန်ရဲ့ ကဗျာတပ်မှာ
နှလုံးသားတစ်စုံ ပြုတ်ကျကျန်ခဲ့တာ
ဝသုန္ဒရေဘဲ သိခဲ့တယ် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို profile.myspace.com မှ ကူးယူဖော်ပြပါသည်။

13 comments:

အိန္ဒြာ said...

အင်း.......

စာရေးနိုင်တာ...ကဗျာရေးနိုင်တာ...တော့ တော်တော်ချီးကျူးတယ်..
စကားလုံးတွင်းကိုဖင်ခုထိုင်ထားသလိုပေါ့..ဟုတ်လား

တစ်ကြိမ်တည်းပါဘဲ
ဖြိုချခံကမ်းပါးတို့ ရာဇ၀င်မှာ
စွဲလမ်းမှုသံသရာ အမြစ်ကျွတ်ပါခဲ့ ။

ပြောရရင်...
နောက်ကအပိုဒ်တွေက အဲဒါလေးကိုမှီအောင်လိုက်မပါနိုင်ဘူး..
ဘာပဲဖြစ်ဖြစ်..လှပါတယ်..။

အိုင်လွယ်ပန် said...

စကားလုံး အင်အားတွေ
ကောင်းတယ်ဗျာ .....

ကိုရင်နော်ခင်လေးငယ် said...

ကိုထူးအိမ်သင်က စကားလုံးမရှိတဲ့ကောင်းကင် တဲ့..
ကိုမိုးမြင့်တိမ်ကတော့ စကားလုံးရှိတဲ့ မိုးတိမ်...

စကားလုံးအသစ်အဆန်းတွေကို ကဗျာတိုင်းမှာ တွေ့တွေ့နေရတယ်.. နှစ်သက်တယ်..

အဲ့ဒါပေါ့ ကဗျာဆရာဆိုတာ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

MANORHARY said...

တကယ်တော့
မှော်မီးအိမ် ကိုင်ဆောင်ချီတက်သွားကြတဲ့
စေတန်ရဲ့ ကဗျာတပ်မှာ
နှလုံးသားတစ်စုံ ပြုတ်ကျကျန်ခဲ့တာ
ဝသုန္ဒရေဘဲ သိခဲ့တယ် .........
................
...........
စေတန်ရဲ့ ကဗျာတပ်တဲ့လား
တွေးစရာတွေအရမ်းများသွားတယ်

Minn said...

တစ်ကြိမ်တည်းပါဘဲ
ဖြိုချခံကမ်းပါးတို့ ရာဇ၀င်မှာ
စွဲလမ်းမှုသံသရာ အမြစ်ကျွတ်ပါခဲ့ ။

ချည်နှောင်တွယ်ငင်ခြင်းက တိုးထွက်တဲ့သစ်ရွက်မှာ
သွေးကြောနဲ့ဆက်တဲ့ နှလုံးအသက်တွေရှိသေးတယ် ။

အကြိုက်ဆုံး အပိုဒ်လေး နှစ်ပိုက်ပါ၊
ကဗျာရဲ့ အသက် ကွင်းဆက်လေးကလှလှပပချိတ်မိနေတယ်၊
နောက်ပိုင်း စကားလုံးအား မန်နဲနဲကျသွားတာကလွဲရင်
ကဗျာကောင်းလေးပါ၊၊
ရေးနိုင်ပါ့၊၊

flower.poem said...

ကဗျာလေးလှတယ် ကိုမိုးမြင့်တိမ်...

လင်းဒီပ said...

တစ်ကြိမ်တည်းပါဘဲ
ဖြိုချခံကမ်းပါးတို့ ရာဇ၀င်မှာ
စွဲလမ်းမှုသံသရာ အမြစ်ကျွတ်ပါခဲ့ ။...

ဟားဟ...လုပ်ပြီ..

GreenGirl said...

ခေါင်းစဉ်ကိုတော့ တော်တော်စိတ်ဝင်စားတယ်။

အာဒမ်စားခဲ့တဲ့ ပန်းသီးနဲ့
နယူတန်ရဲ့ ပန်းသီး
ဘယ်အသီးကို ရွေးမလဲ ။

လဲ့လဲ့ကတော့ ဘယ်ပန်းသီးမှ မရွေးဘူး။ ၂ခုလုံးက လူတွေကို ရူးစေခဲ့တဲ့ အသီးတွေ :(

ဆောင်းယွန်းလ said...

ပီမိုးနင်းက ပြောဘူးတယ်
ကမ္ဘာပေါ်မှာ စီပွားရေးဟာ အချစ်ပြီးရင်
အရသာ အရှိဆုံးတဲ့ ဒါဆို
အာဒမ်စားခဲ့တဲ့ ပန်းသီးနဲ့
နယူတန်ရဲ့ ပန်းသီး
ဘယ်အသီးကို ရွေးမလဲ...

ကဗျာလေးဖတ်ရတာ အရသာရှိလိုက်တာညီလေးရာ..
လေးလေးနက်နက်လည်း စဉ်းစားသွားရတယ်

Heartmuseum said...

ဟေ့လူ တပုဒ်ဆိုတပုဒ်ဗျာ....ကောင်းလိုက်တာ။

ရွှေပြည်သူ said...

“ပီမိုးနင်းက ပြောဘူးတယ်
ကမ္ဘာပေါ်မှာ စီပွားရေးဟာ အချစ်ပြီးရင်
အရသာ အရှိဆုံးတဲ့ ဒါဆို
အာဒမ်စားခဲ့တဲ့ ပန်းသီးနဲ့
နယူတန်ရဲ့ ပန်းသီး
ဘယ်အသီးကို ရွေးမလဲ။”

ကိုမိုးမြင့်တိမ်ရေးတဲ့ ကဗျာကောင်းတယ်လို့ အထူးအဆန်းလုပ်ပြီး မပြောတော့ဘူးနော် အစ်ကိုရေ...

Anonymous said...

စိတ်ကူးနဲ့ အိမ်တစ်လုံးဆောက်----?

ဝသုန္ဒရေ----??
ဝသုန္ဒရေ----???

ဘယ်သူလဲဟင်----????

| မောင် |

ညီအကိုများ said...

ကိုယ့်ဆရာ လန်းတယ်ဗျာ..
အဖွဲ့လေးတွေကြိုက်တယ်ဗျို့..

ခင်မင်လေးစားလျက်
မိုးကြယ်

Template by - Abdul Munir