Monday, March 16, 2009

ကဗျာ

ဗျာပါဒတရားနဲ့ ကပြခဲ့တဲ့ဇာတ်ခုံ
ဆူကြုံနိမ့်မြင့် အဆင်းအတက်တစ်ဖုံ
ရင်နင့်ခံစား အမှန်တရားအတွက်တစ်သွယ်
တက်ကြွရွှင်လန်း ရွှေလမ်းကတစ်နည်း
ဖြစ်ပြီးပျက်သုဉ်း ဓါတ်သဘာဝအဆုံး
တွေ့ကြုံဆုံရ ဘ၀များစွာထဲမှာ
ဒါဟာ...ကဗျာ ။

ရုတ်သိမ်းသလိုနဲ့ ကြွေကျတဲ့သစ်ခက်
ချုပ်ထိန်းသလိုနဲ့ အခြေမကျတဲ့စိတ်ဓါတ်
တပ်မက်မှုနဲ့ဂုဏ်သိက္ခာ
အချိုးမကျနိုင်တော့တဲ့အခါ
ဒါဟာ...ကဗျာ ။

အမြင့်တက်သူတို့ မှော်ကွန်းမှာ
အောက်ဆုံးဟာ အခြေခံဖြစ်ပေမယ့်
တစ်ချို့ တစ်ချို့
ရင်ဘတ်တွေကို နင်းရင်း
တစ်ချို့ တစ်ချို့
အသက်ကို နှင်းရင်း
တစ်ချို့ တစ်ချို့
ဘ၀တွေကို ရင်းရင်း
သီလတွေဖျားတဲ့ အခါ
ဒါဟာ...ကဗျာ ။

ရင့်ကြူးလိုက်ကျ ပွင့်ဖူးလိုက်ကျ
ဝေပြလိုက်ကျ မြေခလိုက်ကျ
တံဆိပ်ခတ်လိုက်ကျ နိမိတ်ဖတ်လိုက်ကျ
ရုန်းကန်လိုက်ကျ ပြုံးပြန်လိုက်ကျ
ဒီလိုနဲ့...
တစ်ထောက်တစ်ကွေ့ နားကြရင်း
ဝိညာဉ်နဲ့ခန္ဓာ ကွဲကာ
ဝသုန်မြေကို အပေါက်ဖောက်
အစာကျွေးခြင်း ပွဲတော်မှာ
ပို့ဆောင်သူတို့ရဲ့ မျက်နှာ
ဒါဟာ...ကဗျာ ။

နက်သထက်နက်ခဲ့တဲ့ ဘ၀တွေ
နင်းသထက်နင်းချင်တဲ့ ဘ၀တွေ
မညီမျှခဲ့တဲ့ လူတန်းစားတွေ
အစာရှာထွက်နေတဲ့ အစာအိမ်တွေ
မြက်ပေါက်နေကြတဲ့ လျှာတွေ
မနက်ညပေါင်းသွားတဲ့ တနပ်စာတွေ
ပြားချပ်နေတဲ့ အိပ်ကပ်တွေ
ကားနဲ့ပြိုင်တဲ့ ခြေထောက်တွေ
တုန်ရီနေတတ်တဲ့ ကဗျာဆရာရဲ့လက်တွေ
တပ်မက်စွာစကားလုံးတွေ ဆုပ်ကိုင်ရင်း
ငိုခြင်းနဲ့စ ၀မ်းနည်းခြင်းနဲ့ဆုံးတဲ့ဇာတ်မှာ
ကိုယ့်ပြကွက် ကိုယ်သတ်မှတ်ကြတဲ့အခါ
ဒါဟာ...ကဗျာ ။

ဘ၀များစွာထဲက ကဗျာ
ကဗျာများစွာထဲက ဘဝ
အစ အလယ် အဆုံး
ညီမျှခြင်းချရင်း ထွက်ခဲ့တဲ့အဖြေမှာ
ဒါဟာ...ကဗျာ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်ဖော်ပြပါပုံကို www.flickr.com မှ ကူးယူဖော်ပြပါသည်။

16 comments:

ကောင်းကင်ပြာ said...

အဓိပ္ပါယ်တွေ၊ ခံစားမှုတွေနဲ့ေ၇းဖွဲ့ ထားတဲ့ ကဗျာလေး ထပ်တူ ခံစားပီး ဖတ်သွားတယ်နော်

Anonymous said...

ကဗျာဆရာ..
ဒါဆို ကျုပ်တို့ ကဗျာတွေနဲ့ နေ့စဉ်ခရီးဆက်နေတယ် ဆိုတဲ့ သဘောလား။ ဘ၀တွေဟာ ကဗျာအဖြစ်ပုံစံအမျိုးမျိုးနဲ့ နှလုံးသားမှာ ဖွဲ့သီနေကြတာကိုး။

ကိုရင်နော်ခင်လေးငယ် said...

သီလတွေဖျားတဲ့ အခါ
ဒါဟာ...ကဗျာ ။

ငိုခြင်းနဲ့စ ၀မ်းနည်းခြင်းနဲ့ဆုံးတဲ့ဇာတ်မှာ
ကိုယ့်ပြကွက် ကိုယ်သတ်မှတ်ကြတဲ့အခါ
ဒါဟာ...ကဗျာ ။

ဟုတ်တယ်..
အရာအားလုံးဟာ ကဗျာတွေပဲနော်...

နောက်ဆုံးတော့ အသေချာဆုံးက
ကဗျာကိုယ်တိုင်ဟာလည်း ကဗျာဖြစ်လို့နေလေမလား..

ခင်မင်တဲ့...

ဆောင်းယွန်းလ said...

ရင့်ကြူးလိုက်ကျ ပွင့်ဖူးလိုက်ကျ
ဝေပြလိုက်ကျ မြေခလိုက်ကျ
တံဆိပ်ခတ်လိုက်ကျ နိမိတ်ဖတ်လိုက်ကျ
ရုန်းကန်လိုက်ကျ ပြုံးပြန်လိုက်ကျ
ဒီလိုနဲ့...
တစ်ထောက်တစ်ကွေ့ နားကြရင်း
ဝိညာဉ်နဲ့ခန္ဓာ ကွဲကာ
ဝသုန်မြေကို အပေါက်ဖောက်
အစာကျွေးခြင်း ပွဲတော်မှာ
ပို့ဆောင်သူတို့ရဲ့ မျက်နှာ
ဒါဟာ...ကဗျာ ။

ကဗျာဆရာရင်ထဲက ထွက်လာတဲ့ အနက်ရှိုင်းဆုံး ခံစားချက်တွေပါပဲ....အဲဒီခံစားချကိတွေကပဲ ကဗျာဖြစ်နေခဲ့လေတယ် ညီလေးရေ....

Anonymous said...

ကဗျာထဲမှာ ဘ၀တွေမြင်ရတယ် ... ဖတ်ရင်းနဲ့မောလာတယ် ... မောရင်းနဲ့ဆုံးအောင်ဖတ်သွားတယ် ... ပြီးတော့အတွေးတွေနယ်ချဲ့သွားပါတယ် ....

Anonymous said...

ဝိညာဉ်နဲ့ခန္ဓာ ကွဲကာ
ဝသုန်မြေကို အပေါက်ဖောက်
အစာကျွေးခြင်း ပွဲတော်မှာ
ပို့ဆောင်သူတို့ရဲ့ မျက်နှာ
ဒါဟာ...ကဗျာ ။
It is certainly true!!!

HAPPY CLOUD said...

ကောင်းတယ်ကွာ... တကယ်လူပါလန်ထွက်လာတယ်ဆိုတာ ဒီလိုကဗျာမျိုးနှင့် ပြောလို့ရသွားပီ
ဖိုးမောင်

Anonymous said...

လုပ်လှချည့်လာ..ဆရာလေး..

အစ်မလဲ ချာတိတ်တုန်းကကဗျာလေးတစ်ပုဒ်ရေးဖူးတယ်
ကဗျာဆိုတာ..ရှင်သန်ခြင်းရဲ့ အဟာရ
နှလုံးသားရဲ့မန္တန် ရင်ခုန်သံရဲ့စည်းချက်...
လို့အစချီပြီး...
ကဗျာနဲ့ပတ်သက်တာတွေကိုစီပြီးရေးချခဲ့ဖူးတယ်..။
(အဲဒါပဲမှတ်မိတော့တယ်..)
အခု ကဗျာဆရာရေးတဲ့ ကဗျာကတော့..
နောက်ထပ်ပြောစရာမရှိတော့လောက်အောင်
လှပပြည့်စုံပါပေတယ်..။
(ကဗျာကို...ကဗျာဆန်နေအောင်ရေးတတ်သလို
လူလေးကလည်းကဗျာဆန်ဆန်လေးရယ်....နော်)

အိုင်လွယ်ပန် said...

ကဗျာ ထဲက ကဗျာ ကို
လာနှိုက်သွားတယ်ဗျ ....

Unknown said...

ဟေ့လူ ပြောချင်တော့ဘူး....
ဘယ်လိုများရေနေတယ်မသိ.... ဒီတပုဒ်လဲ ကြိုက်တာပဲ။
ကောင်း၏။ ထုတ်နှုတ်ပြီး မပြောတော့ စလယ်ဆုံး ကောင်း၏။

ညီအကိုများ said...

အကောင်းဆုံးဗျာ.. စကားလုံးတိုင်းကဗျာပေါ့ဗျာ... လေးစားတယ်..

ခင်မင်လေးစားလျက်
မိုးကြယ်

Unknown said...

အရမ်းကောင်းပါတယ် ဘယ်လိုတွေတွေးလဲတော့မသိဘူး
ခင်မင်လေးစားလျှက်

Unknown said...

ဒီကဗျာ လေး ဆိုဒ်တစ်ခုထည်းမှာ တွေ့လို့
ပြန်ပြေးပြီး မူရင်း ပိုင်ရှင်
အကိုဆီ ပြန်လာဖတ်တာ..
တော်တော် လေး ကြိုက်တယ်ကျွန်တော်လည်း
မှက်ထား လိုက်ပြီ အကို..
. ခင်မင်လေးစားလျှက်.
(ဒုတိယ)

John said...

အ၇မ်းကောင်းပါတယ် အကို
အောင်မြင်ပါစေ
အားပေးလျက်

ု့ခေတ်လမင်း said...

အရမ်းကောင်းပါတယ် လေးစားတယ်

Anonymous said...

like

Template by - Abdul Munir