Wednesday, March 25, 2009

သဂြိုင်္ဟ်ခြင်း

စိတ်ကိုက တစ်ခါတစ်ခါ
ထထပွင့်တတ်တဲ့ ရာသီပန်းလိုမျိုး ။

ရင်ကိုဖောက်တဲ့ မှော်ဘီလူးလက်တွေ
အစွမ်းထက်နေလိုက်ပုံများ...

နေ့ရက်တွေကို အစိမ်းရောင်ခြယ်ကြည့်တော့
ပြက္ခဒိန်ဆိုတာ ငါတို့တည်ရှိရာကို မညွှန်းဆိုဘူး ။

ကံကြမ္မာတဲ့
ဘ၀တွေကို နင်းချေလိုက်ပုံများ
အတင့်ရဲလွန်းနေလိုက်တာ...

ပြိုကျကမ်းပါးတွေရဲ့ ရာဇ၀င်တွေအောက်မှာဘဲ
အနင်းခံဘ၀တွေ ပျောက်ပျောက်သွားခဲ့ပေါ့ ။

ကြေးနီရောင်တောက်တဲ့ မျက်နှာ
ကျောက်သားဖြစ် ပုခုံးနဲ့
ကျောပြင်မှာ လမိုက်တဲ့ဘ၀တွေရဲ့ရင်ဘတ်ထဲ
သံယောဇဉ်စိုက်ဝင်ရင်း တန်းလန်းနဲ့
ကြမ်းကြမ်းတမ်းတမ်းဘဲ ဖြတ်သန်းလိုက်တယ် ။

တစ်ခါတစ်ရံမှာ လူယောင်ဆောင်လိုက်တာကလွဲလို့
ဘ၀ကို ဘ၀နဲ့ဖမ်းဆုပ်နေရတာလည်း
မောပန်းလွန်းနေခဲ့ပြီ ။

ဇာတာနိမ့်လို့ တောင်းစားတဲ့ဘ၀တွေကိုတောင်
လှောင်ပြောင်တဲ့ လူတွေရှိနေကြမှတော့
ငါလေ....
စကားလုံးတစ်ချို့ကို သဂြိုင်္ဟ်ပစ်လိုက်တယ် ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.ian-upton.com မှကူးယူဖော်ပြပါသည်။

13 comments:

Anonymous said...

စိတ်တွေက ပန်းတွေမို့
ကြွေလွယ် ပျက်လွယ် ...
မှော်လက်တွေရဲ့ ရင်ဖောက်သံက
တိုးတိုးတိတ်တိတ် ...
လှမ်းမျှော်ကြည့်လိုက်တယ် ...
တကယ်က ကာလဆိုတာ ပြက္ခဒိန်ထဲက
လူတွေက သတ်မှတ်ချက် ...
ကျွန်တော်တို့ရဲ့ ရာဇ၀င်တွေကို
အမှတ်မထင်မို့ နင်းမိတာလား ...
ရင်ဝက သံယောဇဉ်ဓါးလွတ်ကို နှုတ်ယူပေးပါရစေ
ဒဏ်ရာကတော့ တဖြည်းဖြည်းနဲ့ ပျောက်ကင်းရင်တောင်
အမာရွတ်ဆိုတာ ...
ဟင်း .... (သက်ပြင်းချသံ)
လူ ကိုယ်တိုင် လူယောင်ဆောင်တဲ့ဇာတ်ကို
မိုးအလင်း ထိုင်ကြည့်ခဲ့တာ
အားလုံး ပွဲပြီးလို့ ထ ပြန်ချိန်မှာ ...
အရာရာက မီးခိုးပြာတွေဖြစ်လို့ ... ဖြစ်လို့ ...
စကားလုံးတွေတင် မကပါဘူးဗျာ ...

GreenGirl said...

သဂြိုဟ်ရတာ ၀ါသနာပါတယ်လား။
ဒီစာလုံးကို အရင်တခါလည်း တွေ့ဖူးသလိုပဲ :P
နေ့ရက်တွေကို ဘာလို့ အစိမ်းရောင်ခြယ်ကြည့်တာလဲ
အစိမ်းရောင် ညီမလေးကို တော်တော်ချစ်လို့ဖြစ်မယ် :)
လျှောက်စနေတာ စိတ်ဆိုးနဲ့နော်။ ငါ့အစ်ကို ကဗျာတွေက စကားလုံးနဲ့ ဖိသတ်လို့ရတယ်။

Anonymous said...

ဇာတာနိမ့်လို့တောင်းစားနေတာကို...
လှောင်ပြောင်ချင်လောက်တဲ့အထိ
နိမ့်ပါးနေတဲ့ စိတ်ဓါတ်တွေကို..
စာရင်းထည့်မနေနဲ့...မောင်လေး....

ပြိုကျကမ်းပါးတွေရဲ့ ရာဇ၀င်တွေအောက်မှာဘဲ
အနင်းခံဘ၀တွေ ပျောက်ပျောက်သွားခဲ့ပေါ့ ။

ဟုတ်လိုက်လေ...

ကဗျာဆရာရေ....
ကဗျာတစ်ပုဒ်လုံးမှာ...
အဲဒီ့စကားလုံးတွေက..
အထိဆုံးပဲ....။

Anonymous said...

အမြင့်.... တစ်ယောက်က “မောင်....ရယ်” ဆိုပါ့လား။ အွန်လိုင်းမှာ ပြောတုန်းက အပုန်းဆို.. အခုတော့ အကိတ်ဖြစ်နေပါ့လား။ :D

ကိုရင်နော်ခင်လေးငယ် said...

အမြင့်ရေ...

ကဗျာလေး လာခံစားတာ ဘယ့်နှယ်..
မောင်..ရယ် နဲ့လာတိုးနေရတာတုန်း..?

ဘုရား..! ဘုရား..!!
မိနော် နဲ့ မိုးမိုး ရင်ကိုခွဲ အသည်းကိုထုတ်ပြီးသာ
သင်္ဂြိုလ် လိုက်ပါတော့လား အမြင့်ရယ်..

ချစ်ခင်စွာဖြင့် မနောက်ရမနေနိုင် ဗီဇအတိုင်း..
:P

အိုင်လွယ်ပန် said...

အင်း ...
သဂြိုလ်ပြီးကျန်တဲ့ စကားလုံးတွေကတင်
တော်တော်ကောင်းနေပြီ ....

MANORHARY said...

Great !!!

နွေးနွေးသဲမွန် said...

နေ့ရက်တွေကို အစိမ်းရောင်ခြယ်ကြည့်တော့
ပြက္ခဒိန်ဆိုတာ ငါတို့တည်ရှိရာကို မညွှန်းဆိုဘူး ။

ကံကြမ္မာတဲ့
ဘ၀တွေကို နင်းချေလိုက်ပုံများ
အတင့်ရဲလွန်းနေလိုက်တာ...<-- ကြိုက်တယ်... :-)

မိုးမြင့်အောင် said...

အပြင်းစားတွေကို အမြဲနှစ်သက်တယ် အကောင်းစားတွေလဲဖြစ်တယ် ဖတ်သွားတယ်

ရွှန်းမီ said...

ကဗျာက သိပ်ကောင်းတယ်.. အရမ်းခံစားလိုက်ရပါတယ်။

Anonymous said...

စကားလုံးတွေ ပြောင်မြောက်လှပနေတယ်။
ကဗျာဆရာရဲ့ ခံစားချက်တွေကအတိုင်းမသိလွင့်လို့

Anonymous said...

“တစ်ခါတစ်ရံမှာ လူယောင်ဆောင်လိုက်တာကလွဲလို့
ဘ၀ကို ဘ၀နဲ့ဖမ်းဆုပ်နေရတာလည်း
မောပန်းလွန်းနေခဲ့ပြီ ။” ဖတ်ရင်းနဲ့တကယ်ကိုမောလာတယ် ....

Anonymous said...

ကံကြမ္မာတဲ့
ဘ၀တွေကို နင်းချေလိုက်ပုံများ
အတင့်ရဲလွန်းနေလိုက်တာ...

သူက နင်းရုံတင်မဟုတ်ဘူး အစ်ကိုရေ့ မြေနိမ်ရာလှံစိုက်တတ်သလို ကြောက်ပါတယ်ဆိုမှ ပြူးပြတယ်ဆိုသလိုပဲ ။
လူ့ဘ၀ကြီးကို ဟန်ဆောင်ကမ္ဘာ အသေးစားများလို့တောင်ထင်မိတယ် မောနေတာကြာလှပေါ့ ။

Template by - Abdul Munir